Genesis 16

Genesis 16:1

အာဗြံမှ ဆင်းသက်သော မျိုးနွယ်အတွက် စာရဲ၌ မည်သည့် စိတ်ကူးရှိသနည်း။

စာရဲက အာဗြံအား သူမ၏ကျွန်မဖြစ်သောဟာဂရနှင့်အတူအိပ်ခြင်းဖြင့် ကလေးရရှိနိုင်မည်ဟု ပြောပါသည်။

ဟာဂရ၌ အာဗြံနှင့်ကိုယ်ဝန်ရရှိသောအခါ၊ ဟာဂရနှင့်စာရဲတို့အကြား မည်သို့ဖြစ်သနည်း။

ဟာဂရ၌ ကိုယ်ဝန်ရှိသောအခါ သူမသည် စာရဲကို မထီမဲ့မြင်ပြုပါသည်။

Genesis 16:5

စာရဲသည် အာဗြံအား မည်သို့တိုင်ပြောသောအခါ အာဗြံက မည်သို့တုံ့ပြန်သနည်း။

စာရဲက ဟာဂရသည် သူမအား မထီမဲ့မြင်ပြုခြင်းသည် အာဗြံကြောင့်ဖြစ်သည်ဟု တိုင်ပြောသောအခါ၊ အာဗြံကစာရဲအား ဟာဂရကို ကြိုက်သလိုပြုနိုင်သည်ဟု တုံ့ပြန်ခဲ့သည်။

ဟာဂရ၌ ကိုယ်ဝန်ရှိပြီးနောက် စာရဲသည် သူမအားမည်သို့ဆက်ဆံသဖြင့် ဟာဂရသည် မည်သို့ပြုသနည်း။

စာရဲသည် ဟာဂရအား နှိပ်စက်သဖြင့် ဟာဂရသည်ထွက်ပြေးခဲ့လေသည်။

Genesis 16:9

တောထဲ၌ ထာဝရဘုရား၏ ကောင်းကင်တမန်က ဟာဂရအား မည်သို့ပြုရန် ပြောသနည်း။

ထာဝရဘုရား၏ ကောင်းကင်တမန်က ဟာဂရအား စာရဲထံပြန်သွား၍ သူမ၏ အုပ်စိုးခြင်းကိုဝန်ခံရန် ပြောသည်။

ထာဝရဘုရား၏ ကောင်းကင်တမန်က ဟာဂရအားမည်သို့ လုပ်ပေးမည်ဟု ကတိပြုသနည်း။

ထာဝရဘုရား၏ ကောင်းကင်တမန်က ဟာဂရအား သင်၏ အမျိုးအနွယ်ကို မရေတွက်နိုင်အောင် များပြားစေမည်ဟု ကတိပြုပါသည်။

Genesis 16:11

ဟာဂရ၏ သားအား အဘယ်ကြောင့် ဣရှမေလဟု အမည်ပေးရမည်ဟုပြောသနည်း။

ဟာဂရက သူမ၏ သားကို ဣရှမေလဟုအမည်ပေးရခြင်းမှာ ထာဝရဘုရားက သူမ၏ ဖိနှိပ်ခံရခြင်းကို ကြားသိရသောကြောင့် ဖြစ်ပါသည်။

ဣရှမေလသည် အခြားသောသူများကို မည်သို့ဆက်ဆံသနည်း။

ဣရှမေလသည် အခြားသောသူများကို ရန်ဘက်ပြု၍၊ သူ၏ညီအစ်ကိုများမှ သီးခြားနေရလိမ့်မည် ဖြစ်ပါသည်။

Genesis 16:13

ဟာဂရသည် ထာဝရဘုရားအား မည်သို့ခေါ်ဆိုသနည်း။

ဟာဂရသည် ထာဝရဘုရားအား "ငါ့ကိုမြင်သောဘုရားသခင်" ဟုခေါ်ဆိုခဲ့သည်။

Genesis 16:15

ဣရှမေလကို မွေးဖွါးသောအခါ အာဗြံ၏အသက်မည်မျှရှိသနည်း။

ဣရှမေလကို မွေးဖွါးသောအခါ၊ အာဗြံ၏အသက်သည် ရှစ်ဆယ့်ခြောက်နှစ်ရှိပြီ ဖြစ်ပါသည်။