Genesis 27

Genesis 27:1

မျက်စိမှုန်သဖြင့်

မျက်စိကို မေးမှိန်တတ်သော မီးအိမ်ကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မျက်စိကွယ်သဖြင့်" သို့မဟုတ် "မျက်စိကွယ်လုပြီ ဖြစ်သဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ထူးလေ၏

"ဧသော ထူးလေ၏"

အကျွန်ုပ်ရှိပါ၏

"ရှိပါ၏" သို့မဟုတ် "နားထောင်နေပါ၏။" ၂၂:၁ မှ ပြန်ဆိုချက်ကို ရှု။

အဘကလည်း

"ဣဇာက်ကလည်း"

အဘယ်သောအခါ သေရမည်ကို ငါမသိ

မကြာခင် သေတော့မည်ဟု ထင်မိဟန် ရှိ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "မကြာမီ ငါသေရတော့မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သေရမည်

ခန္ဓာသေခြင်းကို ညွှန်းသည်။

Genesis 27:3

ယေဘုယျ အချက်အလက်

ဣဇာက်က သားကြီး ဧသောကို ဆက်လက် ညွှန်ကြားသည်။

သင့်ကို ကောင်းကြီးပေးမည်အကြောင်း

ရှေးကျမ်းစာခေတ်တွင်၊ ဖခင်က မိမိသားသမီးအတွက် ဆုတောင်း ကောင်းကြီးပေးရသည်။

သင်၏လက်နက်

"သင့် အမဲလိုက်လက်နက်"

မြှားတောင့်

မြှားကို ထည့်သော လက်နက်အိမ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြှားအုပ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အမဲကောင်ကို ရအောင်ရှာပြီးလျှင်

"သားကောင်ကို ဖမ်းပြီးလျှင်"

ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်၍

"မြိန်ရှက်" မှာ ကြိုက်သည်ဟု ဆိုလို၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါကြိုက်တတ်သော အသားဟင်းကို ချက်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 27:5

ထိုသို့

ရေဗက္ကနှင့်ယာကုပ်တို့ သားအမိအကြောင်းကို အာရုံပြုကြောင်း ထင်ရှားစေသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-background)

ဣဇာက်သည် သားဧသောအား ပြောဆိုသောစကားကို ရေဗက္က ကြားသည်ဖြစ်၍

"ထိုသို့ ဣဇာက်သည် မိမိသားဧသောထံ ဆိုသောစကားကို ရေဗက္က ကြားလေ၏"

ဧသောသည် . . . အရှာသွားစဉ်တွင်

ဧသော အမဲလိုက် ထွက်သွားစဉ် ဖြစ်ပျက်သည့်အရာကို နားလည်သဘောပေါက်စေရန် "ထိုစဉ်တွင်" ဟူသော အသုံးအနှုန်းဖြင့် ပြောင်းလဲ ထည့်သွင်းနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤသို့ဖြင့် ဧသောသည် ... ထွက်ရှာ၏။ ထိုစဉ်တွင်" (ရှု၊ /WA-Catalog/my_tm?section=translate#writing-connectingwords)

သားဧသောအား . . . သားယာကုပ်

ဧသောနှင့်ယာကုပ်မှာ ဣဇာက်နှင့် ရေဗက္ကတို့၏ သားများ ဖြစ်သော်လည်း မိဘတဦးစီက သားတယောက်စီကို နှစ်သက်ကြောင်း ထင်ရှားသည်။

သင်၏အဘက၊ ငါမသေမှီ ထာဝရဘုရား၏ ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်အကြောင်း၊ ငါစားစရာဘို့ အမဲသားကို ယူခဲ့၍၊ အမဲဟင်းလျာကို ချက်ပါဟု သင်၏အစ်ကို ဧသောအား ပြောသည်

