Genesis 25

Genesis 25:1

အာဗြဟံသည် မိမိဇနီးစာရာ သေဆုံးပြီးသောအခါ မည်သို့ပြုသနည်း။

အာဗြဟံသည် ကေတုရအမည်ရှိသော မိန်းမနှင့်အိမ်ထောင်ပြုပါသည်။

Genesis 25:5

အာဗြဟံသည် မိမိစည်းစိမ်တို့ကို မည်သို့ခွဲဝေသနည်း။

အာဗြဟံသည် မယားငယ်၏သားတို့အား ဆုလက်ဆောင်များပေး၍၊ သူပိုင်ဆိုင်သမျှအားလုံးကို ဣဇာက်အား ပေးပါသည်။

Genesis 25:7

အာဗြဟံသည် မည်မျှ အသက်ရှင်သနည်း။

အာဗြဟံသည် အသက်တရာခုနစ်ဆယ့်ငါးနှစ် အသက်ရှင်ပါသည်။

Genesis 25:9

အာဗြဟံကို မည်သူ သင်္ဂြိုလ်သနည်း။

အာဗြဟံကို ဣဇာက်နှင့် ဣရှမေလတို့က သင်္ဂြိုလ်ကြပါသည်။

Genesis 25:17

ဣရှမေလ၏သား တဆယ့်နှစ်ယောက်သည် အချင်းချင်းမည်သို့နေကြသနည်း။

ဣရှမေလ၏သား တဆယ့်နှစ်ယောက်သည် အချင်းချင်းရန်လိုလျက်ရှိနေကြပါသည်။

Genesis 25:21

ရေဗက္က၌ ကလေးမရခြင်းကြောင့်ဣဇာက်မည် သို့ပြုသနည်း။

ရေဗက္ကအတွက် ဣဇာက်သည် ထာဝရဘုရားထံဆုတောင်းပါသည်။ ထာဝရဘုရားသည် နားထောင်လျက်ရေဗက္ကအား ကိုယ်ဝန် ရရှိစေပါသည်။

Genesis 25:23

ရေဗက္က၏ ဝမ်းအတွင်း၌ ရှိသောသားနှစ်ယောက်နှင့်ပတ်သက်၍ ထာဝရဘုရားသည် မည်သို့ပြောသနည်း။

ထာဝရဘုရားသည် ရေဗက္က၏ ဝမ်းအတွင်း၌ရှိသောလူမျိုးနှစ်မျိုးအနက် လူမျိုးတမျိုးသည် အခြားလူမျိုးတမျိုးထက် အားကြီး၍ သားအကြီးသည် သားအငယ်ထံ ကျွန်ခံရလိမ့်မည်ဟု ပြောပါသည်။

Genesis 25:24

မည်သူသည် အရင်မွေး၍ မည်သည်နှင့်တူသနည်း။

ဧသောသည် အရင်မွေး၍ ကိုယ်လုံးနီလျက် တကိုယ်လုံးကို အမွေးနှင့်ဖုံးသောအဝတ်နှင့်တူပါသည်။

မည်သူသည် ဒုတိယမွေး၍ မည်သို့ပြုလျက်မွေးလာသနည်း။

ယာကုပ်သည် ဒုတိယမွေး၍ ဧသော၏ ခြေဖနောင့်ကို ကိုင်လျက်မွေးလာပါသည်။

Genesis 25:27

ဧသောသည် မည်သို့သော လူစားမျိုးဖြစ်သနည်း။

ဧသောသည် တော၌ကျင်လည်လျက် လိမ္မာသော တောမုဆိုးဖြစ်ပါသည်။

ယာကုပ်သည် မည်သို့သော လူစားမျိုးဖြစ်သနည်း။

ယာကုပ်သည် တဲ၌နေ၍ တိတ်ဆိတ်လျက် စိတ်ကောင်းရှိသူဖြစ်ပါသည်။

ဣဇာက်သည် မည်သူကိုချစ်၍ ရေဗက္ကသည် မည်သူကို ချစ်သနည်း။

ဣဇာက်သည် ဧသောကိုချစ်၍ ရေဗက္ကသည် ယာကုပ်ကို ချစ်ပါသည်။

Genesis 25:29

ဧသော၏ အခြားနာမည်မှာ အဘယ်နည်း။

ဧသော၏ အခြားနာမည်မှာ ဧဒုံဖြစ်ပါသည်။

Genesis 25:31

ဧသောသည် ဆာသောကြောင့် နီသောအစာကိုစားလို သည့်အတွက် ယာကုပ်က မည်သည့်အရာနှင့် လဲရန် ပြောသနည်း။

ယာကုပ်က ဧသောအား မုန့်နှင့် ပဲဟင်းကို သားဦးအရာနှင့်လဲလှယ်ရန် ပြောပါသည်။

ယာကုပ်၏ ကမ်းလှမ်းမှုကို ဧသောက မည်သို့တုံ့ပြန်သနည်း။

ဧသောက ကျိန်ဆိုခြင်းကိုပြုလျက် သားဦးအရာကို ယာကုပ်အား ရောင်းလိုက်ပါသည်။

ယာကုပ်၏ ကမ်းလှမ်းမှုကို ထိုနည်းလမ်းဖြင့် တုံ့ပြန်သောအခါ ဧသောသည် သူ၏သားဦးအရာကို မည်သို့သဘောထားနည်း။

ယာကုပ်၏ ကမ်းလှမ်းမှုကို ထိုနည်းလမ်းဖြင့် တုံ့ပြန်သောအခါ ဧသောသည် သူ၏သားဦးအရာကို အထင်အမြင်သေးသော သဘောထားရှိပါသည်။