Genesis 18

Genesis 18:1

မံရေ

သပိတ်တောကို ပိုင်သောသူ၏ အမည်ဖြစ်သည်။

နေပူသောအချိန်

"နေ့၏ အပူဆုံးအချိန်"

တဲတံခါးဝ၌

"တဲအပေါက်ဝ၌" သို့မဟုတ် "တဲဝင်ပေါက်၌"

မြော်ကြည့်၍၊ မိမိရှေ့မှာ လူသုံးယောက် ရပ်နေကြသည်ကို မြင်သောအခါ

"မျှော်ကြည့်လေရာ၊ ကြည့်ရှုလော့၊ မိမိရှေ့မှာ လူသုံးဦး ရပ်နေကြသည် တွေ့သောအခါ"

မြော်ကြည့်

ရုတ်တရက်။ အာဗြဟံသည် အလွန် အံ့အားသင့်နေခြင်းကို ဖော်ပြသည်။

မိမိရှေ့မှာ

"အနီးနားမှာ" သို့မဟုတ် "ရှေ့အရပ်မှာ။" အနီးနားမှာ ရှိသော်လည်း ပြေးသွားရသည်ထိ အနည်းငယ် ဝေးကွာမှုရှိပေမည်။

ဦးညွတ်ချလျက်

တစုံတဦးအပေါ် ရိုသေလေးမြတ်ခြင်း ထားရှိကြောင်း ထင်ရှားစေရန် ဦးညွတ်မှုကို ညွှန်းသည်။

Genesis 18:3

အကျွန်ုပ်သခင်

ရိုသေလေးမြတ်သဖြင့် ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဖြစ်နိုင်ချေများမှာ၊ (၁) ဤသူတို့အနက် တစ်ဦးမှာ ဘုရားသခင်ဖြစ်ကြောင်း အာဗြဟံသိ၏ သို့မဟုတ် (၂) ဤသူတို့မှာ ဘုရားသခင် ကိုယ်စား ရောက်ရှိလာကြောင်း အာဗြဟံသိ၏။

ရှေ့တော်၌

ထိုသူတို့အနက် တစ်ဦးထံ ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

. . . မှလွန်၍

"... ကို ကျော်၍"

ကိုယ်တော်ကျွန်

"အကျွန်ုပ်။" ဧည့်သည်များကို ဆက်ဆံသော အာဗြဟံ၏ အရိုအသေပေးမှုကို ညွှန်သည်။

ရေအနည်းငယ်ကို ယူခဲ့ပါရစေ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေအနည်းငယ်ကို ကျွန်တော်မျိုး ယူလာပါရစေ" သို့မဟုတ် "ရေအနည်းငယ်ကို အစေခံတို့ ယူလာရန် အကျွန်ုပ် စေခိုင်းပါရစေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ရေအနည်းငယ် . . . မုန့်အနည်းငယ်

"ရေအချို့ ... မုန့်အချို့။" "အနည်းငယ်" ဟူသည်မှာ မိမိ၏ ပေးဆပ်မှုကို နှိမ့်ချသော သဘောဖြင့် သုံးနှုန်းထားခြင်းဖြစ်၏။ သို့ရာတွင် အာဗြဟံက ပို၍များစွာ ပေးမည်ဖြစ်သည်။

ခြေကို ဆေးပြီးလျှင်

ဤထုံးတမ်းစဉ်လာက အရပ်ဝေးသို့ ခြေဖြင့် ခရီးနှင်သောသူများ အပန်ဖြေရန် အကူအညီ ပေးသည်။

Genesis 18:6

သုံးစလယ်

၂၂ လီတာဝန်းကျင် (ရှု၊ /WA-Catalog/my_tm?section=translate#translate-bvolume)