ဆိုခဲ့သောစကားကို ပြန်လည် ကိုးကားခြင်းဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့်လည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏အဘက မိမိမသေမှီ ယာဝေးဘုရား ရှေ့တော်မှာ သင့်အကို ဧသောကို ကောင်းကြီးပေးနိုင်ရန် မိမိနှစ်သက်သော အသားဟင်းကို ချက်ကြွေးဖို့အတွက် အမဲလိုက်စေသည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

အမဲသားကို ယူခဲ့၍

"သင်ဖမ်းသော တောကောင်ကို ယူခဲ့၍"

အမဲဟင်းလျာကို ချက်ပါ

"အသားဟင်းကို ချက်ပါ။" ၂၇:၃ မှ ပြန်ဆိုချက်ကို ရှု။

ထာဝရဘုရား၏ ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်

"ထာဝရဘုရား ရှေ့မှောက်မှာ သင့်ကို ငါကောင်းချီးပေးမည်"

ငါမသေမှီ

"ငါသေသောနေ့ မစေ့မီ"

Genesis 27:8

ယေဘုယျ အချက်အလက်

သားငယ်ယာကုပ်ထံ ရေဗက္က ဆက်လက် ညွှန်ကြားသည်။

ငါမှာထားသမျှသော စကားကို နားထောင်ပါလော့

"မှာထားသမျှသော စကား" မှာ ပြောသမျှသောအရာကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့စကားကို နားထောင်၍ ငါခိုင်းသည့်အတိုင်း ပြုပါလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်

"မြိန်ရှက်" မှာ ကြိုက်နှစ်သက်သည်ဟု ဆိုလိုသည်။ ၂၇:၃ မှ ပြန်ဆိုချက်ကို ရှု။

သင်သည် အဘထံသို့ပို့ဆောင်ရမည်

"သင့်အဖထံသို့ ပို့ဆောင်ရမည်"

သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှါ

"ထိုအစာကို စားပြီးနောက် သင့်ကို ကောင်းကြီးပေးမည်အကြောင်း"

သင့်ကို ကောင်းကြီးပေးမည်

"ကောင်းကြီး" မှာ သားသမီးအပေါ် ဖခင် မိန့်မြွက်သော ကောင်းခြင်းပြုစကား ဖြစ်သည်။

သင်၏အဘ မသေမှီ

"သူမသေမှီ"

Genesis 27:11

ကျွန်ုပ်ကား ချောမွှတ်သောသူ ဖြစ်၏

"ကျွန်ုပ်၌ ချောမွှတ်သော အသားရှိ၏" သို့မဟုတ် "ကျွန်ုပ်မှာ အမွေးမထူပါ"

သို့ဖြစ်လျှင် ကျွန်ုပ်ကို လှည့်စားသောသူဟူ၍ ထင်သဖြင့်

"ထိုသို့ဖြင့် သူ့ကို လှည့်ဖျားသည်ဟု ထင်သဖြင့်" သို့မဟုတ် "ထို့သို့ဖြင့် သူ့ကို လှည့်ဖျားကြောင်း သိလျှင်"

ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာ ခံရလိမ့်မည်

မင်္ဂလာနှင့် အမင်္ဂလာတရားကို လူတဦးပေါ် တင်နိုင်သော ဝတ္ထုကဲ့သို့ ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ကို ကောင်းကြီးမင်္ဂလာ မပေးဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာ ပေးလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 27:13

ငါ့သား၊ သင်ခံရသော ကျိန်ခြင်းအမင်္ဂလာသည် ငါ၌သက်ရောက်ပါစေ

"ငါ့သား၊ သင့်ကျိန်ခြင်းအမင်္ဂလာသည် ငါ့အပေါ် သက်ရောက်ပါစေ။" ကျိန်ခြင်းကို လူတဦးပေါ် တင်နိုင်သော အရာဝတ္ထုကဲ့သို့ ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့သား၊ သင့်အဖသည် ငါ့ကိုသာ ကျိန်ခြင်းအမင်္ဂလာ ပေးပါစေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငါ့စကားကို နားထောင်၍

