Genesis 26

Genesis 26:1

အစာခေါင်းပါးခြင်း ရှိပြန်သည်

"ကပ်ဘေးဆိုက်ရောက်ပြန်၏" သို့မဟုတ် "အစာခေါင်းပါးခြင်း ဖြစ်၏"

ထိုပြည်၌

ဘယ်ပြည်ဖြစ်ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ ဣဇာက်နှင့်အိမ်သားတို့ နေထိုင်သော ပြည်၌" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အာဗြဟံလက်ထက် ... ဖြစ်ဘူးသော

"လက်ထက်" ဟူရာတွင် အာဗြဟံ အသက်ရှင်စဉ်ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံ ထင်ရှားစဉ် ... ဖြစ်ဖူးသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 26:2

ယေဘုယျ အချက်အလက်

ထာဝရဘုရားက ဣဇာက်ထံ စတင်မိန့်တော်မူ၏။

သူ့အားထင်ရှား၍

"ဣဇာက်ထံ ထင်ရှား၍"

အဲဂုတ္တုပြည်သို့မသွားနှင့်

ကတိတော်ထားရာပြည်မှ နိမ့်ရာသို့ ဆင်းသွားသည်ဟုလည်း ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

အကြောင်းမူကား၊ သင်နှင့် သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်

"အကြောင်းမူကား၊ သင်နှင့် သင့်အမျိုးအနွယ်ထံ ဤပြည်တခုလုံးကို ငါပေးမည်"

သင်၏အဘ အာဗြဟံအား ငါကျိန်ဆိုသောစကား ရှိသည်အတိုင်း ငါပြုမည်

"သင့်အဖ အာဗြဟံကို ငါကျိန်ဆိုထားသည်အတိုင်း ငါပြုမည်"

Genesis 26:4

ယေဘုယျ အချက်အလက်

ထာဝရဘုရားက ဣဇာက်ထံ ဆက်လက် မိန့်တော်မူသည်။

သင်၏အမျိုးအနွယ်ကို . . . များပြားစေမည်

"သင်၏အမျိုးအနွယ်ထံ ... ပွားများခြင်းပေးမည်"

ကောင်းကင်ကြယ်ကဲ့သို့

ဣဇာက်၏ အမျိုးအနွယ်ကို ရေတွက် မရနိုင်သော ကြယ်များကဲ့သို့ များပြားမည်ဟု ဖော်ပြခြင်းဖြစ်သည်။ ၂၂:၁၅ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-simile)

ကောင်းကင်

နေ၊ လ၊ ကြယ်စသော ကမ္ဘာကြီး၏အထက်၌ တွေ့ရသမျှကို ညွှန်းသည်။

လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေကြီးသား အပေါင်းတို့ ငါကောင်းကြီးပေးမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

အာဗြဟံသည် ငါ့စကားကို နားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရား အမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း

"ငါစကားကို နားထောင်၍" နှင့် "ငါစီရင်မှာထားသော ပညာတ်တရား အမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း" တို့မှာ အဓိပ္ပါယ် တူသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံသည် ငါ့စကားကို နားထောင်၍၊ ငါ့ပညတ်ချက် အလုံးစုံကို စောင့်ရှောက်သတည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism)

ငါ့စကားကို နားထောင်၍

"စကား" မှာ ထာဝရဘုရား ကိုယ်တိုင်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို နာခံ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 26:6

ဣဇာက်သည် ဂေရာမြို့၌ နေစဉ်တွင်

မိသားစု တခုလုံး၏ ခေါင်းဆောင်ဖြစ်သောကြောင့် ဣဇာက် အမည်ကိုသာ ဖော်ပြခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့် ဣဇာက်နှင့် အိမ်သားတို့သည် ဂေရာမြို့၌ နေထိုင်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

မပြောမဆိုဝံ့

"ဝံ့" ဟူသည်မှာ ကြောက်ရွံ့ခြင်းသဘောကို ညွှန်းသည်။ "ပြောရန် ကြောက်ရွံ့သဖြင့်"

