Genesis 18

Genesis 18:1

အာဗြဟံသည် တဲတံခါးဝမှာ ထိုင်လျက်မြှော်ကြည့်သောအခါ၊ သူသည် မည်သည့်အရာကို မြင်သနည်း။

အာဗြဟံသည် သူ့ရှေ့မှာလူသုံးယောက် ရပ်နေသည်ကို မြင်ပါသည်။

Genesis 18:3

အာဗြဟံက သူတို့အား မည်သို့ ကမ်းလှမ်းသနည်း။

အာဗြဟံက သူတို့အား ဆေးကြောရန် ရေနှင့် အစာအချို့ကို ယူခဲ့မည်ဖြစ်ကြောင်း ကမ်းလှမ်းပါသည်။

Genesis 18:9

ဧည့်သည်က သူ၏ ဟောကိန်းကိုပြောသည့်အခါ၊ စာရာသည် မည်သည့်နေရာ၌ ရှိသနည်း။

စာရာသည် တဲအတွင်း၌ ရှိပါသည်။

စာရာနှင့်သက်ဆိုင်၍ ဧည့်သည်က မည်သို့ ဟောသနည်း။

ဧည့်သည်က နောက်တဖန်သူပြန်လာသောအခါ၊ စာရာ၌ သားရရှိလိမ့်မည်ဟု ဟောကိန်းထုတ်ပါသည်။

Genesis 18:11

ဧည့်သည်၏ ဟောချက်ကို စာရာက မည်သို့တုံ့ပြန်သနည်း။

စာရာက ဧည့်သည်၏ ဟောချက်ကိုကြားလျှင် တိတ်ဆိတ်စွာ ရယ်သည်။

Genesis 18:13

ဧည့်သည်ဖြစ်သော ထာဝရဘုရားသည် စာရာ၏ တုံ့ပြန်မှု နှင့်ပတ်သက်၍ မည်သို့ ပြောသနည်း။

ထာဝရဘုရားက စာရာသည်အဘယ်ကြောင့်ရယ်ရသနည်း၊ ငါမတတ်နိုင်သောအရာ တစုံတခုရှိသလောဟု ပြောပါသည်။

Genesis 18:16

သူတို့သည် အာဗြဟံ၏ အိမ်မှထွက်ခွါ၍၊ မည်သည့်အရပ်သို့ သွားကြသနည်း။

သူတို့သည် အာဗြဟံ၏ အိမ်မှထွက်ခွါ၍၊ သောဒုံမြို့သို့သွားကြပါသည်။

လျှောက်သွားစဥ်တွင် ထာဝရဘုရားက မည်သို့မေးသနည်း။

ထာဝရဘုရားက "ငါပြုသောအမှုကို အာဗြဟံအားမပြဘဲကွယ်ဝှက်ထားရမည်လော" ဟုမေးပါသည်။

ထာဝရဘုရားက အာဗြဟံအား ပေးသောကတိတော် ပြည့်စုံစေရန် အာဗြဟံသည် မည်သို့ပြုရမည်ဟု ပြောသနည်း။

ထာဝရဘုရားက အာဗြဟံအား သူ၏သားသမီးများနှင့်အိမ်သားတို့ကို ဖြောင့်မတ်စွာကျင့်ကြရန် သွန်သင်ရမည်ဟုပြောပါသည်။

Genesis 18:20

သူတို့သည် အဘယ်ကြောင့် သောဒုံမြို့သို့ သွားကြသနည်း။

သူတို့သည် သောဒုံမြို့သို့ သွားရခြင်းအကြောင်းမှာ သောဒုံမြို့နှင့်ဂေါမောရမြို့တို့၏ ငိုကြွေးသံသည်ကြီး၍ အပြစ်များသောကြောင့် သူတို့၏ငိုကြွေးသံကို သွားရောက်ကြည့်လိုသောကြောင့်ဖြစ်ပါသည်။

Genesis 18:22

အာဗြဟံသည် ထာဝရဘုရားနှင့်အတူရပ်နေစဥ်၊ ထာဝရဘုရားအား မည်သို့မေးမြန်းသနည်း။

အာဗြဟံသည် ထာဝရဘုရားအား "ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်အတူ ဖျက်ဆီးတော်မူမည်လော" ဟုမေးပါသည်။

Genesis 18:24

အကယ်၍မြို့ထဲ၌ ဖြောင့်မတ်သောသူ ငါးဆယ်ရှိလျှင်၊ သူသည် မည်သို့ပြုမည်ဟု ထာဝရဘုရားကပြောသနည်း။

ထာဝရဘုရားက သူတို့အား နှမြော၍ ထိုမြို့ကို ချမ်းသာပေးမည်ဟု ပြောပါသည်။

Genesis 18:27

အကယ်၍မြို့ထဲ၌ ဖြောင့်မတ်သောသူ လေးဆယ့်ငါးယောက်ရှိလျှင်၊ မည်သို့ပြုမည်ဟု ထာဝရဘုရား ပြောသနည်း။

ထာဝရဘုရားက သူတို့အား နှမြော၍ ထိုမြို့ကို ချမ်းသာပေးမည်ဟု ပြောပါသည်။

Genesis 18:29

အကယ်၍ မြို့ထဲ၌ဖြောင့်မတ်သောသူ အယောက်လေးဆယ်ရှိလျှင်၊ မည်သို့ပြုမည်ဟု ပြောသနည်း။

ထာဝရဘုရားက သူတို့အား နှမြော၍ ထိုမြို့ကို ချမ်းသာပေးမည်ဟု ပြောပါသည်။

အကယ်၍မြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက်သုံးဆယ်ရှိလျှင်၊ မည်သို့ပြုမည်ဟု ပြောသနည်း။

ထာဝရဘုရားက သူတို့အား နှမြော၍ ထိုမြို့ကို ချမ်းသာပေးမည်ဟု ပြောပါသည်။

အကယ်၍မြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက်နှစ်ဆယ်ရှိလျှင်၊ မည်သို့ပြုမည်ဟုပြောသနည်း။

ထာဝရဘုရားက သူတို့အား နှမြော၍ ထိုမြို့ကို ချမ်းသာပေးမည်ဟု ပြောပါသည်။

Genesis 18:32

အကယ်၍မြို့ထဲ၌ ဖြောင့်မတ်သောသူ ဆယ်ယောက်ရှိလျှင်၊ မည်သို့ပြုမည်ဟု ဘုရားရှင်ကပြောသနည်း။

ထာဝရဘုရားက သူတို့အား နှမြော၍ ထိုမြို့ကို ချမ်းသာပေးမည်ဟု ပြောပါသည်။