"ငါ့စကား" မှာ သူမ ပြောသမျှသောအရာကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါပြောသမျှကို နားထောင်၍" သို့မဟုတ် "ငါ့ကို နာခံ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ဆိတ်သငယ်တို့ကိုသာ ယူခဲ့ပါ

"ထိုအကောင်တို့ကိုသာ ယူခဲ့ပါ"

အဘမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်လေ၏

"မြိန်ရှက်" မှာ ကြိုက်နှစ်သက်ကြောင်း ဆိုလိုသည်။ ၂၇:၃ မှ ပြန်ဆိုချက်ကို ရှု။

Genesis 27:15

ဆိတ်သငယ်၏ သားရေကိုလည်းယူ၍ သူ၏လက်၌၎င်း . . . ဆင်ယင်ပြီးလျှင်

ဆိတ်သားရေပေါ်တွင် သားမွေးများ ကျန်ရှိနေသေးသည်။

မိမိချက်သော အမဲဟင်းနှင့်မုန့်ကို သားယာကုပ်လက်၌ အပ်ပေး၏

"မိမိပြင်ဆင်ထားသော အသားဟင်းနှင့်မုန့်ကို သားယာကုပ်ထံ အပ်ပေး၏"

Genesis 27:18

အဘကလည်း . . . ဟု မေး၏

"သူကလည်း ... ဟု ပြန်ထူး၏" သို့မဟုတ် "ဣဇာက်ကလည်း ... ဟု ပြန်ထူး၏" (UDB)

ငါရှိ၏

"ငါ နားထောင်၏" သို့မဟုတ် "အဘယ်နည်း။" ၂၂:၁ မှ ပြန်ဆိုချက်ကို ရှု။

အဘမှာထားသည်အတိုင်း ပြုပါပြီ

"အဖမှာထားသည့်အတိုင်း ပြုပါပြီ"

အကျွန်ုပ်၏အမဲသား

"အမဲသား" ဟူရာတွင် တောကောင်ကို ညွှန်းသည်။ ၂၇:၃ မှ ပြန်ဆိုချက်ကို ရှု။

Genesis 27:20

မေးလျှင် . . . ဟု ပြန်ဆိုလေ၏

"မေးလျှင်၊ ယာကုပ်ကလည်း ... ဟု ပြန်ထူး၏"

အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသောကြောင့်

ဘုရားသခင်က ဆောင်ရွက်ပေးကြောင်း ဆိုလိုသော ဒေသိယစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်ကို အောင်မြင်ခြင်း ပေးတော်မူသဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

သင်သည် ငါ့သားဧသော မှန်သည်မမှန်သည်ကို သိလို၍

"သင်သည် ငါ့သား ဧသော မှန်လျှင်"

Genesis 27:22

ယာကုပ်သည် အဘထံပါးသို့ ချဉ်းကပ်၍

"ယာကုပ်သည် အဘဣဇာက်ထံ ချဉ်း၍"

အသံကား ယာကုပ်၏အသံ

ယာကုပ်အသံမှာ ယာကုပ်ကိုယ်တိုင်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်ကဲ့သို့ ပြောဆိုသော်လည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

လက်တို့ကား ဧသော၏လက် ဖြစ်ပေသည်

ဧသောလက်မှာ ဧသောကိုယ်တိုင်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လက်တို့ကား ဧသော ကဲ့သို့ဖြစ်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 27:24

သို့ရာတွင် တဖန်ကား . . . ဟု မေးပြန်လျင်

ကောင်းကြီးမပေးမှီ မေးလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နောက်တဖန် ... ဟု မေးပြန်လျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-events)

ငါ့သား၏ အမဲသားကို ငါစားအံ့

"အမဲသား" မှာ တောကောင်ကို ညွှန်းသည်။ ၂၇:၅ ရှိ "အမဲသား" ပြန်ဆိုချက်ကို ရှု။

အဘသောက်လေ၏

"ဣဇာက် သောက်လေ၏"