သူ့အကြောင်းကြောင့်

"သူမအတွက်ကြောင့်"

ရေဗက္ကနှင့် ကစားသည်

ဖြစ်နိုင်ချေများမှာ၊ (၁) လင်နှင့်မိမိမယား ပြုသကဲ့သို့ ထိကိုင်သည် သို့မဟုတ် (၂) လင်နှင့်မယား ပြုသကဲ့သို့ ပြောဆိုရယ်မောသည်။

Genesis 26:9

ဣဇာက်ကိုခေါ်၍

ငယ်သား တယောက်ကို စေလွှတ်၍ ဆင့်ခေါ်စေခြင်း ဖြစ်မည်။ အခြား‌သော ဘာသာပြန်ဆိုချက်၊ "ဣဇာက်ကို လူလွှတ်ဆင့်ခေါ်စေ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သို့ရာတွင်၊ သူသည် ငါ့နှမဖြစ်၏ဟု အဘယ်ကြောင့် သင်ပြောရသနည်း

ပြောခဲ့ပြီးသောစကားကို ပြန်လည် ကိုးကားခြင်းဖြစ်သည်။ သွယ်ဝိုက်စကား အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့ဖြစ်လျှင်၊ အဘယ်ကြောင့် သူမသည် သင့်နှမဟု ပြောသနည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

သူ့အတွက်ကြောင့်

"သူမအတွက်ကြောင့်"

ငါတို့၌ သင်ပြုသောအမှုကား အဘယ်သို့နည်း

ဣဇာက်ကို ဆုံးမရန် မေးခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့၌ သင်ပြုသောအမှုကား မှားယွင်းပေ၏" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ငါတို့ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည်တကား

"အပြစ်" ကို လူတယောက်ပေါ် တင်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့သည် သူတပါး မယားအပေါ် ပြစ်မှားတော့မည် မဟုတ်ပါတကား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငါတို့ခေါင်းပေါ်မှာ

"ငါတို့" ဟူရာတွင် အဘိမလက်နှင့် သူ့ပြည်သားတို့ကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-exclusive)

ဤလင်မယားကို ပြစ်မှားသောသူ

"ပြစ်မှား" ဟူရာတွင် ထိခိုက်ခြင်းကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤလင်မယားကို ထိခိုက်စေသူ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

. . . သည် ဆက်ဆက်အသေခံရမည်

ဣဇာက်နှင့် ရေဗက္ကကို ထိခိုက်သူအား သေဒဏ်ပေးရန် မိမိလူတို့ကို မိန့်လိုက်ခြင်း ဖြစ်သည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။အခြားသော ဘာသာပြန်ဆိုချက်၊ "... ကို ငါကွပ်မျက်မည်" သို့မဟုတ် "... ကို သေမိန့်ပေးမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 26:12

ယေဘုယျ အချက်အလက်

အကြောင်းအရာသစ်၏ အစဖြစ်သည်။ ရေဗက္ကကို မိမိနှမဟု ခေါ်ရာမှ ဖိလိတ္တိလူတို့၏ မနာလိုမှု ခံရသည်ထိ ကောင်းချင်းမင်္ဂလာ ခံစားရသော ဣဇာက်၏ အကြောင်းဖြစ်သည်။

ထိုပြည်၌

"ဂေရာအရပ်၌"

အဆတရာသော

"မိမိစိုက်ပျိုးသည်ထက် အဆတရာ ပိုများသော" ဟု ဆိုလိုသည်။ "များစွာသော" (UDB) ဟူ၍ ယေဘုယျသဘောဖြင့်လည်း ပြန်ဆိုနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

သူသည် ကြီးပွါး၍

"ဣဇာက်သည် ကြီးပွါး၍" သို့မဟုတ် "ထိုသူသည် ကြီးပွါး၍"

အလွန်စည်းစိမ်းကြီးသည်တိုင်အောင် တိုးတက်လျက်၊ စီးပွါးဥစ္စာများပြားစွာ ဖြစ်လေ၏

"လွန်စွာ ချမ်းသာသည်အထိ တိုးတက်လျက်၊ ဥစ္စာဓန အမြောက်အမြား ရလေ၏"