ပေါင်မုန့်

ပူပြင်းသော ကျောက်တုံးပေါ်တွင် ဖုတ်ထားသော ပေါင်မုန့် ဖြစ်တန်ရာ၏။ မုန့်ပြားလည်း ဖြစ်နိုင်ပြီး၊ အတုံးလိုက် သို့မဟုတ် အလုံးလိုက်လည်း ဖြစ်နိုင်သည်။

မြန်မြန်

"အစေခံတို့အား လျင်မြန်စွာ"

ပြင်ဆင်စေ၏

"လှီးဖြတ်ကာ ကင်စေ၏"

နို့စမ်း

အချဉ်ဖောက်ထားသော နို့ရည်၏ အဖတ်ကို ညွှန်း၏။ ဒိန်ချဉ် သို့မဟုတ် ဒိန်ခဲ ဖြစ်ပေမည်။

ပြင်ဆင်သော နွားသငယ်

"အမဲကင်"

ထိုသူတို့ရှေ့၌

"ဧည့်သည် သုံးဦးရှေ့၌"

Genesis 18:9

မေးကြလျှင်

"အာဗြဟံအား မေးကြလျှင်"

ဘွားချိန်စေ့သောအခါ

"နောက်နှစ် ဤရာသီ၌" သို့မဟုတ် "နောက်နှစ် ဤအချိန်၌" (UDB)

ငါသည် သင့်ဆီသို့ ဆက်ဆက်ပြန်လာဦးမည်။

အာဗြဟံက "အကျွန်ုပ်သခင်" (၁၈:၃) ဆိုသော သူသည် စကားပြောခြင်း ဖြစ်သည်။

တံခါးဝအနားမှာ

"တဲအပေါက်ဝနားမှာ" သို့မဟုတ် "တဲဝင်ပေါက်နားမှာ"

Genesis 18:11

ငါလည်းအိုပြီ၊ ငါ့သခင်လည်းအိုပြီ၊ သို့ဖြစ်၍ ငါသည် ပျော်မွေ့ခြင်းရှိလိမ့်မည်လော

ဤစာကြောင်းများ ကြားတွင် "သားဘွားရသော" (UDB) ကို ထည့်သွင်းနိုင်သည်။ သားဘွားနိုင်မည်မဟုတ်ဟူသော သံသယစိတ်ဖြင့် ပြောလိုက်သော အမေးမဟုတ်သော မေးခွန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါလည်း အိုပြီ၊ ငါ့သခင်လည်း အိုပြီ။ သို့ဖြစ်၍ ငါသည် သားသမီး ဘွားရသော ဝမ်းမြောက်ခြင်း ရရှိမည်အကြောင်း ငါမယုံနိုင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ငါ့သခင်လည်းအိုပြီ

"ငါ့အမျိုးသားလည်း အိုပြီ"

ငါ့သခင်

မိမိခင်ပွန်း အာဗြဟံကို ရိုသေစွာ ခေါ်သော ဂုဏ်ပုဒ်ဖြစ်သည်။

Genesis 18:13

သင်၏မယားစာရာက၊ အကယ်၍ ငါသည် အိုပြီးမှ၊ သားကို ဘွားလိမ့်မည်လောဟု ဆိုလျက်၊ အဘယ်ကြောင့် ရယ်သနည်း

စာရာ အဘယ်သို့ တွေးနေသည်နှင့် ၎င်းကို နှစ်သက်ခြင်းမရှိကြောင်း ထင်ရှားစေရန် ဘုရားသခင် မိန့်လိုက်သော အမေးမဟုတ်သော မေးခွန်းဖြစ်သည်။ စာရာ၏ အမေးစကား (၁၈:၁၁)ကို ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စာရာက 'ငါသည် အသက်အိုပြီဖြစ်၍ သားကို ဘွားနိုင်မည်မဟုတ်' ဟု ဆိုလျှက် ရယ်မောရာ၌ မှားလေပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ထာဝရဘုရား မတတ်နိုင်သောအမှု တစုံတခု ရှိသလော