Genesis 27:26

အဘဣဇာက်ကလည်း၊ သူ့အဝတ်၏ အနံ့ကို ခံ၍ကြည့်ပါ

အဝတ်သည် ဧသောအဝတ်၏ အနံ့ကဲ့သို့ ဖြစ်ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣဇာက်ကလည်း၊ သူ့အဝတ်၌ ဧသော၏ အနံ့အသက်ကို ရသဖြင့်၊ ကြည့်ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အဘဣဇာက်ကလည်း

"ဣဇာက်ကလည်း"

အနံ့

"အနံ့အသက်"

. . . ကြည့်ပါ။ ငါ့သား၏အနံ့

"ကြည့်ပါ" ဟူရာတွင် "မှန်ပါသည်" ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မှန်ပါသည်။ ငါ့သား၏ အနံ့" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ထာဝရဘုရား ကောင်းကြီးပေးတော်မူသော

"ကောင်းကြီး" ဟူရာတွင် လယ်ကို ကြီးပွါးစေကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား ကြီးပွါးစေတော်မူသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

Genesis 27:28

ယေဘုယျ အချက်အလက်

ဣဇာက်၏ ကောင်းကြီးပေးပို့သော စကားဖြစ်သည်။ ဣဇာက်က ဧသောထံ ပြောဆိုနေသည်ဟု ထင်မှတ်သော်လည်း၊ အမှန်တွင် ထိုသူမှာ ယာကုပ်ဖြစ်သည်။

သင့်အား ပေးတော်မူစေသတည်း

"သင့်" မှာ ပုဂ္ဂလနာမ်စားဖြစ်ပြီး ယာကုပ်ကို ညွှန်းသည်။ ဤကောင်းကြီးမင်္ဂလာမှာ ယာကုပ်၏ သားစဉ်မြေးဆက်အပေါ်၌လည်း သက်ရောက်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-you နှင့် /WA-Catalog/my_tm?section=translate#figs-synecdoche)

မိုဃ်းကောင်းကင်၏နှင်းကို၎င်း

"နှင်း" ဟူရာတွင် ညအချိန်၌ အပင်များအပေါ်တွင် ဖြစ်တတ်သော ရေစက်ကို ညွှန်းသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိုဃ်းကောင်းကင် မြူနှင်းကိုလည်းကောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

မြေကြီး၏ဆီဥကို၎င်း

မြေဩဇာကောင်းကြောင်းကို ဝဖြိုးခြင်း သို့မဟုတ် အဆီဖြင့် တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေဆီဩဇာကိုလည်းကောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

များစွာသော ဆန်စပါး၊ စပျစ်ရည်ကို၎င်း

"ဆန်စပါး" နှင့် "စပျစ်ရည်" ကို နားလည်ရခက်လျှင်၊ ယေဘုယျသဘောဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "များစွာသော အစားအစာ၊ အရည်ကိုလည်းကောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 27:29

သင် . . . သင့်

ပုဂ္ဂလနာမ်စားများ ဖြစ်ပြီး ယာကုပ်ကို ညွှန်းသည်။ သို့ရာတွင် အဆိုပါကောင်းကြီး မင်္ဂလာတို့မှာ ယာကုပ်၏ သားစဉ်မြေးဆက်တို့အပေါ် သက်ရောက်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-you နှင့် /WA-Catalog/my_tm?section=translate#figs-synecdoche)

အပြည်ပြည်တို့သည်

"အပြည်ပြည်" မှာ လူတို့ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တိုင်းပြည်အပေါင်းမှ လူအပေါင်းတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ဦးညွှတ်ကြရစေသတည်း

ရိုသေလေးမြတ်ခြင်းသဘောကို ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

သင်သည် သင်၏ညီအစ်ကိုတို့၌ အရှင်ဖြစ်၍

"သင့်ညီအစ်ကိုတို့၌ အရှင်ဖြစ်၍"

