Genesis 19

Genesis 19:1

သောဒုံမြို့ထဲသို့ကောင်းကင်တမန်နှစ်ပါး၀င်လာသည်ကိုလောတမြင်သောအခါ၊ သူသည် မည်သို့ကမ်းလှမ်းသနည်း။

လောတက သူတို့အား ညဖက်တွင်သူ၏အိမ်တွင်နေ၍ မနက်မှထွက်သွားရန် ကမ်းလှမ်းပါသည်။

ကောင်းကင်တမန်တို့က လောတအား မည်သို့ တုံ့ပြန်ကြသနည်း။

ကောင်းကင်တမန်တို့က သူတို့သည်လမ်း၌ တညလုံးနေမည်ဟု ပြောကြပါသည်။

လောတ၏ တိုက်တွန်းတောင်းဆိုမှုကြောင့်ကောင်းကင်တမန်တို့သည် နောက်ဆုံး၌ မည်သည့်နေရာတွင် တညတာ အသုံးပြုခဲ့သနည်း။

နောက်ဆုံး၌ ကောင်းကင်တမန်တို့သည် လောတနေအိမ်တွင်တညလုံး နေကြသည်။

Genesis 19:4

မြို့ထဲမှ ယောကျ်ားများသည် လောတအိမ်ကိုဝိုင်း၍ လောတအား မည်သို့ တောင်းဆိုသနည်း။

သူတို့က လောတအား ဧည့်သည်နှစ်ယောက်ကိုထွက်လာစေ၍ သူတို့နှင့် ဆက်ဆံပျော်ပါးရန် အလိုရှိကြသည်။

Genesis 19:6

လောတက မြို့သားတို့အား ဧည့်သည်နှစ်ယောက်အစားမည်သည့်အရာကို ကမ်းလှမ်းသနည်း။

လောတကမြို့သားတို့အား ဧည့်သည်နှစ်ယောက်အစားသူ၏သမီးနှစ်ယောက်ကို ကမ်းလှမ်းခဲ့သည်။

Genesis 19:9

လောတ၏ ကမ်းလှမ်းမှုကို မြို့သားတို့က မည်သို့တုံ့ပြန်သနည်း။

မြို့သားတို့က လောတအားနောက်ဆုတ်ပေးရန် ပြောပြီး အိမ်တံခါးကိုချိုးဖျက်လုနီးပါး လုပ်ဆောင်ကြပါသည်။

Genesis 19:10

ကောင်းကင်တမန်တို့က မည်သို့လုပ်ကြသနည်း။

ကောင်းကင်တမန်တို့က လောတကို အိမ်ထဲသို့ ဆွဲသွင်းပြီး၊ အပြင်ရှိမြို့သားတို့အား မျက်စိကန်းခြင်းငှါ ဒဏ်ခတ်ခဲ့သည်။

Genesis 19:12

ကောင်းကင်တမန်တို့က ထာဝရဘုရားသည်သူတို့အားမည်သို့လုပ်ရန် စေလွှတ်သည်ဟု ပြောသနည်း။

ထာဝရဘုရားက မြို့ကိုဖျက်ဆီးရန်စေလွှတ်လိုက်သည်ဟုပြောပါသည်။

Genesis 19:14

လောတက သောဒုံမြို့အားဖျက်မည်ဖြစ်သောကြောင့်ထိုမြို့မှ အမြန်ဆုံးထွက်ခွါကြရန်ပြောသောအခါ သူ၏ သားမက်တို့က မည်သို့တုံ့ပြန်ကြသနည်း။

လောတ၏ သားမက်တို့က လောတသည်သူတို့အားနောက်ပြောင်သည်ဟု ထင်ပါသည်။

မနက်မိုးလင်းစအချိန်၌ ကောင်းကင်တမန်တို့က လောတအား မည်သို့လုပ်ရန်ပြောသနည်း။

ကောင်းကင်တမန်တို့က လောတအား သူ၏မိန်းမနှင့်သမီးနှစ်ယောက်ကိုခေါ်၍ မြို့မှ ထွက်ခွာရန်ပြောပါသည်။

