Genesis 20

Genesis 20:1

အာဗြဟံသည် ဂေရာမြို့သားများနှင့်အတူ နေစဉ် စာရာကို မည်သို့ပြောသနည်း။

အာဗြဟံက စာရာသည် သူ၏ နှမဖြစ်သည်ဟု ပြောပါသည်။

စာရာကိုယူပြီးနောက် အဘိမလက်အား ဘုရားသခင်ကမည်သို့ပြောသနည်း။

ဘုရားသခင်က အဘိမလက်အား သင်သည် သူများမိန်းမကိုယူသောကြောင့် လူသေဖြစ်သည်ဟု ပြောပါသည်။

Genesis 20:4

အာဗြဟံနှင့်စာရာက သူ့အားမည်သို့ပြောသည်ဟု အဘိမလက်က ဘုရားသခင်ကို ပြောသနည်း။

အဘိမလက်က အာဗြဟံသည် စာရာအား သူ၏နှမဟူ၍လည်းကောင်း၊ စာရာသည်အာဗြဟံအားသူမ၏အစ်ကိုဟူ၍လည်းကောင်း ပြောကြသည်ဟု ဘုရားသခင်အား ပြောပါသည်။

Genesis 20:6

ဘုရားသခင်က အဘိမလက်အား မည်သို့လုပ်ရန်ပြောပြီး၊ အကယ်၍ မလုပ်ပါက မည်သို့ဖြစ်မည်ဟု ပြောသနည်း။

ဘုရားသခင်က အဘိမလက်အား စာရာကို အာဗြဟံထံပြန်ပေးရန်ပြောပြီး၊ အကယ်၍မပေးပါက အဘိမလက်နှင့်သူ၏ လူအပေါင်းတို့သည် သေရကြမည်ဟု ပြောပါသည်။

Genesis 20:8

အဘိမလက်၏ လူတို့သည် ဘုရားသခင်က အဘိမလက်အား ပြောသည်ကိုကြားကြသောအခါ မည်သို့တုံ့ပြန်ကြသနည်း။

အဘိမလက်၏ လူတို့သည် ဘုရားသခင်ပြောသည်ကိုကြားကြသောအခါ ကြောက်ရွံ့သည်။

Genesis 20:10

အာဗြဟံက အဘိမလက်အား စာရာသည် သူ၏နှမဖြစ်သည်ဟု အဘယ်ကြောင့်ပြောသနည်း။

အာဗြဟံက စာရာကြောင့် အဘိမလက်သည်သူ့အားသတ်မည်ကိုစိုးရိမ်သောကြောင့် ပြောခြင်းဖြစ်ပါသည်။

အမှန်အားဖြင့် စာရာသည် မည်သည့်နည်းဖြင့် အာဗြဟံ၏ နှမဖြစ်သနည်း။

စာရာသည် အာဗြဟံ ဖခင်၏ သမီးဖြစ်ပြီး၊ မိခင်၏ သမီးမဟုတ်သောကြောင့် ဖြစ်ပါသည်။

Genesis 20:15

အဘိမလက်သည် အာဗြဟံအား မည်သည့်တိရစ္ဆာန်များကို ပေးသနည်း။

အဘိမလက်က အာဗြဟံအား သိုး၊ နွား၊ ကျွန်ယောင်္ကျား နှင့်ကျွန်မိန်းမတို့ကို ပေးပါသည်။

အဘိမလက်သည် စာရာ၏ မောင်အား ငွေတထောင် မည်သည့်အကြောင်းကြောင့် ပေးခြင်းဖြစ်သနည်း။

အဘိမလက်က သူမ၏ အစ်ကိုအား ငွေတထောင်ပေးခြင်းမှာ စာရာနှင့်တကွ သူမ၏မိတ်ဆွေများအတွက် မျက်နှာဖုံးကို ဝယ်ယူရန် ပေးခြင်းဖြစ်ပါသည်။

Genesis 20:17

အာဗြဟံသည်အဘိမလက်နှင့် သူ၏လူအပေါင်းတို့အတွက် ဘုရားသခင်ထံ ဆုတောင်းသောအခါ မည်သို့ဖြစ်သနည်း။

ဘုရားသခင်က အဘိမလက်နှင့်တကွ သူ၏ မိန်းမနှင့်ကျွန်မိန်းမတို့ကို အနာပျောက်စေသဖြင့် မီးဖွားလျက် ကလေးရရှိကြပါသည်။