သိုးစု

ဆိတ်လည်း ပါဝင်တတ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ကျွန်များ

"ကျွန်များ" မှာ အိမ်သားများလည်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိမ်သားများ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ထိုကြောင့်၊ ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ၏

"ထို့ကြောင့်၊ သူ့ကို ဖိလိတ္တိလူတို့ မနာလိုဖြစ်ကြ၏"

Genesis 26:15

အဘအာဗြဟံ လက်ထက်၌

"လက်ထက်၌" ဟူရာတွင် လူတဦး၏ ဘဝကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘ အာဗြဟံ သက်ရှိ ထင်ရှားစဉ်က" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အဘိမလက်မင်းကလည်း . . . အမိန့်ရှိသောကြောင့်

ဖြစ်နိုင်ချေများမှာ၊ (၁) ဣဇာက်တို့ကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နောက်ဆုံး၌ အဘိမလက်မင်းက ... အမိန့်ရှိသဖြင့်" သို့မဟုတ် (၂) မိမိလူတို့က ဣဇာက်ကို မနာလိုဖြစ်၍ ရန်ပြုလိုသဖြင့် မင်းကြီးက ထိုသို့ ဆုံးဖြတ်လိုက်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့်၊ အဘိမလက်မင်းက ... အမိန့်ရှိသဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#writing-connectingwords)

ငါ့တို့ထက် တန်ခိုးကြီး၏

"ငါတို့တက် ကြီးမြတ်၏"

ဣဇာက်သည် ထိုမြို့မှ ထွက်သွားပြီးလျှင်

အိမ်ထောင်ဦးစီး ဖြစ်သော ဣဇာက်ကိုသာ ညွှန်းထားသည်။ သို့ရာတွင်၊ မိသားစုနှင့် အစေခံများ အားလုံးလည်း ပါဝင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣဇာက်နှင့် တအိမ်သားလုံး ထိုမြို့မှ ထွက်သွားပြီး" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 26:18

ဣဇာက်သည်

"ဣဇာက်" မှာ ဣဇာက်နှင့် တအိမ်သားလုံးကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣဇာက်နှင့် မိမိလူတို့သည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အဘအာဗြဟံ ကျွန်တို့ တူး၍

"အာဗြဟံ၏ ကျွန်တို့ တူးပြီး"

ဖိလိတ္တိလူတို့ ဖို့သော

ဣဇာက်က ပြန်လည် တူးဖော်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဤသို့ ပြန်ဆိုနိုင်သည်။ (၁) အထက်ပါ အကြောင်းမှာ ပထမ ဖြစ်ပျက်ခဲ့သောကြောင့်၊ UDB မူပြန်ကျမ်းကဲ့သို့ အရှေ့တွင် ဦးစွာ ဖော်ပြရသည်။ သို့မဟုတ် (၂) "အဘအာဗြဟံ ကျွန်တို့ တူးခဲ့သော ရေတွင်းကို တူးဖော်ပြန်၏။ အကြောင်းမှာ ဣဇာက်သေသည့်နောက် ထိုရေတွင်းတို့ကို ဖိလိတ္တိလူတို့ ပိတ်ဆို့ခဲ့သည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-events)

ဖို့သော

"မြေနှင့် ဖို့သော"

Genesis 26:19

စမ်းရေ

တွင်းကို တူးရင်း တွေ့လိုက်သော သဘာဝစမ်းရေကို ညွှန်းသည်။ လတ်ဆတ်သော စမ်းရေ ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သန့်ရှင်းသော စမ်းရေ" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

နွားကျောင်းတို့

"နွားအုပ်ကို ကျောင်းသော သူတို့"

ဤရေသည် ငါတို့ရေဖြစ်၏

ဂေရာမြို့ နွားကျောင်းသားတို့ကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-exclusive)

ဧသက်

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဧသက် သို့မဟုတ် ဧဆက် မှာ 'ရန်ဖြစ်သည်' သို့မဟုတ် 'ငြင်းခုံသည်' ဟု ဆိုလိုသည်" ဟူ၍ မှတ်ချက် ထည့်သွင်းနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 26:21

