Genesis 17

Genesis 17:1

ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ် ရှိသောအခါ

"ရှိသောအခါ" ဟု ဆိုရာတွင်၊ အကြောင်းအရာ တစ်ခုကို အစပြုသော ဝေါဟာရဖြစ်သည်။ ပြန်ဆိုမည် ဘာသာစကား၏ အသုံးအနှုန်းကို အသုံးပြုနိုင်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်

"တန်ခိုးတော်ရှင် ဘုရားသခင်" သို့မဟုတ် "တန်ခိုးအလုံးစုံကို ပိုင်သသော ဘုရားသခင်"

ငါ့ရှေ့မှာ သွားလာ၍

"သွားလာ" မှာ အသက်ရှင်ခြင်းကို၎င်း၊ "ငါ့ရှေ့မှာ" သို့မဟုတ် "ငါ့မျက်မှောက်၌" တို့မှာ နာခံခြင်းကို၎င်း ပုံဖော်သော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အလိုအတိုင်း အသက်ရှင်၍" သို့မဟုတ် "ငါ့စကားကို နားထောင်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငါ၏ပဋိညာဉ်ကို သင်နှင့် ငါပြုမည်

"ငါ၏ပဋိညာဉ်ကို သင့်အား ငါပေးမည်" သို့မဟုတ် "သင်နှင့်ပြုသော ပဋိညာဉ်ကို ငါတည်မည်"

ပဋိညာဉ်

ဤပဋိညာဉ်တွင်၊ ဘုရားသခင်က အာဗြံကို ကောင်းကြီးပေးရန် ကတိတော်ပေးခဲ့ပြီး၊ အာဗြံ၏ နာခံမှုကိုလည်း တောင်းဆိုခဲ့သည်။

သင့်ကို ငါအလွန်များပြားစေမည်

"သင်၏ အမျိုးအနွယ်ကို များပြားစေမည်" သို့မဟုတ် "သင့်အား များစွာသော အမျိုးအနွယ်ကို ငါပေးမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

Genesis 17:3

အာဗြံသည်လည်း ပြပ်ဝပ်လျင်

"အာဗြံသည် မြေပေါ်၌ ပြပ်ဝပ်သော်" သို့မဟုတ် "အာဗြံသည်လည်း မြေပေါ်သို့ ချက်ချင်း ပြပ်ဝပ်လျက်" ဘုရားသခင်အပေါ် ရိုသေလေးမြတ်မှုကို ပုံဆောင်သည်။

ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏

"ကြည့်ရှုလော့၊ ငါ၏ ပဋိညာဉ်သည် သင်၌ရှိ၏"

လူမျိုးအများတို့၏ အဘ

"လူမျိုးများစွာ၏ အဘ" သို့မဟုတ် "လူမျိုးများစွာကို မွေးဘွားသူ"

အာဗြဟံ

ဘာသာပြန်ဆိုသူများ အနေဖြင့် အောက်ပါအတိုင်း မှတ်ချ ထည့်သွင်းနိုင်သည်။ 'အာဗြံ' မှာ 'ဂုဏ်ပြုခြင်းခံရသော အဘ' ဟု၎င်း၊ 'အာဗြဟံ' မှာ 'လူမျိုးများစွာ၏ အဘ' ဟု၎င်း အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်။

ငါသည် သင့်ကို အလွန်ပွားများစေမည်

"ငါသည် သင်၏ အမျိုးအနွယ်ကို များပြားစေမည်"

သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်

"သင်၏ အမျိုးအနွယ်တို့ကို လူမျိုးကြီးဖြစ်စေမည်"

သင်၏ အမျိုးအနွှယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်

"သင့်ထံမှ ရှင်ဘုရင်များ ပေါက်ဖွားလာမည်" သို့မဟုတ် "သင့်အမျိုးတွင် အချို့သည် ရှင်ဘုရင်များ ဖြစ်ကြလိမ့်မည်"

Genesis 17:7

ယေဘုယျ အချက်အလက်

ဘုရားသခင်က အာဗြဟံထံ ဆက်လက် မိန့်ဆိုသည်။

သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ ဘုရားဖြစ်မည်

"သင်နှင့် သင့်အမျိုးအနွယ်၏ ဘုရားဖြစ်မည်"