သင်၏ညီအစ်ကိုတို့ . . . သင့်အမိသားတို့

ယာကုပ်ထံ မိန့်ဆိုသော ကောင်းကြီးစကားဖြစ်သည်။ သို့သော်လည်း ဧသောနှင့် ရှိနိုင်သည့် ညီအစ်ကို အားလုံး၏ အမျိုးကို အစိုးရမည့် ယာကုပ်၏ အမျိုးအပေါ်လည်း သက်ရောက်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

သင့်အမိသားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း

"သင့် အမိသားတို့၏ ဦးညွတ်ခြင်းကို ခံရစေသတည်း"

သင့်ကို ကျိန်ဆဲသောသူ အပေါင်းတို့သည် ကျိန်ဆဲခြင်းကို ခံရကြစေသတည်း

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အား ကျိန်ဆဲသောသူ အပေါင်းတို့ကို ဘုရားသခင် ကျိန်ဆဲတော်မူစေသတည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သင့်ကို ကောင်းကြီးပေးသောသူ အပေါင်းတို့ သည် ကောင်းကြီးကို ခံရကြစေသတည်း

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အား ကောင်းကြီးပေးသောသူ အပေါင်းတို့ကို ဘုရားသခင် ကောင်းကြီးပေးတော်မူစေသတည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 27:30

အဘထံမှ ထွက်သွားသော ခဏခြင်းတွင်

"အဖဣဇာက်ထံမှ ထွက်သွားပြီး ခဏခြင်းတွင်"

အမဲဟင်းလျာ

"အသားဟင်း။" ၂၇:၃ မှ ပြန်ဆိုချက်ကို ရှု။

သား၏ အမဲသား

"အမဲသား" ဟူရာတွင် တောကောင်ကို ညွှန်းသည်။ ၂၇:၅ ရှိ "အမဲသား" ပြန်ဆိုချက်ကို ရှု။

အကျွန်ုပ်ကို ကောင်းကြီးပေးမည်အကြောင်း

သားသမီးအပေါ် ဖခင်၏ ကောင်းကြီးပေး မိန့်မြွက်သောစကားကို ညွှန်းသည်။

Genesis 27:32

. . . ဟု မေးလျှင်

"... ဟု ဧသောကို မေးလျှင်"

အဘဣဇာက်သည် အလွန် တုန်လှုပ်၍

"ဣဇာက်သည် အလွန် တုန်လှုပ်၍"

အမဲသားကိုရ၍

"အမဲသား" ဟူရာတွင် တောကောင်ကို ညွှန်းသည်။ ၂၇:၅ ရှိ "အမဲသား" ပြန်ဆိုချက်ကို ရှု။

Genesis 27:34

အလွန်ပြင်းသောအသံနှင့် သည်းထန်စွာ ငိုကြွေးလျက်

ဧသော၏ နာကျင်မှုကို လွန်စွာ ပြင်းထန်သော အရာကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပြင်းထန်စွာ ငိုကြွေးလျက်" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

သင်၏ ကောင်းကြီးမင်္ဂလာကို ယူသွားပြီ

ဧသော ပိုင်ရမည့်အရာကို ယာကုပ် ယူသွားသကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အစား သူ့ကို ကောင်းကြီး ပေးခဲ့ပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 27:36

သူ့ကို ယာကုပ်ဟူသော အမည်ဖြင့် လျောက်ပတ်စွာ မှည့်ပါပြီ မဟုတ်လော

ယာကုပ်အပေါ် မိမိ၏ မုန်းတီးမှုကို ထင်ရှားစေရန် အသုံးပြုသော မေးခွန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်ဟူသော အမည်မှာ ကျွန်ုပ်ညီနှင့် လျောက်ပတ်သည် မဟုတ်လား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ယာကုပ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "ယာကုပ်မှာ 'ခြေဖနှောင့်ကို စွဲကိုင်သူ' ဟု ဆိုလိုသည်။ 'ယာကုပ်' မှာ 'လှည့်ဖျားသူ' ဟူသော မူရင်းစကားနှင့် အသံထွက်ချင်း နီးစပ်သည်" ဟူ၍ မှတ်ချက် ထည့်သွင်းနိုင်သည်။

