Genesis 24

Genesis 24:1

အာဗြဟံက သူ၏ အသက်အကြီးဆုံးသော အစေခံအားမည်သည့် ကျိန်ဆိုမှုကိုပြုသနည်း။

အာဗြဟံက သူ၏ အသက်အကြီးဆုံးသော အစေခံအား သူ့သားဣဇာက်အတွက် သူ့အမျိုးသားများထံမှ မိန်းမကိုယူစေဖို့ ကျိန်ဆိုမှုကိုပြုလုပ်စေသည်။

Genesis 24:5

အာဗြဟံက ဣဇာက်အတွက် မည်သို့မပြုလုပ်ရန် အစေခံအား တိုက်တွန်းသနည်း။

အာဗြဟံက သူထွက်လာသော ပြည်သို့ ဣဇာက်အားခေါ်မသွားရန် အစေခံအား တိုက်တွန်းပါသည်။

Genesis 24:12

အာဗြဟံ၏ အစေခံသည် ဣဇာက်အတွက် ဘုရားသခင်ရွေးကောက်သော အမျိုးသမီးသည် မည်သို့ဖြစ်စေရန်ဘုရားသခင် ပြုလုပ်ပြသပေးဖို့ တောင်းလျှောက်သနည်း။

အစေခံက ထိုအမျိုးသမီးသည် သူသောက်ရန် ရေဗူးကို ချပေးပါဟုပြောလျှင် သူမက ရေကိုသောက်ပါ၊ သင်၏ ကုလားအုပ်ကိုလည်းတိုက်ပါဟု ပြောသောသူမကို ပြသပေးဖို့ တောင်းလျှောက်ပါသည်။

Genesis 24:15

ရေဗက္ကသည် အာဗြဟံနှင့် မည်သို့ အမျိုးတော်စပ်သနည်း။

ရေဗက္ကသည် အာဗြဟံ၏ အစ်ကိုနာခေါ်၏ မြေးမအဖြစ်အမျိုးတော်စပ်ပါသည်။

Genesis 24:17

အာဗြဟံ၏ အစေခံက ရေတိုက်ရန်ပြောသောအခါ၊ ရေဗက္ကက မည်သို့ပြုသနည်း။

ရေဗက္ကသည် အစေခံအား ရေကိုတိုက်ပါသည်။

Genesis 24:19

ရေဗက္ကသည် အစေခံအားသောက်ရန် ရေကိုပေးပြီးနောက် သူမက မည်သို့ပြောသနည်း။

ရေဗက္ကသည် အစေခံအားသောက်ရန်ရေကိုပေးပြီးနောက် သူမက သင်၏ကုလားအုပ်တို့ကိုလည်း ဝလင်စွာရေတိုက်ရန် ရေသွားခပ်ဦးမည်ဟု ပြောပါသည်။

Genesis 24:26

အစေခံက ရေဗက္ကသည် အာဗြဟံ၏အမျိုးတော်စပ်သည်ကို ကြားသိရပြီး၊ ထိုည၌သူမ၏မိသားစုများနှင့်အတူ နေသည့်အခါ သူသည်မည်သို့ပြုသနည်း။

အစေခံသည် ထာဝရဘုရားရှင်အား ကိုးကွယ်ဝတ်ပြု၍ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

Genesis 24:31

လာဗန်သည် အာဗြဟံ၏ အစေခံကိုတွေ့သောအခါ သူသည် မည်သို့ပြုသနည်း။

လာဗန်သည် အာဗြဟံ၏ အစေခံအား သူ၏အိမ်၌ နေရန်ဖိတ်ခေါ်ပါသည်။

Genesis 24:33

အာဗြဟံ၏ အစေခံသည် အစာမစားမီ မည်သို့ပြုလုပ်သနည်း။

အာဗြဟံ၏ အစေခံသည် အစာမစားမီ သူသည် မည်သည့်အတွက်ကြောင့်လာရသည်ကို ပြောဆိုပါသည်။

Genesis 24:39

အစေခံသွားရမည့် ခရီးလမ်းကိုမည်ကဲ့သို့ ပြသမည်ဟု အာဗြဟံကပြောသနည်း။

အာဗြဟံက ထာဝရဘုရားသည် ကောင်းကင်တမန်ကိုအစေခံနှင့်အတူ စေလွှတ်ခြင်းဖြင့် ခရီးလမ်းကို ပြသမည်ဟုပြောပါသည်။

