Genesis 23

Genesis 23:1

စာရာသေဆုံးသောအခါ အာဗြဟံသည် မည်သို့ပြုသနည်း။

စာရာသေဆုံးသောအခါ အာဗြဟံသည် ညည်းတွားငိုကြွေးပါသည်။

Genesis 23:3

အာဗြဟံသည် ဟေသအမျိုးသားတို့အား မည်သို့တောင်းဆိုသနည်း။

အာဗြဟံက ဟေသအမျိုးသားတို့ ပိုင်ဆိုင်သော သင်္ချိုင်းကို သုံးခွင့်ပြုရန် တောင်းဆိုပါသည်။

Genesis 23:5

အာဗြဟံ တောင်းဆိုသည်ကို ဟေသအမျိုးသားတို့ကမည်သို့ တုံ့ပြန်သနည်း။

ဟေသအမျိုးသားတို့က အာဗြဟံ စိတ်ကြိုက်သင်္ချိုင်းကိုရွေး၍ အသေကောင်ကို သင်္ဂြိုဟ်စေပါသည်။

Genesis 23:10

အာဗြဟံက သင်္ချိုင်းကို ဟိတ္တိအမျိုးသား ဧဖရုန်၏မြေတွင်း၌ ပြုလုပ်ရန်ပြောသောအခါ ဧဖရုန်က မည်သို့တုံ့ပြန်သနည်း။

ဧဖရုန်က သူ၏ လယ်ပြင်အစွန်းရှိ လယ်ပြင်နှင့်မြေတွင်းကို အာဗြဟံအားပေးခြင်းဖြင့် တုံ့ပြန်ပါသည်။

Genesis 23:12

ဧဖရုန်၏ ကမ်းလှမ်းမှုကို အာဗြဟံက မည်သို့ တုံ့ပြန်သနည်း။

အာဗြဟံက လယ်ပြင်နှင့်မြေတွင်းအတွက် အဘိုးငွေပေးရန် ကမ်းလှမ်းပါသည်။

Genesis 23:14

အာဗြဟံ၏ ကမ်းလှမ်းမှုကို ဧဖရုန်က မည်သို့တုံ့ပြန်သနည်း။

ဧဖရုန်က လယ်ပြင်နှင့်မြေတွင်းသည် ငွေလေးပိဿာတန်ဖိုးရှိသည်ဟု ပြောဆိုတုံ့ပြန်ပါသည်။

အာဗြဟံနှင့် ဧဖရုန်အကြား မည်ကဲ့သို့ စကားအဆုံးသတ်သနည်း။

အာဗြဟံက လယ်ပြင်နှင့်မြေတွင်းအတွက် ကျသင့်သောတန်ဖိုးငွေလေးပိဿာကို ဧဖရုန်အား ပေးချေခဲ့ပါသည်။

Genesis 23:17

မပ္ပေလအရပ်ရှိသော ဧဖရုန်၏ လယ်ပြင်ကို ဝယ်ယူရာ၌ မည်သည်တို့အတူ ပါဝင်သနည်း။

ဧဖရုန်၏လယ်ပြင်ကို အာဗြဟံဝယ်ယူသောအခါ လယ်ပြင်နှင့်တကွ မြေတွင်းနှင့် သစ်ပင်များ၊ ပတ်ဝန်းကျင်သစ်ပင်များအတူ ပါဝင်ပါသည်။

Genesis 23:19

အာဗြဟံသည် မြေတွင်းကို မည်သို့ပြုသနည်း။

အာဗြဟံသည် မြေတွင်း၌ စာရာကို သင်္ဂြိုလ်ပါသည်။