တူးပြန်ကြ၏

"ဣဇာက်၏ အစေခံတို့က တူးကြပြန်၏" (UDB)

လုကြသောကြောင့်

"နွားကျောင်းသားတို့နှင့် လုကြသောကြောင့်"

. . . အမည်ဖြင့် မှည့်လေ၏

"ဣဇာက်က ... ဟု အမည်ပေးလေ၏"

သိတန

ဘာသာပြန်ဆိုသူများ အနေဖြင့် "သိတန သို့မဟုတ် ဆိတန မှာ 'ကန့်ကွက်' သို့မဟုတ် 'ဝေဖန်' ဟု ဆိုလိုသည်" ဟူ၍ မှတ်ချ ထည့်သွင်းနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ငါတို့ . . . ငါတို့

ဣဇာက်က မိမိနှင့် မိမိတစ်အိမ်သားလုံကို ညွှန်းဆိုခြင်း ဖြစ်သည်။

ရဟောဘုတ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "ရဟောဘုတ် သို့မဟုတ် ရေဟောဘုသ် မှာ 'အတွက် အခန်းကို ပြင်ဆင်လော့' သို့မဟုတ် 'နေရာလွတ်' ဟု ဆိုလိုသည်" ဟူ၍ မှတ်ချက် ထည့်သွင်းနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 26:23

ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်း လေ၏

ဗေရရှေဘမှာ မြောက်ဘက်အရပ် ကျပေမည်။ ပြန်ဆိုမည့် ဘာသာစကားနှင့် ကိုက်ညီသော အသုံးအနှုန်းဖြင့် ပြန်ဆိုပါ။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအရပ်မှ ဗေရရှေဘအရပ်သို့ တက်သွား၏"

သင်၏အမျိုးအနွယ်ကို ငါများပြားစေမည်

"သင့်အမျိုးအနွယ်ကို ငါများပြားစေမည်" သို့မဟုတ် "သင့်အမျိုးအနွယ်ကို များပြားအောင် ငါပြုမည်"

ငါ၏ကျွန် အာဗြဟံအတွက်

"ငါ့ကျွန် အာဗြဟံအဖို့" သို့မဟုတ် ပို၍ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကျွန် အာဗြဟံကို သစ္စာဆိုခဲ့သည်အတိုင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍

ယဇ်ပလ္လင် တည်ရသော အကြောင်းရင်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏

"ပဌနာပြု" ဟူရာတွင် ဆုတောင်း သို့မဟုတ် ကိုးကွယ်ရှိခိုးဟု ဆိုလိုသည်။ "နာမတော်" မှာ ထာဝရဘုရား ကိုယ်တော်တိုင်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားကို ကိုးကွယ်ဝတ်ပြု၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 26:26

အဆွေတော်

ဖြစ်နိုင်ချေများမှာ၊ ၁) "မိတ်ဆွေ" သို့မဟုတ် ၂) "အကြံပေးအမတ်"

အဟုဇာတ်

ယောက်ျားအမည် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဣဇာက်ရှိရာသို့သွား၏

"ဣဇာက်ထံ သွား၏"

ဖိကောလ

ယောက်ျားအမည် ဖြစ်သည်။ ၂၁:၂၂ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 26:28

ထိုသူတို့က . . . ဟု ဆိုကြလေသော်

အဘိမလက်၊ အဟုဇာတ်နှင် ဖိကောလ တို့ကို ညွှန်းသည်။ တစုံတဦးက ပြောခဲ့ပြီး ကျန်နှစ်ဦးက ထောက်ခံပေး၏။ ထိုသူတို့ တညီတညွတ်တည်း ပြောသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အခြားသော ဘာသာပြန်ဆိုချက်၊ "တဦးက ... ဟု ဆိုလေသော်"

ငါတို့ အမှန်သိမြင်သည်ဖြစ်၍

"ငါတို့ သိမြင်သည်ဖြစ်၍" သို့မဟုတ် "သိမြင်ပြီ ဖြစ်၍"

