Genesis 21

Genesis 21:1

ထာဝရဘုရားသည် စာရာအတွက် မည်သို့လုပ်ပေးသနည်း။

ထာဝရဘုရားသည် စာရာထံသွား၍ ကတိတော်နှင့်အညီသူမသည် အာဗြဟံအတွက်သားကို ဖွါးမြင်စေပါသည်။

ဣဇက် အသက်ရှစ်ရက်ရှိသောအခါ အာဗြဟံသည်မည်သို့ပြုသနည်း။

ဣဇာက် အသက်ရှစ်ရက်ရှိသောအခါ အာဗြဟံသည် ဣဇာက်ကို အရေဖျားလှီးခြင်းမင်္ဂလာပြုပါသည်။

Genesis 21:5

ဘုရားသခင်သည် စာရာအားမည်သို့ လုပ်ဆောင်ပေးသည်ဟု စာရာကပြောသနည်း။

ဘုရားသခင်သည် စာရာအား ရယ်အောင်လုပ်ဆောင်ပေးပါသည်။

Genesis 21:8

ဣဇာက် နို့ကွာသောနေ့၌ စာရာသည် မည်သည်ကို မြင်သနည်း။

ဟာဂရ၏ သားပြက်ရယ်ပြုသည်ကို စာရာမြင်ပါသည်။

Genesis 21:10

စာရာသည် ဟာဂရနှင့်သူမ၏သားတို့ကို မည်သို့လုပ်ရန်အာဗြဟံအား ပြောသနည်း။ အဘယ်ကြောင့်နည်း။

စာရာက ဟာဂရနှင့် သူမ၏ သားတို့ကိုနှင်ထုတ်ရန် အာဗြဟံအား ပြောပါသည်။ အဘယ်ကြောင့်ဆိုသော် ဟာဂရ၏ သားသည် ဣဇာက်နှင့်အတူ အမွေမခံရစေရန်ဖြစ်ပါသည်။

စာရာ၏ အလိုကြောင့် အာဗြဟံသည် မည်သို့ဖြစ်ရသနည်း။

စာရာ၏ အလိုကြောင့် အာဗြဟံသည် စိတ်သောကရောက်ပါသည်။

Genesis 21:12

ဘုရားသခင်သည် အာဗြဟံအားမည်သို့ ပြုလုပ်ရန်ပြောသနည်း။

ဘုရားသခင်သည် စာရာ၏ စကားကိုနားထောင်ရန် အာဗြဟံအား ပြောခဲ့သည်။

Genesis 21:14

အာဗြဟံက နှင်ထုတ်သောအခါ ဟာဂရနှင့်သူ၏သားတို့သည် မည်သည့်အရပ်သို့ သွားကြသနည်း။

ဟာဂရနှင့် သူမ၏သားတို့သည် တောထဲ၌နေကြပါသည်။

Genesis 21:17

ဘုရားသခင်က သူမ၏သားအတွက် မည်သို့လုပ်ပေးမည်ဟု ဟာဂရအား ပြောသနည်း။

ဘုရားသခင်က သူမ၏သားကို လူမျိုးကြီးဖြစ်အောင် လုပ်ပေးမည်ဟု ဟာဂရအား ပြောပါသည်။

Genesis 21:19

ဟာဂရနှင့် သူမ၏သားတို့သည် မည်ကဲ့သို့ အသက်ရှင်သနည်း။

ဘုရားသခင်သည် ဟာဂရ၏မျက်စိကို ဖွင့်တော်မူသဖြင့်ရေတွင်းကိုမြင်လျက် ထိုရေအားဖြင့် အသက်ရှင်ပါသည်။

ဟာဂရ၏ သားသည် ကြီးပြင်းလာသောအခါ မည်သို့ဖြစ်သနည်း။

ဟာဂရ၏ သားသည် ကြီးပြင်းလာသောအခါ လေးသမားဖြစ်လျက် ဟာဂရသည် သူအားအဲဂုတ္တုပြည်မှ မိန်းမတစ်ယောက်ကိုခေါ်၍ သူနှင့် စုံဘက်စေသည်။

Genesis 21:22

အဘိမလက်မင်းက အာဗြဟံသည် သူ့အား မည်သို့ကျိန်ဆိုစေရန် အလိုရှိသနည်း။

အဘိမလက်မင်းက အာဗြဟံသည် သူ့ကိုလည်းကောင်း၊ သူ့သားသမီးနှင့်မြေးများကိုလည်းကောင်း၊ မလှည့်စားရန်နှင့် သူသည်အာဗြဟံအား ကျေးဇူးပြုသကဲ့သို့ သူနှင့်သူ့တိုင်းပြည်ကို ကျေးဇူးပြုဖို့ အာဗြဟံအား ကျိန်ဆိုစေရန်အလိုရှိပါသည်။

Genesis 21:25

အာဗြဟံက မည်သည့်အကြောင်းနှင့်ပတ်သက်၍ အဘိမလက်မင်းအား စောဒက တက်သနည်း။

အာဗြဟံက အဘိမလက်မင်း၏ ကျွန်တို့ အနိုင်အထက်ပြုပြီးလုယူသော ရေတွင်းအကြောင်းနှင့်ပတ်သက်၍ အဘိမလက်မင်းအား အပြစ်တင်ပါသည်။

Genesis 21:28

အာဗြဟံက သိုးမခုနစ်ကောင်အား အဘိမလက်မင်းအား အဘယ်ကြောင့် ပေးသနည်း။

အာဗြဟံက သိုးမ ခုနစ်ကောင်အား အဘိမလက်မင်းအား ပေးရခြင်းအကြောင်းမှာ သူတူးခဲ့သော အငြင်းပွါး သည့် ရေတွင်း၏ သက်သေဖြစ်စေရန် အတွက်ဖြစ်ပါသည်။

Genesis 21:31

အဘိမလက်မင်းသည် မည်သည့်နေရာသို့ ပြန်သနည်း။

အဘိမလက်မင်းသည် ဖိလိတ္တိပြည်သို့ ပြန်ပါသည်။

Genesis 21:33

ဗေရရှေဘအရပ်ရှိ မန်ကျည်းပင်၌ အာဗြဟံသည် မည်သို့ပြုသနည်း။

အာဗြဟံသည် အစဥ်ထာဝရတည်တော်မူသောဘုရားသခင်ကို ဝတ်ပြုပါသည်။

အာဗြဟံသည် မည်သည့်အရပ်၌ ကြာမြင့်စွာနေသနည်း။

အာဗြဟံသည် ဖိလိတ္တိပြည်၌ ကြာမြင့်စွာနေပါသည်။