Genesis 3

Genesis 3:1

မြွေသည်လူမိန်းမအားမေးသည့် ပထမမေးခွန်းက ဘာမေးခွန်းနည်း။

မြွေသည်လူမိန်းမအား ဥယျာဥ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟု ထာဝရအရှင်ဘုရားသခင်ကဧကန်အမှန်ပြောသလော ဟူ၍ မေးမြန်းခဲ့သည်။

Genesis 3:4

လူမိန်းမက ဥယျာဥ်အလယ်၌ရှိသော အသီးကိုစားလျှင်ထာဝရဘုရားသခင်က အမှန်သေရမည်ဟုပြောသည်ကိုမြွေကမည်သို့ ပြန်ပြောသနည်း။

မြွေက သင်တို့သည် ဧကန်အမှန် မသေရကြဟုပြောခဲ့သည်။

လူယောကျ်ားနှင့်လူမိန်းမတို့သည် ထိုအသီးကိုစားလျှင်မည်သို့ဖြစ်ရလိမ့်မည်ဟု မြွေကပြောသနည်း။

မြွေက ထိုအသီးကိုစားလျှင် ဘုရားသခင်ကဲ့သို့ဖြစ်လျက် ကောင်းမကောင်းကို သိရလိမ့်မည်ဟု ပြောခဲ့သည်။

ထိုအပင်၏ အသီးက လူမိန်းမအား မည်သို့ ဆွဲဆောင်သနည်း။

ထိုအပင်သည်စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွါးစေလိုသောငှါ နှစ်သက်ဘွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင် စာချင်းသောစိတ်ရှိသည်။

အသီးကို မည်သူစားသနည်း။

လူမိန်းမသည်ယူ၍ စားပြီးလျှင် မိမိခင်ပွန်းအားလည်းပေး၍ သူသည်လည်း စား၏။

Genesis 3:7

သူတို့သည် အသီးကို စားပြီးသောအခါ မည်သို့ဖြစ်သနည်း။

သူတို့သည် စားပြီးနောက်၊ မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို မြင်ကြသည်။

ထာဝရအရှင်ဘုရားသခင်သည် ဥယျာဥ်သို့ကြွသောအသံကိုကြားလျှင် လူယောကျ်ားနှင့်လူမိန်းမတို့သည် မည်သို့လုပ်ကြသနည်း။

လူလင်မယားတို့သည်ကြားလျှင် အထံတော်မှလွှတ်ခြင်းငှါ၊ ဥယျာဥ်အလည်၌ ပုန်းကွယ်လျက်နေကြသည်။

Genesis 3:9

ထာဝရအရှင်ဘုရားသခင်သည် ဥယျာဥ်၌ကြွလာသောအခါ၊ လူလင်မယားတို့သည်အဘယ်ကြောင့် ဘုရားသခင်ထံတော်မှပုန်းကွယ်လျက်နေကြသနည်း။

လူလင်မယားတို့သည် ထာဝရအရှင်ဘုရားသခင်ထံတော်မှပုန်းကွယ်ရခြင်းအကြောင်းမှာ အဝတ်အစားမရှိခြင်းနှင့်ကြောက်ရွံ့ခြင်းတို့ကြောင့်ဖြစ်ပါသည်။

Genesis 3:12

လူယောက်ျားအား အသီးကိုပေးခြင်းအတွက်မည်သူက တာဝန်ရှိသည်ဟု ပြောသနည်း။

လူယောကျ်ားက လူမိန်းမတွင် တာဝန်ရှိသည်ဟု ပြောပါသည်။

လူမိန်းမအား အသီးကိုပေးခြင်းအတွက် မည်သူကတာဝန်ရှိသည်ဟု ပြောသနည်း။

လူမိန်းမက မြွေတွင် တာဝန်ရှိသည်ဟု ပြောပါသည်။

Genesis 3:14

လူမိန်းမနှင့် မြွေတို့အကြားတွင် ဆက်ဆံရေး မည်သို့ရှိနေရမည်ဟု ဘုရားသခင်က ပြောသနည်း။

ဘုရားသခင်က သူတို့သည် အချင်းချင်း ရန်ငြိုးဖွဲ့၍ မုန်းတီးရကြမည်ဟု ပြောပါသည်။

Genesis 3:16

လူမိန်းမသည် ကလေးဖွားမြင်ရာတွင် မည်သို့ဖြစ်မည်ဟုဘုရားသခင် ကျိန်ဆဲခဲ့သနည်း။

ဘုရားသခင်သည် လူမိန်းမ၌ ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်ဟု ကျိန်းဆဲခဲ့သည်။

Genesis 3:17

လူယောကျ်ားသည် အလုပ်လုပ်ရာ၌ ဘုရားသခင် မည်သို့ ကျိန်ဆဲခဲ့သနည်း။

လူယောကျ်ားသည် မြေ၏အသီးကို တစ်သက်ပတ်လုံးပင်ပန်းစွာ စားရမည်ဟု ကျိန်ဆဲခဲ့သည်။

Genesis 3:20

လူယောကျ်ားက လူမိန်းမအား မည်သည့်အမည်ကို အဘယ်ကြောင့်ပေးသနည်း။

လူယောကျ်ားက လူမိန်းမအား "ဧဝ" ဟုမှည့်၏။ အကြောင်းမူကား သူသည် အသက်ရှင်သောသူအပေါင်းတို့၏ အမိဖြစ်သတည်း။

အာဒံနှင့်ဧဝတို့အတွက် ဘုရားသခင်က မည်သည့်အရာကို အဘယ်ကြောင့်လုပ်ပေးသနည်း။

ဘုရားသခင်က သူတို့အား လုံခြုံစေရန် သားရေဝတ်လုံကိုလုပ်၍ ဝတ်စေပါသည်။

Genesis 3:22

ဘုရားသခင်က အာဒံသည်အသက်ပင်၏ အသီးကိုမစားရဟု အဘယ်ကြောင့်ပြောသနည်း။

အာဒံသည် ကောင်းမကောင်းကို သိကျွမ်းပြီးဖြစ်သောကြောင့် ထာဝရအသက်မရှင်စေဖို့ အသက်ပင်၏ အသီးကို မစားမိစေရန် ပြောဆိုခြင်းဖြစ်သည်။

အာဒံသည် အသက်ပင်၏ အသီးကိုစားခြင်းမှ ကာကွယ်ရန်ဘုရားသခင်က မည်သို့လုပ်သနည်း။

ဘုရားသခင်က အာဒံကို ဥယျာဥ်မှနှင်ထုတ်ပြီး၊ ထိုနေရာ၌ခေရုဗိန်တို့ကို အသက်ပင်အားစောင့်ရှောက်ရန်ထားရှိသည်။