သားဦးအရိုက်အရာကို အရင်ယူသွားပါပြီ

သားဦးအရာမှာ ယူသွား၍ရသော ပစ္စည်းကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားဦးအရာ ယူသွားခဲ့၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

တဖန် အကျွန်ုပ်၏ ကောင်းကြီးမင်္ဂလာကို ယူသွားပါပြီ

ကောင်းကြီးမှာ ယူသွား၍ရသော ပစ္စည်းကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယခု၌၊ ကျွန်ုပ်အစား သူ့ကို ကောင်းကြီးပေးရန် လှည့်စားပါပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

အကျွန်ုပ်အဘို့ ကောင်းကြီးမင်္ဂလာ တပါးကိုမျှ မခြွင်းပါသလော

ဖခင်က ယာကုပ်အား ပေးပြီးသော ကောင်းကြီးကို သူ့ထံ ပေး၍မရနိုင်တော့ကြောင်း ဧသော သိသည်။ ထို့ကြောင့် ယာကုပ်အား ပေးရန် ကျန်ရှိသော ကောင်းကြီးရှိလျှင် တောင်းဆိုခြင်းဖြစ်သည်။

သို့ဖြစ်၍ ငါ့သား၊ သင်၌ အဘယ်သို့ပြုနိုင်တော့အံ့နည်း

မိမိပြုနိုင်သောအရာ မရှိတော့ကြောင်း ဣဇာက် မေးလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့ဖြစ်၍၊ သင့်အား ပေးရန် တစုံတခုမျှ မရှိတော့ပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

Genesis 27:38

အိုအဘ၊ ကောင်းကြီးမင်္ဂလာ တစုံတခုမျှ မရှိပါသလော

အဟုတ်ဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ "အိုအဖ၊ ကျွန်ုပ်အတွက် ကောင်းကြီးမင်္ဂလာ ကျန်ရှိပါသေးသလော"

Genesis 27:39

. . . ဟု ပြန်၍ဆိုလေ၏

"... ဟု ဧသောအား ဆိုလေ၏"

ကြည့်ရှုပါ

ဣဇာက်က မိမိပြောလိုသောအရာကို အသားပေးရန် သုံးနှုန်းခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နားထောင်လော့" သို့မဟုတ် "ငါပြောမည့်အရာကို နားစဉ်လော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

မြေကြီး၏ဆီဥနှင့်၎င်း . . . ပြည့်စုံလိမ့်မည်

မြေဩဇာကို တင်စားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေဆီဩဇာမှလည်းကောင်း ... ကင်းဝေးလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

သင်၏

၂၇:၃၉-၄၀ ရှိ ဤနာမ်စားတို့မှာ ဧသောကိုသာ ညွှန်းသည်။ သို့ရာတွင်၊ သူ၏ သားစဉ်မြေးအပေါ်၌လည်း သက်ရောက်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

အထက်မိုဃ်းကောင်းကင်၏ နှင်းနှင့်၎င်း

"နှင်း" ဟူရာတွင် ညအချိန်၌ အပင်တွင် ဖြစ်သော ရေစက်ကို ညွှန်းသည်။ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အထက်မိုဃ်းကောင်းကင် မြူနှင်းမှလည်းကောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ထားဖြင့် အသက်ကိုမွေးရလိမ့်မည်

"ဓား" မှာ ဒုစရိုက်အမှုကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လုယက် သတ်ဖြတ်ခြင်းဖြင့် အသက်ရှင်ရလိမ့်မည်" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

နောက်တဖန် အစိုးရသောအခါ၊ သူတင်သောထမ်းဘိုးကို သင်၏လည်ပင်းမှ ချိုးပယ်လိမ့်မည်

အစိုးရခြင်းကို သူတပါးအပေါ် တင်၍ရသော ထမ်းဘိုးကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့ကို ပုန်ကန်သောအခါ၊ သူ့အုပ်စိုးမှုမှ လွတ်မြောက်လိမ့်မည်" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 27:41