Genesis 24:47

ရေဗက္ကသည် အာဗြဟံနှင့်အမျိုးတော်စပ်သည်ကိုကြားသောအခါ အစေခံသည် သူမအား မည်သည်ကိုပေးသနည်း။

အစေခံသည် ရေဗက္ကအား မျက်နှာ၌ နှာဆွဲကိုလည်းကောင်း၊ သူ၏ လက်၌လက်ကောက်ကိုလည်းကောင်း ပေးခဲ့သည်။

Genesis 24:50

အစေခံက ရေဗက္ကနှင့်ပတ်သက်၍ လာဗန်နှင့်ဗေသွေလတို့အား မေးသောအခါ သူတို့က မည်သို့ဖြေသနည်း။

လာဗန်နှင့်ဗေသွေလတို့က ရေဗက္ကကိုခေါ်ဆောင်သွား၍ အာဗြဟံ သား၏မိန်းမဖြစ်စေပါဟု အစေခံအား ဖြေပါသည်။

Genesis 24:52

လာဗန်နှင့်ဗေသွေလတို့ထံမှ အဖြေကိုကြားသောအခါ အာဗြဟံ၏ အစေခံသည် မည်သို့ပြုသနည်း။

အစေခံသည် ထာဝရဘုရားအား ဦးညွှတ်ပြီးလျှင် လက်ဆောင်များကို ရေဗက္ကနှင့် သူမ၏ မောင်နှင့် မိခင်တို့အား ပေးပါသည်။

Genesis 24:54

သူတို့သည် နောက်တနေ့ နံနက်အိပ်ယာထသောအခါ ရေဗက္က၏ မောင်နှင့်မိခင်တို့က အစေခံအား မည်သို့ လုပ်ဆောင်စေလိုသနည်း။

သူတို့သည် နောက်တနေ့နံနက်အိပ်ယာထသောအခါ ရေဗက္က၏မောင်နှင့်မိခင်တို့က အစေခံအား သူတို့နှင့်အတူ ဆယ်ရက်ခန့် နေစေလိုကြသည်။

Genesis 24:56

အာဗြဟံ၏ အစေခံက သူသည် ယခုပင်သွားမည်ဟု ပြောသောအခါ ရေဗက္ကသည် မည်သို့ပြုလိုသည်ဟု ပြောသနည်း။

ရေဗက္ကက သူမသည် အစေခံနှင့်အတူ ယခုပင် သွားလိုပါသည်ဟုပြောသည်။

Genesis 24:59

ရေဗက္ကသည် အစေခံနှင့်လိုက်သွားရာ၌ သူမ၏ မိသားစုများသည် သူမအား မည်သို့ကောင်းချီးပေးသနည်း။

ရေဗက္က၏ မိသားစုများက သူမအား ထောင်၊ သောင်း၊သိန်းမကသော သူတို့၏ အမိဖြစ်စေရန်နှင့် သူမ၏ အမျိုးအနွယ်တို့သည် ရန်သူတို့၏ တံခါးများကို အုပ်စိုးရစေရန် ကောင်းချီးပေးကြပါသည်။

Genesis 24:63

ရေဗက္ကလာနေသောအခါ ဣဇာက်သည် မည်သို့ပြုနေသနည်း။

ဣဇာက်သည် ဆင်ခြင်ရန်တောအရပ်သို့ ထွက်သွားပါသည်။

ရေဗက္ကသည် ဣဇာက်ကို မြင်သောအခါ မည်သို့ပြုသနည်း။

ရေဗက္ကသည် ဣဇာက်ကို မြင်သောအခါ ကုလားအုပ်ပေါ်မှဆင်းပြီး သူမ၏မျက်နှာဖုံးကို ယူ၍ ဖုံးပါသည်။

Genesis 24:66

အာဗြဟံ၏ အစေခံသည် မိမိပြုခဲ့သမျှအားလုံးကိုပြန်ပြောပြီးသောအခါ ဣဇာက်က မည်သို့ပြုသနည်း။

ဣဇာက်သည် ရေဗက္ကကို မိခင်၏တဲသို့ ခေါ်သွားပြီးလျှင် မိမိမိန်းမအဖြစ် အိမ်ထောင်ပြုပါသည်။