သစ္စာဂတိထား၍ မိဿဟာယဖွဲ့ကြစို့

"ပဋိညာဉ်သစ္စာပြုစေလိုပါသည်"

ငါတို့သည် သင့်ကို . . . ကျေးဇူးကိုသာပြု၍

ဤစာပိုဒ်ကို ရှေ့၌ ပြောင်းတင်နိုင်သည်။ "ငါတို့သည် သင့်အပေါ် ကျေးဇူးကိုသာပြု၍ ... "

သင်သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သင့်အား ကောင်းကြီးပေးတော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 26:30

ဣဇာက်သည်၊ သူတို့အဘို့ စားသောက်ပွဲကိုလုပ်၍၊ အတူစားသောက်ကြ၏

အတူစားသောက်ခြင်းသည် ပဋိညာဉ်သစ္စာပြုခြင်း၏ အစိတ်အပိုင်းတခု ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သူတို့အဘို့

"သူတို့" မှာ "အဘိမလက်၊ အဟုဇာတ်နှင့် ဖိကောလတို့" ကို ညွှန်းသည်။

အတူစားသောက်ကြ၏

"အတူ" ဟူရာတွင် ဣဇာက်၊ အဘိမလက်၊ အဟုဇာတ်နှင့် ဖိကောလတို့ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အားလုံးက စားသောက်ကြ၏" (UDB)

နံနက်စောစောထ၍

"စောစောထ၍"

Genesis 26:32

ထိုရေတွင်းကို ရှေဘအမည်ဖြင့် မှည့်လေ၏

"ထိုရေတွင်းကို ရှေဘဟု အမည်ပေးလေ၏။" ဘာသာပြန်ဆိုသူများ အနေဖြင့် "ရှေဘမှာ ဂတိသစ္စာဟူသောစကားနှင့် နီးစပ်သည်" ဟု မှတ်ချက် ထည့်သွင်းနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဗေရရှေဘမြို့

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဗေရရှေဘမှာ 'သစ္စာရေတွင်း' သို့မဟုတ် 'ခုနှစ်ခုသောရေတွင်း' ဟု ဆိုလိုသည်" ဟု မှတ်ချက် ထည့်သွင်းနိုင်သည်။ (၂၁:၃၁ မှတ်စုကို ရှု)

Genesis 26:34

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၂၆ တခန်းလုံးနီးပါးမှာ ဣဇာက်၏ အကြောင်းဖြစ်သည်။ သို့ရာတွင် ဤအပိုင်းမှာ သူ့အစ်ကို ဧသောအကြောင်း ဖြစ်သည်။

လေးဆယ်

"၄၀" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

. . . တို့နှင့် အိမ်ထောင်လေ၏

"... တို့နှင့် ထိန်းမြားလေ၏။" မယားနှစ်ယောက် ယူကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ "... ဟူ၍ မယားနှစ်ယောက် ယူလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ယုဒိတ် . . . ဗာရှမတ်

ဧသော မယားတို့၏ အမည်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဗေရိ . . . ဧလုန်

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဟိတ္တိအမျိုးသား

"ဟေသ၏အမျိုုးအနွယ်" သို့မဟုတ် "ဟေသအမျိုး" (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ထိုမိန်းမတို့သည် ဣဇာက်နှင့်ရေဗက္က၌ စိတ်နှလုံး ပူပန်စရာအကြောင်း ဖြစ်သတည်း

"ထိုမိန်းမတို့" မှာ ယုဒိတ်နှင့် ဗာ‌ရှမတ်တို့ကို ညွှန်းသည်။ စိတ်နှလုံး ပူပန်ခြင်းကို ယူဆောင်လာသကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုမိန်းမတို့က ဣဇာက်နှင့် ရေဗက္ကကို စိတ်နှလုံး ပူပန်စေသတည်း" သိုမဟုတ် "ဣဇာက်နှင့်ရေဗက္ကမှာ ထိုမိန်းမတို့ကြောင့် စိတ်ပူပန်ခြင်းသို့ ရောက်သတည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)