Genesis 12

Genesis 12:1

အာဗြံသည် ခါရန်တွင်နေစဥ် ထာဝရဘုရားက သူ့အားမည်သို့ လုပ်ရန်ပြောသနည်း။

ထာဝရဘုရားသည် အာဗြံအား သင့်ဖခင်၏ မိသားစုများထဲမှထွက်၍၊ ငါပြသောပြည်သို့သွားပါဟု ပြောပါသည်။

ထာဝရဘုရားသည် အာဗြံအား မည်သို့ ကတိပြုသနည်း။

ဘုရားရှင်က အာဗြံကိုကောင်းချီးပေး၍၊ သင့်ကိုလူမျိုးကြီးဖြစ်စေလျက် သင့်အားဖြင့် မြေပေါ်မှာရှိသမျှသော လူမျိုးအားလုံးသည် ကောင်းကြီးခံရမည်ဟု ကတိပြုခဲ့သည်။

Genesis 12:4

ခရီးသွားရာတွင် အာဗြံနှင့်အတူ မည်သူလိုက်ပါသနည်း။

ခရီးသွားရာတွင် အာဗြံနှင့်အတူ သူ၏မိန်းမစာရဲ နှင့် သူ၏တူ လောတ လိုက်ပါခဲ့သည်။

အာဗြံသည် မည်သည့်ပြည်သို့ ခရီးပြုသနည်း။

အာဗြံသည် ခါနာန်ပြည်သို့ ခရီးပြုပါသည်။

Genesis 12:6

ထာဝရဘုရားသည် အာဗြံအားထင်ရှား၍ သူသည်အာဗြံအား မည်သည့်ကတိကို ပြုခဲ့သနည်း။

ထာဝရဘုရားသည် အာဗြံ၏ အမျိုးအနွယ်အား ခါနာန်ပြည်ကိုပေးမည်ဟု ကတိပြုပါသည်။

Genesis 12:8

အာဗြံသည် ထာဝရဘုရားအား မည်သို့ဝတ်ပြုသနည်း။

အာဗြံသည် ထာဝရဘုရားအတွက် ယဇ်ပလ္လင်ကိုတည်ဆောက်၍ ထာဝရဘုရား၏ နာမကို အမှီပြုလျက်ဝတ်ပြုပါသည်။

Genesis 12:10

ခါနာန်မှထွက်ခွါ၍၊ အာဗြံသည် မည်သည့်အရပ်သို့ခရီးပြုသနည်း။

ခါနာန်မှ ထွက်ခွါ၍၊ အာဗြံသည် အဲဂုတ္တုပြည်သို့ ခရီးပြုပါသည်။

အဲဂုတ္တုပြည်သို့ဝင်သောအခါ အာဗြံသည် မည်သည့်အရာနှင့်ပတ်သက်၍ စိုးရိမ်သနည်း။

အာဗြံက သူ့မိန်းမစာရဲသည် လှပသောသူဖြစ်သောကြောင့် အဲဂုတ္တုလူတို့သည် သူ့အားသတ်၍ သူ့မိန်းမစာရဲအား ယူသိမ်းယူကြမည်ကို စိုးရိမ်သည်။

အာဗြံက စာရဲအား သူမအကြောင်းကို အဲဂုတ္တုလူတို့အား မည်သို့ပြောရန် မှာထားခဲ့သနည်း။

အာဗြံက စာရဲအား အဲဂုတ္တုလူတို့ရှေ့တွင် သူ၏ညီမဖြစ်သည်ဟု ပြောရန် မှာထားသည်။

Genesis 12:14

သူတို့သည် အဲဂုတ္တုပြည်သို့ ဝင်သောအခါ စာရဲ၌ မည်သို့ဖြစ်သနည်း။

ဖါရောဘုရင်သည် စာရဲအား သူ၏ ကြင်ယာတော်အဖြစ် သိမ်းပိုက်၍ နန်းတော်သို့ သွင်းသည်။

Genesis 12:17

ထိုအချိန်က ဖါရောဘုရင်၌ မည်သို့ဖြစ်သနည်း။

ထာဝရဘုရားသည် ဖါရောဘုရင်နှင့် သူ၏အိမ်ထောင်မိသားစုတို့အား ကြီးမားသော ဘေးဒဏ်ကို ဖြစ်စေပါသည်။

ဖါရောဘုရင်က အာဗြံအား မည်သို့ မေးခဲ့သနည်း။

ဖါရောဘုရင်သည် အာဗြံအား စာရဲသည်သင်၏မိန်းမဖြစ်လျက်အဘယ်ကြောင့် ညီမဟုပြောရသနည်းဟုမေးပါသည်။

ဖါရောဘုရင်သည် အာဗြံနှင့်စာရဲတို့အား မည်သို့လုပ်သနည်း။

ဖါရောဘုရင်သည် အာဗြံနှင့်စာရဲတို့အား ထွက်သွားစေပါသည်။