သင်၏အမျိုးအနွှယ် အစဉ်အဆက်တို့၌

"သင်၏ နောင်မျိုးဆက် အသီးသီးတို့၌"

ထာဝရပဋိညာဉ် ဖြစ်စေမည်

"ထာဝရတည်သော ပဋိညာဉ် ဖြစ်စေမည်"

ခါနာန်ပြည် တရှောက်လုံးကို . . . အစဉ်အမြဲ အပိုင်ပေးမည်

"ခါနန်ပြည်ကို အစဉ်ပိုင်ဆိုင်ခြင်းငှါ ... ငါပေးမည်" သို့မဟုတ် "ခါနန်ပြည်ကို ... ထာဝစဉ် ပိုင်စေမည်"

Genesis 17:9

သို့ဖြစ်၍

ဘုရားနှင့်ပြုသော ပဋိညာဉ်တရားတွင် အာဗြံဖက်မှ ပြုရမည့်အရာကို အစပြုဖော်ပြသော ဝေါဟာဖြစ်သည်။

ငါ၏ပဋိညာဉ်ကို စောင့်ရှောက်ရကြမည်

"ငါ့ပဋိညာဉ်ကို စောင့်ရှောက်ကြရမည်" သို့မဟုတ် "ငါ့ပဋိညာဉ်ကို ချီးမြှောက်ရမည်" သို့မဟုတ် "ငါ့ပဋိညာဉ်ကို နာခံရမည်"

ငါ၏ ပဋိညာဉ်ဟူမူကား

"ငါ၏ ပဋိညာဉ်မှာ ဤသို့ဖြစ်သတည်း" သို့မဟုတ် "ငါ့ပဋိညာဉ်၏ အစိတ်အပိုင်းဟူမူကား" ဤစာကြောင်းက အာဗြံဖက်မှ ပြုရမည့်အပိုင်းကို အဖွင့်နိဒါန်းပြုပေးသည်။

သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့၏ သားယောက်ျားတိုင်းအား အရေဖျားလှီး မင်္ဂလာ ပြုပေးရမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သားယောက်ျားတိုင်း

လူယောက်ျားကို ညွှန်းသည်။

သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည်

အချို့သော ယဉ်ကျေးမှုတွင် ဤစာကြောင်ကို နှစ်ခြိုက်ကြမည် မဟုတ်ပေ။ "အရေဖျားလှီးသည်" ဟု ဘာသာပြန်ပြီးပါက အခြားသောအရာ ထပ်ထည့်စရာမလိုပေ။ အခြားသော ဘာသာပြန်ဆိုချက်၊ "သား ယောကျ်ားတိုင်းကို သင်တို့သည် အရေဖျားလှီး ပေးရမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism and /WA-Catalog/my_tm?section=translate#figs-activepassive)

ပဋိညာဉ်၏ လက္ခဏာသက်သေ

"ပဋိညာဉ် တည်ရှိကြောင်း လက္ခဏာသက်သေ"

လက္ခဏာသက်သေ

ဖြစ်နိုင်ချေများမှာ၊ (၁) "လက္ခဏာ" သို့မဟုတ် (၂) "လက္ခဏာတစ်ခု။" ပထမ ဖြစ်နိုင်ချေအရ လက္ခဏာ တစ်ခုတည်းရှိပြီး၊ ဒုတိယ ဖြစ်နိုင်ချေအရ တစ်ခုထက်ပိုသော လက္ခဏာသက်သေများစွာ ရှိသည်။ "လက္ခဏာ" ဟူသည်မှာ ဘုရားသခင် ကတိတော် ထားခဲ့သောအရာ တစုံတခုကို သတိပေးသောအရာ ဖြစ်သည်။

Genesis 17:12

ယေဘုယျ အချက်အလက်

ဘုရားသခင်က အာဗြဟံထံ ဆက်လက် မိန့်ဆိုသည်။

သင်တို့အမျိုး အစဉ်အဆက်တို့၌

"မျိုးဆက် အသီးသီးတို့၌"

သားယောကျ်ားတိုင်း

"လူယောက်ျားတိုင်း"

ငွေနှင့်ဝယ်သောသူဖြစ်စေ

ကျွန်ကို ညွှန်းသည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။အခြားသော ဘာသာပြန်ဆိုချက်၊ "ငွေဖြင့်ဝယ်သော ယောက်ျားဖြစ်စေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ငါ့ပဋိညာဉ်လည်း သင်တို့၏အသား၌