"ထာဝရဘုရားအဖို့ ခက်ခဲသောအမှု တစုံတခု ရှိသလော။" ယာဝေးတည်းဟူသော ဘုရားသခင်က မိမိသည် အဘယ်မျှလောက် တတ်နိုင်သည်ကို အာဗြဟံအား အမှတ်ရစေရန် မိမိကိုယ်ကို ညွှန်းဆိုသည့် အမေးမဟုတ်သော မေးခွန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတည်းဟူသော ထာဝရဘုရား မတတ်သောအမှု တစုံတခုမှမရှိ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person နှင့် /WA-Catalog/my_tm?section=translate#figs-rquestion)

ချိန်းချက်သော ဘွားချိန်စေ့သောအခါ

"ငါချိန်းချက်သော နောက်နှစ် နွေဦးကာလ၌"

စာရာကလည်း . . . ငြင်းလေ၏

"ထိုအရာကို စာရာကလည်း ... ငြင်းဆို၏"

မိန့်တော်မူ၏

"ထာဝရဘုရား ပြန်ဖြေတော်မူ၏"

မဟုတ်ဘူး။ သင်ရယ်ပြီ

"သင် ရယ်သည် မှန်၏။" "ထိုသို့ မဟုတ်။ သင်အမှန်တကယ် ရယ်ပြီ" ဟု အဓိပ္ပါယ်ရသည်။

Genesis 18:16

သူတို့ကို ပို့ခြင်းငှါ

"သူတို့ကို နှုတ်ဆက်ခြင်းငှါ" (UDB)။ ဧည့်သည်ကို ယဉ်ကျေးမှုအရ အနည်းငယ် လိုက်ပို့ရသည်။

ငါပြုမည်အမှုကို အာဗြဟံအား မဘော်မပြဘဲ ဝှက်ထားရမည်လော။ . . . ခံရကြလိမ့်မည်။

အရေးကြီးကိစ္စကို အာဗြဟံနှင့် ဆွေးနွေးခြင်း မပြုမီ မိမိကိုယ်ကို မေးမြန်းခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါပြုမည့်အမှုကို အာဗြဟံ ထံမှ ဝှက်ထား၍မကောင်း။ ... ခံရကြလိမ့်မည်" သို့မဟုတ် "ငါပြုမည့်အမှုကို အာဗြဟံအား ငါဖွင့်ပြမည်။ ... ခံရကြလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ငါပြုမည်အမှုကို . . . ရမည်လော။ အာဗြဟံသည် . . . လိမ့်မည်

"‌ငါပြုမည့်အမှုကို ... ၍မကောင်း။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည် ... ခံရကြလိမ့်မည်"

လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ "ငါသည် အာဗြဟံအားဖြင့် လူမျိုးအပေါင်းကို ကောင်းကြီးပေးမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

. . . သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်

"... အာဗြဟံကြောင့် ကောင်းကြီးမင်္ဂလာကို ခံရလိမ့်မည်" သို့မဟုတ် "ငါသည် အာဗြဟံကို ကောင်းကြီးပေးသဖြင့် ... ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။" ၁၂:၁ ရှိ "သင့်အားဖြင့်" ပြန်ဆိုချက်ကို ရှု။

သူသည် . . . ပညတ်မည်အရာကို ငါသိ၏

"သူသည် ... ဆောင်ကျဉ်းပေးမည်အကြောင်း ငါသိ၏" သို့မဟုတ် "သူသည် ... သွန်သင်မည်အကြောင်း ငါသိ၏"

ထာဝရဘုရား၏ တရားလမ်းသို့ . . . ထာဝရ ဘုရားသည် . . . ပြုရသောအခွင့် ရှိလိမ့်မည်

ထာဝရဘုရားက မိမိကိုယ်မိမိ ညွှန်းဆိုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါဟူသော ထာဝရဘုရား၏ တရားလမ်းသို့ ... ငါဟူသော ထာဝရဘုရားသည် ... ပြုရသောအခွင့် ရှိလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ထာဝရဘုရား၏ တရားလမ်းသို့ လိုက်၍

