Genesis 9

Genesis 9:1

သင်္ဘောမှ ထွက်ခွါပြီးနောက် နောဧနှင့်သူ၏သားများတို့အား မည်သို့လုပ်ရန် ဘုရားသခင်ပြောသနည်း။

ဘုရားသခင်က နောဧနှင့်သူ၏သားတို့အား များပြားစွာမွေးဘွားလျက် မြေကြီးကို ပြည့်စေရန် ပြောခဲ့သည်။

Genesis 9:3

ဘုရားသခင်သည် နောဧနှင့် သူ၏သားများ စားရန်အတွက် မည်သည့်အစာကို ပေးသနည်း။

ဘုရားသခင်က နောဧနှင့်သူ၏သားတို့ကို အသီးအရွက်နှင့်အသက်ရှင်လှုပ်ရှားတတ်သမျှတို့အား စားစရာဘို့ပေးခဲ့သည်။

ဘုရားသခင်က မည်သည့်အသားကိုမစားရန်ပညတ်တော်မူသနည်း။

ဘုရားသခင်က အသွေးရှိသောအသားကို မစားရန် ပညတ်တော်ထားသည်။

အသွေးထဲ၌ ဘာရှိသည်ဟု ဘုရားသခင်ပြောသနည်း။

ဘုရားသခင်ကအသွေးထဲ၌ အသက်ရှိသည်ဟုပြောပါသည်။

Genesis 9:5

လူ၏အသွေးကို သွန်းသောသူအတွက် မည်သို့ ပြစ်ဒဏ်ခံရမည်ဟု ဘုရားသခင်မိန့်တော်မူသနည်း။

လူ၏ အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကိုလူလက်ဖြင့်သွန်းရမည်ဟု ဘုရားသခင်မိန့်တော်မူသည်။

ဘုရားသခင်သည် လူကို မည်သူ့ပုံသဏ္ဍာန်နှင့်အညီဖန်ဆင်းသနည်း။

ဘုရားသခင်သည် သူ၏ပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းခဲ့သည်။

Genesis 9:11

ဘုရားသခင်က မြေကြီးနှင့်ထားသော ပဋိညာဥ် ၏ သက်သေလက္ခဏာမှာ အဘယ်နည်း။

ဘုရားသခင်က မြေကြီးနှင့်ထားသော ပဋိညာဥ်၏ သက်သေလက္ခဏာမှာ သက်တံ့ဖြစ်ပါသည်။

Genesis 9:14

မြေကြီးပေါ်မှာရှိသော သက်ရှိအရာအားလုံးကို ဘုရားသခင်က မည်သည့်ပဋိညာဥ်မျိုး ပြုလုပ်သနည်း။

ဘုရားသခင်က သက်ရှိအရာအားလုံးကို ဖျက်ဆီးဘို့ရန်နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိစေရဟူ၍ ပဋိညာဥ်ပြုပါသည်။

Genesis 9:18

နောဧ သားသုံးယောက်အမည်များမှာ အဘယ်နည်း။

နောဧ သားသုံးယောက်အမည်မှာ ရှေမ၊ ဟာမ နှင့် ယာဖက်တို့ ဖြစ်ကြပါသည်။

Genesis 9:20

နောဧသည် စပျစ်ဥယျာဥ်ခြံစိုက်ပျိုးပြီးနောက် မည်သို့ဖြစ်သနည်း။

စပျစ်ဥယျာဥ်ခြံစိုက်ပျိုးပြီးနောက်၊ နောဧသည် စပျစ်ရည်ကိုသောက်၍ ယစ်မူးခဲ့သည်။

Genesis 9:22

ရှေမနှင့်ယာဖက်တို့သည် အဝတ်မရှိသောသူတို့၏ ဖခင်ကိုမည်သို့ ဖုံးကွယ်ပေးသနည်း။

ရှေမနှင့်ယာဖက်တို့သည် ဝတ်လုံနှင့်အတူအနောက်ဖက်သို့လျှောက်သွား၍၊ တဖက်သိုလှည့်ပြီးမှ အဝတ်မရှိသောသူတို့ဖခင်ကို ဝတ်လုံနှင့် ဖုံးကွယ်ပေးပါသည်။

Genesis 9:24

နောဧသည် ဟာမအပေါ် မည်သို့ကျိန်ဆိုသနည်း။

နောဧသည် ဟာမအား ကျိန်ပြောသည်မှာ "ခါနာန်သည်ကျိန်ခြင်းကို ခံရပြီး၊ အစ်ကိုတို့၏ ကျွန်တို့၌ ကျွန်ဖြစ်ပါစေ" ဟုကျိန်ဆိုခဲ့သည်။

Genesis 9:26

နောဧသည် မည်သူကို ကောင်းချီးပေးသနည်း။

နောဧသည် ရှေမနှင့်ယာဖက်တို့ကို ကောင်းချီးပေးခဲ့သည်။