Genesis 4

Genesis 4:1

ကာဣနနှင့်အာဗေလတို့သည် မည်သည့်အလုပ်တို့ကိုလုပ်ကြသနည်း။

ကာဣနသည် လယ်လုပ်သောသူဖြစ်ပြီး၊ အာဗေလသည်သိုးထိန်းအလုပ်ကို လုပ်သောသူဖြစ်သည်။

Genesis 4:3

ကာဣနသည်ထာဝရဘုရားထံ မည်သည့်ပူဇော်သက္ကာကိုယူဆောင်လာသနည်း။

ကာဣနသည် လယ်မှရသော မြေအသီးကို ယူဆောင်လာသည်။

အာဗေလသည် ထာဝရဘုရားထံ မည်သည့်ပူဇော်သက္ကာကို ယူဆောင်လာသနည်း။

အာဗေလသည် မိမိသိုးစုတွင် အဦးဘွားသော သားအချို့နှင့် သိုးဆီဉကို ယူဆောင်လာသည်။

ထာဝရဘုရားသည် ကာဣနနှင့် အာဗေလတို့၏ ပူဇော်သက္ကာများကို မည်သို့တုံ့ပြန်သနည်း။

ထာဝရဘုရားသည် အာဗေလ၏ ပူဇော်သက္ကာကိုလက်ခံ၍၊ ကာဣန၏ ပူဇော်သက္ကာကို လက်မခံပါ။

ကာဣနသည် မည်သို့တုံ့ပြန်သနည်း။

ကာဣနသည် စိတ်ဆိုး၍ မျက်နှာပျက်လေသည်။

Genesis 4:6

ထာဝရဘုရားက ကာဣနသည် မည်သို့ပြုလုပ်လျှင် လက် ခံမည်ဟု ပြောသနည်း။

ထာဝရဘုရားက ကာဣနသည် ကောင်းစွာပြုလုပ်လျှင်လက်ခံရမည်ဟု ပြောခဲ့သည်။

Genesis 4:8

နောင်တွင် ကာဣနနှင့် အာဗေလတို့သည် လယ်ထဲ၌ မည်သို့ ဖြစ်ကြသနည်း။

ကာဣနသည် အာဗေလကို ရန်ဘက်ပြု၍ သတ်လေသည်။

ထာဝရဘုရားက ကာဣနအား သင်၏ ညီအဘယ်မှာနည်းဟုမေးသောအခါ ကာဣနက မည်သို့ပြန်ဖြေသနည်း။

ကာဣနက မိမိမသိ၊ မိမိသည် ညီကိုစောင့်ရှောက်သောသူဖြစ်သလောဟု ပြန်ဖြေခဲ့သည်။

Genesis 4:10

ထာဝရဘုရားက ကာဣနအပေါ် မည်သို့ ကျိန်ဆဲခဲ့သနည်း။

မြေ၌ လုပ်သောအခါ ပကတိအတိုင်းအသီးအနှံကို မရရ၊ မြေကြီးပေါ်မှာပြေးသောသူ၊ အရပ်ရပ်လည်ရသောသူဖြစ်ရလိမ့်မည် ဟူ၍ ကျိန်ခြင်းကို ပေးခဲ့သည်။

Genesis 4:13

ကာဣနအား မည်သူမျှမသတ်စေရန် ထာဝရဘုရားကမည်သို့လုပ်ပေးသနည်း။

ထာဝရဘုရားသည် ကာဣန၌ အမှတ် ပေးတော်မူခဲ့သည်။

Genesis 4:16

ကာဣနသည် မည်သည့်အရပ်၌ သွား၍နေသနည်း။

ကာဣနသည် ဧဒင်ပြည်အရှေ့၊ နောဒပြည်တွင်နေလေသည်။

Genesis 4:18

ကာဣနမှဆင်းသက်သော လာမက်၌ မိန်းမဘယ်နှစ်ယောက်ရှိသနည်း။

လာမက်၌ မိန်းမ နှစ်ယောက်ရှိပါသည်။

Genesis 4:23

လာမက်က သူသည် အဘယ်အရာကို လုပ်ခဲ့သည်ဟုမိန်းမတို့အား ပြောသနည်း။

လာမက်က သူသည် လူတစ်ယောက်ကို သတ်ခဲ့သည်ဟုမိန်းမတို့အား ပြောခဲ့သည်။

Genesis 4:25

အာဒံနှင့်ဧဝတို့မှ မွေးဘွားသော အခြားသောသားတစ်ယောက်၏ အမည်မှာ အဘယ်နည်း။

အာဒံနှင့်ဧဝတို့မှမွေးဘွားသော နောက်ထပ်သားတစ်ယောက်၏ အမည်မှာ ရှေသဖြစ်ပါသည်။

ရှေသ၏ သားဧနုတ်အချိန်တွင် လူအပေါင်းတို့သည် မည် သည့်အရာကို စတင်ပြုလုပ်ကြသနည်း။

လူအပေါင်းတို့သည် ထာဝရဘုရား၏ နာမတော်ကိုအမှီပြု၍ ကိုးကွယ်ခြင်းကို အစပြုလာကြသည်။