Genesis 14

Genesis 14:10

စိဒ္ဒိမ်ချိုင့်၌ ရှင်ဘုရင်များစစ်တိုက်ခြင်း၏ ရလာဒ်အနေ ဖြင့် သောဒုံမြို့၌ မည်သို့ဖြစ်သနည်း။

သောဒုံမြို့မှာရှိသမျှသောဥစ္စာ၊ မြို့ရိက္ခာရှိသမျှတို့နှင့်တကွလောတပိုင်ဆိုင်သမျှတို့ကို သိမ်းသွားခြင်းခံရပါသည်။

Genesis 14:13

လောတ အဖမ်းခံသည်ကိုကြားသောအခါ အာဗြံမည်သို့လုပ်ဆောင်သနည်း။

အာဗြံသည် သူသင်ပေးထားသော လူသုံးရာတဆယ့်ရှစ်ယောက်နှင့်အတူ ဖမ်းသွားသူတို့နောက်သို့ လိုက်သွားခဲ့သည်။

Genesis 14:15

မည်သည့်မြို့ကြီးအနီးတွင် အာဗြံသည်ရှင်ဘုရင်များနှင့်စစ်တိုက်၍ စစ်ပွဲ၏ရလာဒ်မှာမည်သို့နည်း။

အာဗြံသည် ရှင်ဘုရင်များနှင့် ဒမာသက်မြို့ကြီး၏မြောက်ဖက်တွင် စစ်တိုက်၍၊ ဥစ္စာရှိသမျှနှင့်တကွ လောတနှင့်လူများကိုပြန်လည် ဆောင်ယူခဲ့ပါသည်။

Genesis 14:17

အာဗြံပြန်လာသောအခါ မည်သည့်ဘုရင်နှစ်ပါးသည်သူ့အားလာတွေ့သနည်း။

အာဗြံပြန်လာသောအခါ သောဒုံမင်းကြီးနှင့် ရှာလင်မင်းကြီး မေလခိဇေဒက်တို့သည် သူ့အားလာတွေ့ကြပါသည်။

မေလခိဇေဒက်သည် ဘုရားသခင်နှင့်မည်သို့ဆက်နွယ်သနည်း။

မေလခိဇေဒက်သည် အမြင့်ဆုံးသောဘုရားသခင်၏ ယဇ်ပုရောဟိတ် ဖြစ်ပါသည်။

မေလခိဇေဒက်သည် အာဗြံနှင့်လာတွေ့သောအခါ၊ သူနှင့်အတူမည်သည့်အရာကို ယူဆောင်လာခဲ့သနည်း။

မေလခိဇေဒက်သည် အာဗြံနှင့်လာတွေ့သောအခါ၊ သူနှင့်အတူ မုန့်နှင့်စပျစ်ရည်ကို ယူဆောင်လာပါသည်။

Genesis 14:19

မေလခိဇေဒက်သည် အာဗြံကိုမည်သို့ပြောသနည်း။

မေလခိဇေဒက်သည် အာဗြံကိုကောင်းကြီးပေး၍၊ အမြင့်ဆုံးသောဘုရားသခင်သည် ကောင်းကြီးပေးပါစေဟုပြောဆိုခဲ့သည်။

မေလခိဇေဒက်သည် သူ့အားပြောပြီးနောက်၊ အာဗြံသည်မည်သို့လုပ်သနည်း။

အာဗြံသည်သူ၌ ရှိသော ဥစ္စာ၏ ဆယ်ဘို့တဘို့ကို မေလခိဇေဒက်အား ပေးလှူခဲ့သည်။

Genesis 14:21

သောဒုံမင်းကြီးက အာဗြံအား မည်သို့လုပ်ပေးမည်ဟု ကမ်းလှမ်းသနည်း။

သောဒုံမင်းကြီးက အာဗြံအား အကယ်၍ သူ့အား သူ၏လူများကိုပြန်ပေးလျှင် အာဗြံသည်သူ၏ ဥစ္စာရှိသမျှတို့ကို ယူပါဟု ကမ်းလှမ်းပါသည်။

အာဗြံသည် အဘယ်ကြောင့် မည်သည့်ပိုင်ဆိုင်မှုကိုမျှအလိုမရှိသနည်း။

အာဗြံသည် အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားအား သူ၏ လက်ကိုမြှောက်၍ သစ္စာပြု၍ သောဒုံမင်းကြီးမှ ပေးသော စည်းစိမ်ချမ်းသာကို အလိုမရှိကြောင်း ပြောဆိုသည်။

သောဒုံမင်းကြီး၏ ကမ်းလှမ်းမှုကို အာဗြံကမည်သို့တုံ့ပြန်သနည်း။

အာဗြံက စားပြီးသောလူငယ်တို့နှင့် သူနှင့်အတူလိုက်ပါသော သူတို့မှလွဲ၍ မည်သည့်ဥစ္စာကိုမျှ အလိုမရှိပါဟုပြောခြင်းဖြင့် တုံ့ပြန်ပါသည်။