Genesis 13

Genesis 13:1

အဲဂုတ္တုပြည်မှထွက်ခွါ၍ အာဗြံသည်မည်သည့်အရပ်သို့ခရီးပြုသနည်း။

အာဗြံသည် ခါနန်ပြည်တောင်ပိုင်းသို့ ခရီးပြုပါသည်။

အာဗြံကသူနှင့်အတူမည်သည်အရာကိုသယ်ဆောင်သွားသနည်း။

အာဗြံကသူနှင့်အတူ များစွာသော တိရိစ္ဆာန်၊ ရွှေနှင့်ငွေတို့ကို သယ်ဆောင်သွားခဲ့သည်။

Genesis 13:5

အဘယ်ကြောင့် အာဗြံနှင့်လောတတို့၏ နွားကျောင်းသားတို့သည် အငြင်းပွါးကြသနည်း။

အငြင်းပွါးကြခြင်းအကြောင်းမှာ အာဗြံနှင့် လောတတို့၏ ပိုင်ဆိုင်မှုများသည် သူတို့နေရာနှင့်မမျှသဖြင့် အတူတကွနေရန် မဖြစ်နိုင်သောကြောင့်ဖြစ်ပါသည်။

Genesis 13:8

အာဗြံက လောတအား မည်သို့ကမ်းလှမ်းခဲ့ သနည်း။

အာဗြံက လောတအား သူကြိုက်သည့်နေရာတွင် နေထိုင်ရန်ရွေးစေ၍၊ သူသည်လောတမှ ခွဲခြား၍ နေရာရှာဖွေနေထိုင်မည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။

Genesis 13:10

လောတသည် မည်သည့်နေရာကို မည်သည့်အတွက်ရွေးချယ်သနည်း။

လောတက ယော်ဒန်ချိုင့်တလျှောက် အရှေ့ဖက်သို့နေထိုင်ရန် ရွေးချယ်ပြီး၊ ထိုသို့ရွေးရခြင်းအကြောင်းမှာ ရေကောင်းစွာရရှိသောကြောင့် ဖြစ်ပါသည်။

Genesis 13:12

မည်သည့်အရပ်၌ အာဗြံ နေသနည်း။

အာဗြံသည် ခါနာန်ပြည်၌နေပါသည်။

သောဒုံမြို့တွင် မည်သို့သောသူများ နေထိုင်ကြသနည်း။

သောဒုံမြို့တွင်နေထိုင်ကြသူတို့မှာ ထာဝရဘုရားရှေ့၌ဆိုးသွမ်း၍ အပြစ်များသောသူများ ဖြစ်ကြပါသည်။

Genesis 13:14

ထိုအချိန်က၊ ထာဝရဘုရားသည် အာဗြံအား မည်သည့်အရာကိုပေးမည်ဟု ပြောသနည်း။

ထာဝရဘုရားက အာဗြံရပ်နေသော နေရာမှမြင်ရသည့်အရပ် မြေတပြင်လုံးကို သင့်အားပေးမည်ဟု မိန့်တော်မူခဲ့သည်။

Genesis 13:16

ထာဝရဘုရားသည် အာဗြံမှဆင်းသက်သူ မည်မျှရှိလိမ့်မည်ဟု ပြောသနည်း။

ထာဝရဘုရားက သင်၏လူမျိုးနွယ်ကို မြေမှုန့်ကဲ့သို့ပွားများစေလျက်၊ လူသည်မြေမှုန့်ကိုရေတွက်နိုင်သည်ထက် သင့်လူမျိုးနွယ်ကို သာ၍ပွါးများစေမည်ဟုပြောပါသည်။

အာဗြံသည် မည်သည့်မြို့နှင့်နီးသောအရပ်သို့ ပြောင်းရွှေ့ပြန်သနည်း။

အာဗြံသည်ဟေဗြုန်မြို့နှင့်နီးသောအရပ်သို့ ပြောင်းရွှေ့ပြန်ပါသည်။