Genesis 6

Genesis 6:1

မြေကြီးမျက်နှာပေါ်မှာလူတို့သည် များပြား၍ သားသမီးများလာသောအခါ၊ ဘုရားသခင်၏ သားတို့သည် မည်သို့ပြုကြသနည်း။

ဘုရားသခင်၏ သားတို့သည် လူသမီးတို့ကို ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ပြုကြသည်။

လူသားတို့၏ သက်တမ်းနှင့်ပတ်သက်၍ ဘုရားသခင်ကမည်သို့ပြောသနည်း။

ဘုရားသခင်က လူသားတို့၏ သက်တမ်းသည် နှစ်ပေါင်း တစ်ရာနှစ်ဆယ် ရှိမည်ဟု ပြောခဲ့သည်။

Genesis 6:4

အသက်ကြီးသူတို့၏ ကြီးမားသောသူ၊ ထင်ပေါ်ကျော်ကြားသူများမှာ မည်သူများ ဖြစ်ကြသနည်း။

အသက်ကြီးသူတို့၏ ကြီးမားသောသူတို့သည် ဘုရားသခင်၏ သားများနှင့်လူတို့၏ သမီးများမှမွေးဖွား၍ အားကြီးသောသူများအဖြစ် ကျော်ကြားသူများ ဖြစ်ကြပါသည်။

Genesis 6:5

ထိုအချိန်က လူသားတို့၏ စိတ်နှလုံးထဲ၌ မည်သို့ရှိသည်ကို ထာဝရဘုရားမြင်သနည်း။

ထိုအချိန်က လူသားတို့၏ စိတ်နှလုံးသည်ကြီးစွာသောကောက်ကျစ်ခြင်းနှင့် မကောင်းသောကြံစည်ခြင်းတို့ ရှိသည်ကို ထာဝရဘုရား သိမြင်ခဲ့သည်။

Genesis 6:7

ထာဝရဘုရားသည် လူသားတို့အား မည်သို့လုပ်ရန်ဆုံးဖြတ်ခဲ့သနည်း။

ထာဝရဘုရားသည် လူသားတို့အားမြေပေါ်မှ သုတ်သင်ပယ်ရှင်းရန် ဆုံးဖြတ်ခဲ့သည်။

ထာဝရဘုရားစိတ်တော်နှင့်တွေ့သော သူမှာမည်သူနည်း။

ထာဝရဘုရားစိတ်တော်နှင့်တွေ့သူမှာ နောဧဖြစ်ပါသည်။

Genesis 6:9

နောဧသည် မည်သို့သောသူဖြစ်သနည်း။

နောဧသည် ဖြောင့်မတ်သူ၊ စုံလင်သောသူ၊ ဘုရားသခင်နှင့်အတူသွားလာသောသူဖြစ်ပါသည်။

Genesis 6:13

ဘုရားသခင်သည် လူသားတို့အား မဖျက်ဆီးမီ နောဧအားမည်သို့ပြောသနည်း။

ဘုရားသခင်သည် နောဧအား သင်္ဘော ဆောက်ရန်ပြောခဲ့ပါသည်။

Genesis 6:16

အသက်ရှိသော သတ္တဝါအပေါင်းတို့အား ဘုရားသခင်ကမည်သို့ဖျက်ဆီးမည်ဟု ပြောသနည်း။

ဘုရားသခင်က မြေကြီးပေါ်မှာ ရေကိုလွှမ်းမိုးစေမည်ဟုပြောခဲ့သည်။

Genesis 6:18

သို့ရာတွင်ဘုရားသခင်၏ ပဋိညာဥ်ကို မည်သူ၌တည်စေမည်နည်း။

ဘုရားသခင်၏ ပဋိညာဥ်သည် နောဧ၌ တည်စေမည်။

မည်သူတို့အား သင်္ဘောပေါ်သို့တင်ရန် ဘုရားသခင်ကနောဧကို ပြောခဲ့သနည်း။

ဘုရားသခင်က နောဧအား သင်္ဘောပေါ်သို့ နောဧ၏ ဇနီး၊ သားသုံးယောက်နှင့် ဇနီးများကို တင်ရန်ပြောခဲ့သည်။

မည်သည့်တိရစ္ဆာန်များကို အသက်ချမ်းသာစေရန် သ င်္ဘောပေါ်သို့ တင်ခိုင်းသနည်း။

အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက အထီးအမအစုံတို့ကို သင်္ဘောပေါ် တင်ခိုင်းပါသည်။

Genesis 6:20

ဘုရားသခင် မှာထားတော်မူသည်ကို နောဧ မည်သို့တုံ့ပြန်သနည်း။

ဘုရားသခင် မှာထားတော်မူသည်အတိုင်း နောဧသည်ပြုလေသည်။