Genesis 15

Genesis 15:1

ထာဝရဘုရားသည် အာဗြံထံ ပေါ်လာ၍ မည်သို့အားပေးသနည်း။

ထာဝရဘုရားသည် အာဗြံအား မကြောက်နှင့်။ ငါသည်သင်၏အကွယ်အကာဖြစ်၍ သင့်အားကြီးစွာသောဆုကျေးဇူးကို ပေးမည်ဟု အားပေးခဲ့ပါသည်။

အာဗြံ စိုးရိမ်သောကရောက်သည့်အကြောင်းက အဘယ်နည်း။

အာဗြံကသူ၌ ကလေးမရှိဘဲ သူ၏ လူယုံကသူ၏အမွေခံဖြစ်မည်ကို စိုးရိမ်ပါသည်။

Genesis 15:4

မည်သူသည် အာဗြံ၏အမွေခံဖြစ်မည်ဟုထာဝရဘုရားပြောသနည်း။

ထာဝရဘုရားသည် အာဗြံ ကိုယ်ထဲမှထွက်သော သူသည်အမွေခံဖြစ်မည်ဟုပြောပါသည်။

အာဗြံမှ ဆင်းသက်သူမည်မျှရှိမည်ဟု ထာဝရဘုရားကပြောသနည်း။

အာဗြံမှ ဆင်းသက်သူသည် မိုးကောင်းကင်၌ရှိသော ကြယ်များကဲ့သို့ များပြားမည်ဟု ထာဝရဘုရားပြောပါသည်။

Genesis 15:6

ထာဝရဘုရား ကတိတော်ကို အာဗြံက မည်သို့တုံ့ပြန်ပြီး၊ ထာဝရဘုရားက မည်သို့လုပ်သနည်း။

အာဗြံက ထာဝရဘုရားရှင်ကို ယုံကြည်ပြီး၊ ထာဝရဘုရားက သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်ယူပါသည်။

ပြည်တော်နှင့်ပတ်သက်၍ အာဗြံက ထာဝရဘုရားအားမည်သို့မေးသနည်း။

အာဗြံက ထာဝရဘုရားအား "ပြည်တော်ကို အမွေခံရမည်ကို မည်ကဲ့သို့သိရပါမည်နည်း" ဟုမေးပါသည်။

Genesis 15:9

ထာဝရဘုရားပြောသော တိရစ္ဆာန်တို့ကိုသူနှင့်အတူယူဆောင်လာလျက် အာဗြံက မည်သို့ပြုသနည်း။

အာဗြံသည် တိရစ္ဆာန်တို့ကို နှစ်ပိုင်းစီပိုင်း၍ တခုစီကိုတဖက်တချက်စီ ထားပါသည်။

Genesis 15:12

နေဝင်သောအခါ အာဗြံ၌ မည်သို့ဖြစ်သနည်း။

နေဝင်သောအခါ အာဗြံသည် ကောင်းစွာအိပ်မောကျလျက်၊ ထူထပ်၍ ကြောက်မက်ဖွယ်မှောင်မိုက်သည် သူ့ကိုဖုံးလွှမ်းပါသည်။

အာဗြံမှ ဆင်းသက်သူတို့သည် မည်မျှကြာအောင် ကျွန်အဖြစ်ဖိနှိပ်ခြင်းခံရမည်ဟု ထာဝဘုရားက ပြောသနည်း။

ထာဝရဘုရားက အာဗြံအား သူမှဆင်းသက်သူတို့သည် နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖိနှိပ်ခြင်းခံရမည်ဟု ပြောပါသည်။

Genesis 15:14

အာဗြံမှဆင်းသက်သူတို့အား ကျွန်ပြုသောတိုင်းနိုင်ငံသည် မည်သို့ဖြစ်မည်ဟု ထာဝရဘုရားပြောသနည်း။

ထာဝရဘုရားသည် ထိုတိုင်းနိုင်ငံအား တရားစီရင်မည်ဟုပြောပါသည်။

ထာဝရဘုရားက အာဗြံ၏ အသက်မည်ကဲ့သို့အဆုံးသတ်လိမ့်မည်ဟု ပြောသနည်း။

ထာဝရဘုရားက အာဗြံ၏အသက်သည် ကောင်းစွာကြီးရင့်သည်အထိ ငြိမ်ဝပ်စွာဖြင့် အဆုံးသတ်လိမ့်မည်ဟုပြောပါသည်။

အာဗြံမှ ဆင်းသက်သူတို့သည် ကတိထားတော်မူသောပြည်သို့ ပြန်ရောက်ချိန်မတိုင်မီ မည်သည့်သတ်မှတ်ချက်ရောက်ရှိလိမ့်မည်နည်း။

အာဗြံမှဆင်းသက်သူတို့သည် ကတိထားတော်မူသောပြည်သို့ ပြန်ရောက်ချိန်မတိုင်မီ အာမောရိအမျိုးသားတို့၏ ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု မိန့်တော်မူသည်။

Genesis 15:17

ထိုည၌၊ အာဗြံပြင်ဆင်ထားသည့် ခွဲထားသောတိရစ္ဆာန်အပိုင်းတို့သည် မည်သို့ဖြစ်သနည်း။

ခွဲထားသောတိရိစ္ဆာန်အပိုင်းတို့အလယ်၌ မီးခိုးထွက်သော မီးဖို နှင့် မီးလင်းသောမီးခွက်တို့သည် လျှောက်သွားပါသည်။

ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့် မည်သို့ပဋိညာဥ်ပြုသနည်း။

တာဝရဘုရားက အာဗြံမှဆင်းသက်သူတို့အား ထိုပြည်ကိုပေးအပ်သည်ဟု အာဗြံနှင့် ပဋိညာဥ်ပြုပါသည်။