Genesis 19:16

နှောင့်နှေးနေသော လောတကို ကောင်းကင်တမန်တို့ကအဘယ်ကြောင့် လက်ကိုဆွဲ၍ မြို့မှထုတ်သွားသနည်း။

ကောင်းကင်တမန်တို့က သူတို့၏ လက်ကို ဆွဲ၍မြို့ထဲမှထုတ်သွားရခြင်းမှာ ဘုရားရှင်က သူတို့အား သနားသောကြောင့် ဖြစ်ပါသည်။

မြို့ပြင်သို့ရောက်သောအခါ၊ ကောင်းကင်တမန်တို့က လောတအား မည်သို့ညွှန်ကြားသနည်း။

ကောင်းကင်တမန်တို့က လောတနှင့်သူ၏ မိသားစုအသက်ရှင်ရန်အတွက် နောက်သို့လှည့်မကြည့်ဘဲ ပြေးကြရန် ညွှန်ကြားပါသည်။

Genesis 19:21

လောတနှင့် သူ၏မိသားစု လွတ်မြောက်၍ မည်သည့်နေရာ၌ နေရန် ကောင်းကင်တမန်တို့က အခွင့်ပေးသနည်း။

လောတနှင့် သူ၏မိသားစုအား ဇောရမြို့ငယ်လေး၌ နေရန် အခွင့်ပေးပါသည်။

Genesis 19:23

လောတသည်ဇောရမြို့သို့ရောက်သောအခါ၊ ထာရဘုရားက မည်သို့ပြုသနည်း။

ထာဝရဘုရားက ကောင်းကင်မှနေ၍ ကန့်နှင့် မီးမိုးကိုသောဒုံနှင့်ဂေါမောရမြို့တို့အပေါ်သို့ ရွာစေပါသည်။

Genesis 19:26

လောတမိန်းမသည် မည်သို့ပြုသောကြောင့် မည်သို့ဖြစ်သနည်း။

လောတမိန်းမသည် နောက်သို့ပြန်လှည့်ကြည့်သော ကြောင့် ဆားတိုင်ဖြစ်သွားခဲ့ပါသည်။

မနက်စောစော၌ အာဗြဟံသည် လွင်ပြင်တပြင်လုံးမည်သို့ ဖြစ်သည်ကိုမြင်သနည်း။

လွင်ပြင်တပြင်လုံးသည် မီးဖိုမှအခိုးထွက်သကဲ့သို့ တစ်ပြည်လုံးအခိုးတက်နေသည်ကို အာဗြဟံမြင်ပါသည်။

Genesis 19:30

လောတသည်မည်သည့်အရပ်သို့အဘယ်ကြောင့်ပြောင်းရွှေ့သနည်း။

လောတသည် တောင်ပေါ်အရပ်သို့ ပြောင်းရွှေ့နေထိုင်ရခြင်းအကြောင်းမှာ ဇောရမြို့၌နေရမည်ကို စိုးရိမ်သောကြောင့်ဖြစ်ပါသည်။

Genesis 19:31

လောတသမီးတို့သည် သူတို့ဖခင်နှင့် မည်သို့ စီစဥ်ကြသနည်း။

လောတသမီးတို့သည် သူတို့ဖခင်အား စပျစ်ရည်မူးအောင်တိုက်၍ သူနှင့်အတူအိပ်ခြင်းဖြင့် သားသမီး ရရှိကြရန် စီစဥ်ကြသည်။

Genesis 19:36

လောတ သမီးများမှ မည်သည့်လူမျိုးနှစ်မျိုးပေါ်ပေါက်လာသနည်း။

လောတ၏သမီးများမှ မောဘ နှင့် အမ္မုန် လူမျိုးနှစ်မျိုးပေါ်ပေါက်လာပါသည်။