"ထာဝရဘုရား၏ ပညာတ်တော်ကို နာခံ၍"

ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့်မည်

"ဖြောင့်မတ်စွာနှင့် တရားမျှတစွာ ကျင့်ကြလိမ့်မည်။" ထာဝရဘုရား၏ လမ်းစဉ်အတိုင်း လိုက်နာရန် သွန်သင်ပေးသည်။

သို့ဖြစ်၍ ဂတိတော်ရှိသည့်အတိုင်း၊ ထာဝရဘုရားသည် အာဗြဟံ၌ပြုရသောအခွင့် ရှိလိမ့်မည်

"သို့ဖြစ်၍ ကတိတော်အတိုင်း၊ ထာဝရဘုရားသည် အာဗြဟံကို ကောင်းကြီးပေးလိမ့်မည်။" အာဗြဟံကို ကောင်းကြီးပေး၍ လူမျိုးကြီး ဖြစ်စေမည်ဟူသော ကတိတော်ကို ညွှန်းသည်။

Genesis 18:20

သောဒုံမြို့၊ ဂေါမောရမြို့၌ ကြွေးကြော်သော အသံသည်ကြီး၍

စိတ္တဇနာမ် "ကြွေးကြော်သော်အသံ" ကို ကြိယာ "အပြစ်တင်" ဖြင့် အစားထိုးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သောဒုံနှင့် ဂေါမောရမြို့တို့၏ ဒုစရိုက်မှုအတွက် လူများစွာက အပြစ်တင်သဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

အလွန်အပြစ်လေးသောကြောင့်

"သူတို့အပြစ်သည် ကြီးမားပေ၏"

ယခု ငါသွား၍

"သောဒုံနှင့် ဂေါမောရမြို့သို့ ယခု ငါသွား၍"

ယခု ငါသွား၍ . . . ကြည့်ရှုမည်

"ယခု ငါသွား၍ ... စုံစမ်းမည်" သို့မဟုတ် "... ဆုံးဖြတ်ရန် ယခု ငါသွားမည်"

ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေးကြော်ခြင်း ရှိသည်အတိုင်း

ပြစ်မှားခြင်းခံရသောသူတို့၏ ငိုကြွေးသံနှင့် ပြစ်တင်သံကို ကြားသိတော်မူခြင်းဖြင့် ဤဖြစ်ရပ်ကို ယာဝေးဘုရား နားလည်သည်ဟုဖော်ပြလိုခြင်းဖြစ်၏။ စိတ္တဇနာမ် "ကြောင်းကြော်ခြင်း" ကို ကြိယာ "အပြစ်တင်" ဖြင့် အစားထိုးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူတို့ကို အပြစ်တင်ခဲ့သည်အတိုင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

မပြုလျှင်

"ကြွေးကြော်သည့်အတိုင်း ပြစ်မှားခြင်း မပြုလျှင်"

Genesis 18:22

ထိုအရပ်မှ မျက်နှာလှည့်၍

"အာဗြဟံ၏တဲမှ ထွက်ခွာ၍"

အာဗြံဟံမူကား၊ ထာဝရဘုရား ရှေ့တော်၌ ရပ်နေလျက်ရှိသေး၏

"အာဗြဟံနှင့် ထာဝရဘုရားတို့သာ ကျန်ရစ်လျက်ရှိကြ၏"

ချဉ်းကပ်၍

"ထာဝရဘုရားထံ ချဉ်းကပ်၍" သို့မဟုတ် "ထာဝရဘုရားထံသို့ သွား၍"

ဖြောင့်မတ်သောသူတို့ကို၊ မတရားသောသူတို့နှင့်တကွ

"ဖြောင့်မတ်သောသူတို့ကို ဒုစရိုက်သမားတို့နှင့်တကွ"

