Genesis 17

Genesis 17:1

အာဗြံ အသက်မည်မျှတွင် ထာဝရဘုရားသည် အာဗြံအားထင်ရှားလျက်၊ သူနှင့်အတူ ပဋိညာဥ်ကိုပြုသနည်း။

ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြသောအချိန်၌ အာဗြံ၏ အသက်ကိုးဆယ့်ကိုးနှစ် ဖြစ်ပါသည်။

အာဗြံ ဘဝအသက်တာနှင့်သက်ဆိုင်၍ ထာဝရဘုရားသည် အာဗြံအား မည်သို့ ပညတ်တော်မူသနည်း။

အာဗြံအား ထာဝရဘုရား၏ ရှေ့၌အပြစ်တင်ခြင်းနှင့်ကင်းစင်လျက်စုံလင်ခြင်းရှိရန် ပညတ်တော်မူပါသည်။

Genesis 17:3

ထာဝရဘုရားသည် အာဗြံ၏အမည်ကို မည်သို့ပြောင်းလဲပြီး၊ ထိုအမည်၏ အဓိပ္ပါယ်မှာ အဘယ်နည်း။

ထာဝရဘုရားသည် အာဗြံ၏အမည်ကို အာဗြဟံဟုပြောင်းလဲပြီး၊ ထိုအမည်၏ အဓိပ္ပါယ်မှာ "များစွာသောလူမျိုးတို့၏ အဖ" ဟူ၍ ဖြစ်ပါသည်။

Genesis 17:7

ပဋိညာဥ်အနေဖြင့် ထာဝရဘုရားသည် အာဗြဟံ၏လူမျိုးတော်အား မည်သည့်အရာကို ပေးခဲ့သနည်း။

ပဋိညာဥ်အနေဖြင့် ထာဝရဘုရားသည် အာဗြဟံ၏လူမျိုးတော်အား ခါနာန်ပြည်တလျှောက်လုံးကို ပေးခဲ့သည်။

ထာဝရဘုရားသည် အာဗြဟံအား သူနှင့် အာဗြဟံ၏ လူမျိုးတို့သည် မည်သို့ဆက်နွယ်သည်ဟု ပြောသနည်း။

ထာဝရဘုရားသည် အာဗြဟံနှင့် သူ၏လူမျိုးတို့၏ ဘုရားဖြစ်မည်ဟု ပြောပါသည်။

Genesis 17:9

အာဗြဟံနှင့် ထာဝရဘုရားအကြားတွင် ပဋိညာဥ် ၏ လက္ခဏာအဖြစ် မည်သို့လုပ်ဆောင်ရန် ထာဝရဘုရားမိန့်တော်မူသနည်း။

အာဗြဟံနှင့် ထာဝရဘုရားအကြားတွင် ပဋိညာဥ် ၏ လက္ခဏာအဖြစ် ယောကျ်ားတိုင်း အရေဖျားလှီးခြင်းမင်္ဂလာကို ခံရကြမည်ဟု မိန့်တော်မူခဲ့သည်။

Genesis 17:12

မည်သည့်အရွယ်တွင် အရေဖျားလှီးခြင်းမင်္ဂလာပြုရမည်နည်း။

ကလေး အသက်ရှစ်ရက်ကျော်လျှင် အရေဖျားလှီးခြင်းမင်္ဂလာပြုရမည်။

ထာဝရဘုရားနှင့် ပဋိညာဥ်ပြုထားချက်အရ မိသားစုဝင်ဖြစ်သော တပါးအမျိုးသားတို့ကို မည်သို့ပြုကြရမည်နည်း။

ထာဝရဘုရားနှင့် ပဋိညာဥ်ပြုထားချက်အရ မိသားစုဝင်ဖြစ်သော တပါးအမျိုးသားတို့သည်လည်း အရေဖျားလှီးခြင်း မင်္ဂလာကို ပြုကြရမည်။

အရေဖျားလှီးခြင်းမခံသော ယောကျ်ားတို့သည်မည်သို့ဖြစ်မည်နည်း။

အရေဖျားလှီးခြင်း မခံသောသူတို့သည် ပဋိညာဥ်ကို ချိုး ဖေါက်သည်ဖြစ်၍ လူမျိုးတော်အဖြစ်မှ ပယ်ရှားခြင်းခံရမည်။

Genesis 17:15

ထာဝရဘုရားသည် စာရဲအမည်ကို မည်သို့ပြောင်းလဲခဲ့သနည်း။

ထာဝရဘုရားသည် စာရဲအမည်ကို စာရာဟုပြောင်းလဲခဲ့ပါသည်။

ထာဝရဘုရားသည် စာရာအားဖြင့် မည်သည့်ကတိတော် ပြည့်စုံမည်နည်း။

ထာဝရဘုရားသည် စာရာအားဖြင့် အာဗြဟံ၏ သားဖွားမြင်လိမ့်မည်ဟု ကတိပြုပါသည်။

Genesis 17:17

စာရာနှင့်သက်ဆိုင်၍ ထာဝရဘုရား၏ ကတိတော်ကို အာဗြဟံက မည်သို့တုံ့ပြန်သနည်း။

အာဗြဟံက အသက်ကြီးသောသူသည် သားကိုရလိမ့်မည်လောဟု ရယ်မောခြင်းဖြင့်တုံ့ပြန်ပါသည်။

Genesis 17:19

စာရာဖြင့်ရသောသား အမည်ကို အာဗြဟံကမည်သို့အမည်ပေးရမည်ဟု ထာဝရဘုရား ပြောသနည်း။

အာဗြဟံက ကလေးကို ဣဇက်ဟူသောအမည်ဖြင့် မှည့်ရမည်ဟု ထာဝရဘုရား မိန့်တော်မူခဲ့သည်။

ဘုရားသခင်က သူသည်ဣဇက်နှင့်အတူ မည်သည်ကိုတည်စေမည်ဟုပြောသနည်း။

ဘုရားသခင်က သူသည်ဣဇက်နှင့်အတူ ပဋိညာဥ်ကိုတည်စေမည်ဟု ပြောပါသည်။

ဣရှမေလနှင့်သက်ဆိုင်၍ ဘုရားသခင်က မည်သည့်ကတိပြုသနည်း။

ဘုရားသခင်က ဣရှမေလကို ကောင်းချီးပေး၍၊ သူ၏အမျိုးအနွယ်ကို တိုးပွား များပြားစေမည်ဟု ကတိပြုပါသည်။

Genesis 17:24

ဘုရားသခင်သည် အာဗြဟံထံမှ ထွက်သွားပြီးနောက်၊ ထိုနေ့ချင်းတွင် အာဗြဟံသည် မည်သို့ပြုသနည်း။

ထိုနေ့ချင်းတွင် အာဗြဟံသည် သူ၏ အိမ်သားယောင်္ကျားအားလုံးကို အရေဖျားလှီးခြင်း မင်္ဂလာပြုသည်။

ဣရှမေလသည် အရေဖျားလှီးခြင်း မင်္ဂလာပြုသောအခါ၊သူ၏ အသက်မည်မျှရှိသနည်း။

ဣရှမေလသည် အရေဖျားလှီးခြင်းမင်္ဂလာပြုသောအခါ၊ သူ၏ အသက်တစ်ဆယ့်သုံးနှစ်ရှိပါသည်။