Genesis 2

Genesis 2:1

ဘုရားသခင်သည် ခုနစ်ရက်နေ့မြောက်တွင် ဘာလုပ်ခဲ့သနည်း။

ဘုရားသခင်သည် ဖန်ဆင်းသောအမှုကိုလက်စသတ်တော်မူခဲ့ပြီးမှ၊ ငြိမ်ဝပ်စွာနေ၍၊ ထိုနေ့ကိုကောင်းကြီးပေးလျက်သန့်ရှင်းစေခဲ့ပါသည်။

Genesis 2:4

ထာဝရဘုရားသည် မိုဃ်းကို ရွာ​စေတော်မမူချိန်တွင် မြေသည် ရေကို မည်သို့ရရှိသနည်း။

မြေမှအခိုးအငွေ့ထွက်သဖြင့် မြေတပြင်လုံးကို စိုစေ၏။

Genesis 2:7

ထာဝရဘုရားသည်လူကို မည်သို့ဖန်ဆင်းသနည်း။

ထာဝရဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏ နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းခြင်းဖြင့် ဖန်ဆင်းခဲ့ပါသည်။

ထာဝရအရှင်ဘုရားသခင်သည် လူကို မည် သည့်နေရာတွင် နေစေခဲ့သနည်း။

ဧဒင်ဥယျာဥ်တွင် နေစေခဲ့ပါသည်။

Genesis 2:9

ဥယျာဥ်၏အလယ်၌ရှိသော သစ်ပင်နှစ်ပင်သည် မည် သည့်အပင် ဖြစ်သနည်း။

အသက်ပင်နှင့် ကောင်းမကောင်းကို သိကျွမ်းရာအပင်များဖြစ်ပါသည်။

Genesis 2:15

လူသည် ဥယျာဥ်၌ မည်သို့လုပ်ဆောင်ရမည်နည်း။

လူသည်ဥယျာဥ်ကို ပြုစုစောင့်ရှောက်ရပါသည်။

ထာဝရအရှင်ဘုရားသခင်သည် လူအားမည်သည့်အစာကိုစားရန်ပညတ်ထားသနည်း။

ထာဝရအရှင် ဘုရားသခင်သည် ကောင်းမကောင်းကိုသိကျွမ်းသော အပင်မှတပါး၊ ထိုဥယျဥ်၌ရှိသမျှသောအပင်များ၏ အသီးများကို စားရသောအခွင့်ရှိကြောင့် ပညတ်ထားပါသည်။

လူသည်ပညတ်တော်ကိုချိုးဖေါက်လျှင် မည်သို့ဖြစ်မည်ဟု ထာဝရအရှင်ဘုရားသခင် ပြောခဲ့သနည်း။

စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူခဲ့သည်။

Genesis 2:18

ထာဝရအရှင် ဘုရားသခင်က မည်သည့်အရာကို မကောင်းဟုပြောခဲ့သနည်း။

ထာဝရအရှင်ဘုရားသခင်က လူယောင်္ကျားသည် တယောက်တည်း နေရသည်ကို မကောင်းဟုပြောခဲ့သည်။

အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ထာဝရအရှင်ဘုရားသခင်သည် လူအား မည်သို့ တာဝန်ပေးသနည်း။

ဖန်ဆင်းထားသောအသက်ရှင်သောသတ္တဝါအပေါင်းတို့ကိုအမည်ပေးရန် လူအားတာဝန်ပေးခဲ့သည်။

ဖန်ဆင်းထားသော သက်ရှိသတ္တဝါများထဲတွင် မည်သည့်အရာကိုမတွေ့ရသနည်း။

လူနှင့်တော်သော အထောက်အမကို မတွေ့ရပါ။

Genesis 2:21

ထာဝရအရှင်ဘုရားသခင်သည် လူမိန်းမကို မည်သို့ဖန်ဆင်းသနည်း။

ဘုရားသခင်သည် လူကိုကြီးသော အိပ်ခြင်းဖြင့်အိပ်စေတော်မူ၍ လူသည်အိပ်ပျော်စဥ်၊ နံရိုးတစ်ချောင်းကိုထုတ်ပြီးလျှင် ထိုနံရိုးဖြင့် လူမိန်းမကို ဖန်ဆင်းခဲ့သည်။

လူသည် ဘာကြောင့် "မိန်းမ" ဟု ခေါ်ရသနည်း။

လူထဲက ထုတ်သောကြောင့် သူ့ကို "မိန်းမ ဟုခေါ်ဝေါ်ခြင်း ဖြစ်သည်။

Genesis 2:24

လူယောကျ်ားနှင့်လူမိန်းမတို့သည် မည်ကဲ့သို့တသားတကိုယ်တည်းဖြစ်ရသနည်း။

ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့် တသားတကိုယ်တည်းဖြစ်လာသည်။

လင်မယားနှစ်ဦးသည် အဝတ်မဝတ်ဘဲနေသည်ကိုရှက်ကြောက်ကြပါသလား။

မရှက်ကြောက်ကြပါ။