Genesis 5

Genesis 5:1

ကမ္ဘာဦးကျမ်းအခန်းကြီးငါး၏မှတ်တမ်းမှာအဘယ်နည်း။

ကမ္ဘာဦးကျမ်း အခန်းကြီးငါး၏ မှတ်တမ်းမှာ အာဒံ၏ သားစဥ်မြေးဆက်စာရင်း အကြောင်းကို မှတ်သားထားသည်။

လူကို မည်သူနှင့်တူအောင် ဖန်ဆင်းသနည်း။

လူကို ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်တူအောင်ဖန်ဆင်းထားသည်။

ဘုရားသခင်သည် လူ၏ မည်သည့်လိင်ကို ဖန်ဆင်းသနည်း။

ဘုရားသခင်သည် လူကို ယောင်္ကျားနှင့် မိန်းမအဖြစ်ဖန်ဆင်းပါသည်။

Genesis 5:3

အာဒံသည် မည်မျှ အသက်ရှည်သနည်း။

အာဒံသည် နှစ်ပေါင်းကိုးရာသုံးဆယ် အသက်ရှင်ခဲ့သည်။

Genesis 5:6

ရှေသသည် မည်မျှအသက်ရှည် သနည်း။

ရှေသသည် ကိုးရာတဆယ့်နှစ်ထိ အသက်ရှင်ပါသည်။

Genesis 5:12

ကာဣနန်သည် မည်မျှအသက်ရှည်သနည်း။

ကာဣနန်သည် နှစ်ပေါင်း ကိုးရာတဆယ် အသက်ရှင်ပါသည်။

Genesis 5:18

ယာရက်သည် မည်မျှ အသက်ရှည်သနည်း။

ယာရက်သည် ကိုးရာခြောက်ဆယ့်နှစ်နှစ် အသက်ရှင်ပါသည်။

Genesis 5:21

ဧနောက်သည် ဘုရားသခင်နှင့်မည်သို့ ဆက်နွယ်ပြီး၊ သူ၌မည်သို့ဖြစ်လာခဲ့သနည်း။

ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာပြီး၊ သူသည်ဘုရားသခင်၏ သိမ်းယူသွားခြင်းကို ခံရပါသည်။

Genesis 5:28

လာမက်သည်သူ၏ သားနောဧအကြောင်းကိုမည်သို့ပြောသနည်း။

လာမက်က သူ၏သား နောဧသည် ထာဝရဘုရား ကျိန်တော်မူသောမြေ၌ လုပ်၍ ပင်ပန်းစွာခံရသော သူတို့အားသက်သာစေသောသူဖြစ်မည်ဟု ပြောပါသည်။

Genesis 5:32

နောဧ၏ သားများကား မည်သူတို့နည်း။

နောဧ၏ သားများမှာ ရှေမ၊ ဟာမ နှင့် ယာဖက် တို့ဖြစ်ကြသည်။