Genesis 11

Genesis 11:1

ရေလွှမ်းမိုးပြီးနောက် မြေတပြင်လုံး၌ ဘာသာစကားမည်မျှ ရှိသနည်း။

ရေလွှမ်းမိုးပြီးနောက် မြေတပြင်လုံး၌ ဘာသာစကားတမျိုးတည်းရှိပါသည်။

လူအပေါင်းတို့သည် မည်သည့်နေရာ၌ မြို့နှင့်ရဲတိုက်ကိုတည်ဆောက်ကြသနည်း။

လူအပေါင်းတို့သည် ရှိနာပြည်၌ မြို့နှင့်ရဲတိုက်ကိုတည်ဆောက်ကြပါသည်။

Genesis 11:3

ဘုရားသခင် ပညတ်တော်မူသည်အတိုင်း မြေတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကိုစိုးရိမ်၍ လူတို့က မည်သို့ကြံစည်ကြသနည်း။

မြေတပြင်လုံး၌ အရပ်အရပ်ကွဲပြားမည်ကိုစိုးရိမ်၍၊ မြို့ကိုလည်းကောင်း၊ မိုယ်းကောင်းသို့မှီရသော ရဲတိုက်တည်ဆောက်ဖို့ ဆုံးဖြတ်ကြပါသည်။

လူအပေါင်းတို့သည် မည်သို့ ကြံရွယ်ကြသနည်း။

လူအပေါင်းတို့သည် သူတို့ အမည်နာမ ထင်ပေါ်ကျော်ကြားလာရန် ကြံရွယ်လာကြသည်။

Genesis 11:5

ထာဝရဘုရားသည် ကြွဆင်းတော်မူ၍ လူအပေါင်းတို့ကိုမည်သို့ လုပ်သနည်း။

ထာဝရဘုရားသည် ကြွဆင်းတော်မူ၍ လူအပေါင်းတို့၏ ဘာသာစကားကို ရှုတ်ထွေးအောင်ပြုလုပ်ခဲ့သည်။

ဘုရားသခင်က အဘယ်ကြောင့် ထိုသို့ပြုလုပ်သနည်း။

ဘုရားသခင်က သူတို့၏ဘာသာစကားရှုတ်ထွေးအောင်ပြုလုပ်ရခြင်းမှာ အချင်းချင်း နားမလည်စေရန်အတွက်ဖြစ်ပါသည်။

Genesis 11:8

ဘုရားသခင်က လူအပေါင်းတို့အား မည်သို့လုပ်စေရန်အကြောင်းရှိသနည်း။

ဘုရားသခင်မိန့်တော်မူသည်အတိုင်း လူအပေါင်းတို့အားမြေတပြင်လုံး အရပ်ရပ်သို့ ကွဲအောင်လုပ်စေရန်အကြောင်းရှိပါသည်။

လူအပေါင်းတို့ တည်ဆောက်ရန်ကြိုးစားသော မြို့အမည်မှာ အဘယ်နည်း။

မြို့အမည်မှာ ဗာဗုလုန် မြို့ဖြစ်ပါသည်။

Genesis 11:10

နောဧမှ ဆင်းသက်သော မည်သည့်မျိုးဆက်များကို ဤအခန်းတွင်ဖေါ်ပြထားသနည်း။

နောဧသားရှေမမှ ဆင်းသက်သူများကို ဤအခန်း တွင် ဖေါ်ပြထားပါသည်။

Genesis 11:24

အာဗြံ၏ ဖခင်သည် မည်သူဖြစ်သနည်း။

အာဗြံ၏ ဖခင်မှာ တေရဖြစ်ပါသည်။

Genesis 11:27

တေရသား ခါရန်၌ရှိသော သား၏ အမည်မှာ အဘယ်နည်း။

တေရသား ခါရန်၌ရှိသော သား၏အမည်မှာ လောတဖြစ်ပါသည်။

တေရသည် မည်သည့်အရပ်၌ နေသနည်း။

တေရသည် ခါလဒဲပြည်သားတို့နေသော ဥရမြို့၌ နေပါသည်။

Genesis 11:29

အာဗြံမိန်းမ၏ အမည်မှာ အဘယ်နည်း။

အာဗြံမိန်းမ၏ အမည်မှာ စာရဲဖြစ်ပါသည်။

အာဗြံမိန်းမ၌ မည်သည့်ပြဿနာ ရှိသနည်း။

အာဗြံ မိန်းမ စာရဲသည် မြုံသဖြင့် သားသမီးမရနိုင်ပေ။

Genesis 11:31

တေရသည် အာဗြံ၊ စာရဲ နှင့် လောတတို့နှင့်အတူ မည် သည့်အရပ်သို့ ပြောင်းရွှေ့သနည်း။

တေရသည် အာဗြံ၊ စာရဲ နှင့် လောတတို့နှင့်အတူ ခါရန်ပြည်သို့ ပြောင်းရွှေ့ပါသည်။