ဖျက်ဆီး

လူတို့ကို တံမြက်စည်းဖြင့် ရှင်းထုတ်သကဲ့သို့ တင်စားထားသော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှင်းထုတ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 18:24

ယေဘုယျ အချက်အလက်

အာဗြဟံက ထာဝရဘုရားထံ ဆက်လက် တောင်းလျှောက်သည်။

. . . ရှိလျှင်

"... ရှိပါလျှင်"

ဖြောင့်မတ်သောသူ ငါးဆယ်ပါသောမြို့ကို သူတို့အတွက် မနှမြောဘဲ ဖျက်ဆီးတော်မူမည်လော

"ငါ ဖျက်ဆီးမည်မဟုတ်" ဟု ထာဝရဘုရား မိန့်ဆိုမည်ဟူသော မျှော်လင့်ချက်ဖြင့် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖျက်ဆီးတော်မူမည်မဟုတ်။ ဖြောင့်မတ်သူ ငါးဆယ်အတွက် ထိုအရပ်ကို သက်ညှာတော်မူပါမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ဖျက်ဆီး

"ရှင်းထုတ်။" လူတို့ကို တံမြက်စည်းဖြင့် ရှင်းထုတ်သကဲ့သို့ တင်စားထားသော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှင်းထုတ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ဖြောင့်မတ်သောသူ ငါးဆယ်ပါသောမြို့ကို သူတို့အတွက် မနှမြောဘဲ . . . တော်မူမည်လော

"ဖြောင့်မတ်သူ ငါးဆယ်အတွက် ထိုအရပ်ကို ငါ ဖျက်ဆီးမည်မဟုတ်" ဟု ထာဝရဘုရား မိန့်ဆိုမည်ဟူသော မျှော်လင့်ချက်ဖြင့် အာဗြဟံ မေးလိုက်သည်။

မနှမြောဘဲ

"သက်ညာခြင်းမှုမရှိဘဲ"

. . . အတွက်

"... ကြောင့်"

အမှုသည် ကိုယ်တော်နှင် ဝေးပါစေသတည်း

"အမှုကို မပြုပါမည့်အကြောင်း တောင်းဆိုပါ၏" သို့မဟုတ် "အမှုကို ပြုလိုသောဆန္ဒ ပျောက်ကင်းပါစေသတည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ကွပ်မျက်ခြင်းအမှု

"ကွပ်မျက်ခြင်းဟူသောအမှု" သို့မဟုတ် "ကွပ်မျက်ခြင်းစသည့် အမှု"

ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့ကဲ့သို့ ခံစေသောအမှုသည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖြောင့်မတ်သူနှင့် မှားယွင်းသောသူတို့ကို တူညီစွာ ပြစ်ဒဏ်ပေးခြင်းသည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

မြေကြီးလုံးကို စီရင်တော်မူသော သခင်သည်၊ တရားသဖြင့် ပြုတော်မူမည် မဟုတ်လော

ဘုရားသခင် ပြုမည်ဟု မျှော်လင့်သောအရာကို မေးခွန်းထုတ်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေကြီးတခုလုံး၏ တရားစီရင်သူသည်၊ တရားသဖြင့် ဆောင်ရွက်တော်မူစေသတည်း" သို့မဟုတ် "ကိုယ်တော်သည် တလောကလုံးကို စီရင်သောကြောင့်၊ တရားသဖြင့် ပြုတော်မူမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

စီရင်တော်မူသော သခင်

ဘုရားသခင် အကောင်းနှင့် အဆိုးကို ဝေဖန်ပိုင်းခြားပေးသည့် ပြည့်စုံသော တရားစီရင်သူ ဖြစ်သဖြင့် တရားသူကြီးဟုလည်း ညွှန်းဆိုတတ်ကြသည်။