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့အသားဖြင့် အမှတ်ပြုသော ငါ့ပဋိညာဉ်သည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ထာဝရပဋိညာဉ် ဖြစ်လိမ့်မည်

"အစဉ်တည်မြဲသော ပဋိညာဉ်ဖြစ်လိမ့်မည်။" အသားပေါ်၌ မှတ်သားထားသဖြင့် ပယ်ဖျက်၍ မရနိုင်တော့ပါ။

အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကို မခံသော သားယောက်ျား

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်ပြီး၊ ပြန်ဆိုမည့် ဘာသာစကားတွင် နားလည်ရခက်သည့် စကားလုံးကို ချန်ထားနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အရေဖျားလှီးခြင်းမင်္ဂလာကို မခံသော သားယောက်ျား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

အရေဖျားမလှီး . . . သူ၏အမျိုးမှ ပယ်ရှင်းရ၏

ဖြစ်နိုင်ချေများမှာ၊ ၁) "... သူ၏အမျိုးမှ ငါပယ်ရှင်းမည်" သို့မဟုတ် ၂) "... သူ၏အမျိုးမှ ပယ်ရှင်းရမည်"

. . . ကို သူ၏ အမျိုးမှပယ်ရှင်းရ၏

ဖြစ်နိုင်ချေများမှာ၊ ၁) "... မှာ အသက်သေရမည်" သို့မဟုတ် ၂) "... ကို သူ၏အမျိုးမှ နှင်ထုတ်ရမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီ

"ထိုသူသည် ငါ့ပဋိညာဉ်ကို နာခံခြင်းမရှိပြီ။" မိမိအမျိုးမှ ပယ်ရှင်းခံရမည့် အကြောင်းရင်း ဖြစ်သည်။

Genesis 17:15

စာရဲကိုမူကား

"ကိုမူကား" ဟူသည်မှာ ဘုရားသခင်က အခြားပုဂ္ဂိုလ်အကြောင်းကို ပြောရာ၌ အသုံးပြုသော အဖွင့်စကားဖြစ်သည်။

သူ့အားဖြင့်လည်း သင်အား သားကိုပေးမည်

"သင့်အတွက် သားကို သူ့အားဖြင့် ငါဘွားစေမည်"

သူသည် လူအမျိုးမျိုး ဖြစ်လိမ့်မည်

"လူမျိုးများစွာတို့၏ အမိဖြစ်လိမ့်မည်" (UDB) သို့မဟုတ် "သူမ၏အနွယ်သည် လူမျိုးကြီးများ ဖြစ်လိမ့်မည်"

သူ၏ အမျိုးအနွယ်၌လည်း အပြည်ပြည်သော ရှင်ဘုရင် ဖြစ်ကြလိမ့်မည်

"သူမထံမှ လူ့ပြည် ရှင်ဘုရင်များ ပေါက်ဖွားလာမည်" သို့မဟုတ် "သူမ၏ အမျိုးတွင် အချို့သည် လူ့ပြည် ရှင်ဘုရင်များ ဖြစ်ကြလိမ့်မည်"

Genesis 17:17

အသက်တရာရှိသောသူသည် သားကို ရလိမ့်မည်လော

သံသယစိတ်ဖြင့် ပြောလိုက်သည့် အမေးမဟုတ်သော မေးခွန်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်တစ်ရာရှိသော လူသည် သားကို ရနိုင်မည်မဟုတ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

အသက်ကိုးဆယ်ရှိသော စာရာသည် သားကို ဘွားလိမ့်မည်လော

သံသယစိတ်ဖြင့် ပြောလိုက်သည့် အမေးမဟုတ်သော မေးခွန်း ဖြစ်သည်။ "အသက်ကိုးဆယ်ရှိသော" ဟူသည်မှာ စာရာ၌ သားရနိုင်တော့မည် မဟုတ်ကြောင်း အာဗြဟံ ခံယူရသည့် အကြောင်းရင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စာရာသည် အသက်ကိုးဆယ်ရှိပြီ။ သို့လျှင်၊ သားဘွားနိုင်မည်မဟုတ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion နှင့် /WA-Catalog/my_tm?section=translate#figs-distinguish)

စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်

"စိတ်နှလုံးထဲမှာ တွေးပြီးလျှင်" သို့မဟုတ် "မိမိကိုယ်ကို တိုးတိတ်စွာ ပြောပြီးလျှင်"

ဣရှမေလသည် ရှေ့တော်၌ အသက်ရှင်ပါစေသော

"ဤပဋိညာဉ်ကို ဣရှမေလအား ဆက်ခံစေတော်မူပါ" သို့မဟုတ် "ဤကောင်းကြီးသည် ဣရှမေလအပေါ် သက်ရောက်ပါစေသော။" အာဗြဟံက ဖြစ်နိုင်သည်ဟု မိမိခံယူသော အရာကို ဝန်ခံနေခြင်းဖြစ်သည်။

Genesis 17:19

သင်၏မယားစာရာသည် . . . ဘွားလိမ့်မည်

စာရာက သားမဘွားနိုင်ဟူသော ခံယူချက်ကို ပြုပြင်ပြောင်းလဲရန် ဘုရားသခင် မိန့်လိုက်သည်။

မှည့်ရမည်

အာဗြဟံအား ခိုင်းစေခြင်း ဖြစ်သည်။

ဣရှမေလအမှု၌ကား

"အမှု၌ကား" ဟုဆိုခြင်းဖြင့် မွေးလတ္တံ့သော ကလေးမှ ဣရှမေလဖက်သို့ အကြောင်းအရာ ပြောင်းလိုက်ကြောင်း ထင်ရှားစေသည်။

နားထောင်

"ကြည့်ရှုလော့" သို့မဟုတ် "နားထောင်လော့" သို့မဟုတ် "ငါပြောလတ္တံ့သောအရာကို နားထောင်လော့"

သူ့အနွှယ်ကို တိုးပွားစေ၍

"သူ့အား သားသမီး များစွာ ပေး၍" ဟု အဓိပ္ပါယ်ရသော ‌ဒေသိယစကားဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

သူ့ကို အလွှန်များပြားစေမည်

"ပွားများစေမည်"

မင်းသား

"ခေါင်းဆောင်" သို့မဟုတ် "မင်း။" ဖော်ပြပါ ခေါင်းဆောင် ဆယ့်နှစ်ဦးမှာ ဣသရေလ လူမျိုးဆယ့်နှစ်ခု၏ ဘိုးဘေးများဖြစ်သော ယာကုပ်၏အမျိုး မဟုတ်ပါ။

သို့သော်လည်း . . . သားဣဇာက်၌၊ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်

ဘုရားသခင်က ပဋိညာဉ်တရားအကြောင်းကိုပြန်လည်ပြောဆိုသောအခါ၊ ဣရှမေလမဟုတ်သော ဣဇာက်အားဖြင့် ထိုပဋိညာဉ်ကို တည်စေမည်ဟု မိန့်ဆိုလိုက်သည်။

Genesis 17:22

မိန့်မြွက်တော်မူသံငြိမ်း၍

"အာဗြဟံနှင့် စကားပြောတော်မူ ပြီးနောက်"

ဘုရားသခင်သည် အာဗြဟံထံမှ တက်ကြွတော်မူ၏

"ဘုရားသခင်သည် အာဗြဟံထံမှ ထွက်သွားတော်မူ၏"

အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့

"အာဗြဟံ၏အိမ်တွင် ရှိသော ယောက်ျားအပေါင်းတို့" သို့မဟုတ် "အာဗြဟံ၏ အိမ်ထောင်မှ ယောက်ျားအပေါင်းတို့။" ကလေး၊ လူငယ်၊ လူကြီး အသက်အရွယ်စုံ ပါဝင်သော လူယောက်ျားကို ညွှန်းသည်။

Genesis 17:24

သူ၏အိမ်၌ ဘွားသောသူ၊ တပါးအမျိုးသား၌ သူ၏ငွေနှင့် ဝယ်သောသူ

"မိမိအိမ်၌ ဘွားသောသူ၊ သူတပါးထံမှ ငွေဖြင့် ဝယ်ထားသောသူ"

တပါးအမျိုးသား၌ သူ၏ငွေနှင့် ဝယ်သောသူ

ကျွန် သို့မဟုတ် အစေခံကို ညွှန်းသည်။

သူ၏ငွေနှင့် ဝယ်သော

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိ ဝယ်လိုက်သော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)