. . . ဟု၊ အကြံနှင့် ပြောလေ၏

"အကြံနှင့်" ဟု ဆိုရာတွင် ဧသောကိုယ်တိုင်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ဟု၊ မိမိကိုယ်ကို နှစ်သိမ့်လေ၏" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

ငါ့အဘကြောင့် ညည်းတွားရသော နေ့ရက်ကာလ အချိန်နီးပြီ

သေမည့်အချိန်ကို ညွှန်းသည်။

ထိုသို့ သားကြီးဧသော ပြောသောစကားကို အမိရေဗက္ကကြားလျှင်

"ပြောသောစကား" ဟူရာတွင် ဧသော၏ အကြံကို ညွှန်းသည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့သို့ သားကြီး ဧသော၏ အကြံကို အမိရေဗက္ကသိလျှင်"(ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

. . . သင့်ကို သတ်သဖြင့်၊ သင့်အမှု၌ စိတ်ပြေလိမ့်မည်

"... သင့်ကို သတ်မှသာ၊ စိတ်ပြေလိမ့်မည်"

Genesis 27:43

ငါ့မောင် လာဗန်နေရာ ခါရန်မြို့သို့ ထ၍ ပြေးသွားပါလော့

"ခါရန်မြို့ရှိ ငါ့မောင်လာဗန်ထံသို့ အမြန်သွားပါလော့"

ခဏ

"ခဏတာ"

သင်၏အစ်ကို စိတ်ပြေသည်တိုင်အောင်

"သင့်အစ်ကို ဒေါသပြေသည်တိုင်အောင်"

သင်၏အစ်ကို စိတ်ပြေ၍

ဒေါသစိတ်ကို ပြေလည်စေနိုင်သောအရာကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အစ်ကို ဒေါသပြေ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငါ့သား နှစ်ယောက်လုံးကို တနေ့ခြင်းတွင် အဘယ်ကြောင့် ငါရှုံးရမည်နည်း

မိမိ၏ သောကကို ဖော်ပြရန် မေးလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့သား နှစ်ယောက်လုံးကို တနေ့ခြင်းတွင် ဆုံးရှုံးရန် အလိုမရှိပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ငါ့သား နှစ်ယောက်လုံးကို တနေ့ခြင်းတွင် . . . ငါရှုံးရမည်

ဧသောက ယာကုပ်ကို သတ်လျှင်၊ လူသတ်မှုအတွက် ဧသော သေမည်ဟု ညွှန်းဆိုခြင်း ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ရှုံး

သေကြောင်းကို ယဉ်ကျေးစွာ ဖော်ပြခြင်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

Genesis 27:46

ကျွန်မသည် . . . ကိုယ်အသက်ကို ငြီးငွေ့လှ၏

ဧသော ထိန်းမြားသည့် ဟိတ္တိ အမျိုးသမီးတို့ကြောင့် ဝမ်းနည်းကြောင်း ဖော်ပြခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ကျွန်မ ဝမ်းနည်းလှ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-hyperbole)

ဟေသအမျိုးသမီးတို့

"ဟိတ္တိအမျိုးသမီးတို့" သို့မဟုတ် "ဟေသအမျိုးတို့"

ဤပြည်သူ သမီးကဲ့သို့သောသူ

"ဤပြည်သူ သမီး" ဟူရာတွင် ဒေသခံ အမျိုးသမီးတို့ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤပြည်သူနေ မိန်းမဖြစ်သော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ကျွန်မ အသက်ရှင်၍ အဘယ်ကျေးဇူး ရှိပါလိမ့်မည်နည်း

ယာကုပ်က တပါးသူ အမျိုးသမီးနှင့် ထိန်းမြားလျှင် မည်မျှပင် စိတ်ဝမ်းနည်းမည်အကြောင်း ထင်ရှားစေသော မေးခွန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်မ အသက်သာမှာ ဆိုးရွားလှပါမည်တကား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)