Genesis 18:27

မြေမှုန့်နှင့် ပြာသက်သက်

သေသွားမည့် ကိုယ်ခန္ဓာကို မြေမှုန့်နှင့်ပြာအဖြစ် တင်စားထားသော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သေမျိုးသာသာ" သို့မဟုတ် "မြေမှုန့်နှင့် ပြာကဲ့သို့ အရေးပါမှုမရှိ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ဘုရားရှင်ကို

ယာဝေးဘုရားကို ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ လေးမြတ်စွာ ခေါ်ဝေါ်သမုတ်ထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သခင်အား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ယခု လျှောက်မည်ဟု အားထုတ်ပါ၏

"ဤသို့ ရဲတင်းစွာ လျှောက်တင်မှုအတွက် ခွင့်လွှတ်တော်မူပါ" သို့မဟုတ် "ရဲတင်းစွာ လျှောက်သော ကျွန်ုပ်ကို ရခွင့်လွှတ်တော်မူပါ"

ဖြောင့်မတ်သောသူ ငါးဆယ်တို့တွင် ငါးယောက်မပြည့်လျှင်

"ဖြောင့်မတ်သောသူ လေးဆယ့်ငါးယောက်သာ ရှိလျှင်"

ထိုငါးယောက် မပြည့်သောအတွက်ကြောင့်

"လိုသော ငါးယောက်အတွက်ကြောင့်"

ငါမဖျက်ဆီး

"သောဒုံနှင့် ဂေါမောရကို ငါမဖျက်ဆီး"

Genesis 18:29

လျှောက်ဆိုပြန်လျှင်

"အာဗြဟံသည် ထာဝရဘုရားအား လျှောက်ဆိုလေရာ"

ထိုမြို့၌ လေးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်

"ထိုမြို့တို့၌ ဖြောင့်မတ်သောသူ လေးဆယ် ရှိလျှင် အဘယ်သို့ ပြုမည်နည်း"

ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်

"ဖြောင့်မတ်သောသူ လေးဆယ်ကို တွေ့လျှင် ထိုမြို့တို့ကို ငါမဖျက်ဆီးဘဲနေမည်"

မိန့်တော်မူ၏

"ယာဝေးဘုရား မိန့်တော်မူ၏"

သုံးဆယ်

"ဖြောင့်မတ်သောသူ သုံးဆယ်" သို့မဟုတ် "ဖြောင့်မတ်သူ သုံးဆယ်"

ယခု လျှောက်မည်ဟု အားထုတ်ပါ၏

"ဤသို့ ရဲတင်းစွာ လျှောက်တင်မှုအတွက် ခွင့်လွှတ်တော်မူပါ" သို့မဟုတ် "ရဲတင်းစွာ လျှောက်သော ကျွန်ုပ်ကို ရခွင့်လွှတ်တော်မူပါ။" ၁၈:၂၇ မှ ပြန်ဆိုချက်ကို ရှု။

နှစ်ဆယ်

"ဖြောင့်မတ်သောသူ နှစ်ဆယ်" သို့မဟုတ် "ဖြောင့်မတ်သူ နှစ်ဆယ်"

Genesis 18:32

ထိုမြို့၌ တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်

"ထိုမြို့တို့၌ ဖြောင့်မတ်သောသူ တဆယ်ကို တွေ့ကောင်းတွေ့နိုင်ပါလိမ့်မည်"

တဆယ်

"ဖြောင့်မတ်သောသူ တဆယ်" သို့မဟုတ် "ဖြောင့်မတ်သူ တဆယ်"

တဆယ်အတွက်

"ဖြောင့်မတ်သောသူ တဆယ်ကို တွေ့လျှင်"

မိန့်တော်မူ၏

"ထာဝရဘုရား မိန့်တော်မူ၏"

ထာဝရဘုရားသည် . . . ကြွသွားတော်မူ၏

"... ထာဝရဘုရား ကြွသွားတော်မူ၏" သို့မဟုတ် "...ထာဝရဘုရား ထွက်သွားတော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)