Genesis 8

Genesis 8:1

ဘုရားသခင်က မည်သို့လုပ်ပေးခြင်းဖြင့် ရေကို ငြိမ်းစေသနည်း။

ဘုရားသခင်က လေတိုက်စေလျက်၊ ရေထွက်ရာမြေအောက်တွင်းများကို ပိတ်၍ မိုးကို တိတ်စေပါသည်။

Genesis 8:4

သင်္ဘောသည် မည်သည့်နေရာ၌ ရပ်နေသနည်း။

သင်္ဘောသည် အာရရတ်အမည်ရှိတောင်ထိပ်ပေါ်မှာ ရပ်နေပါသည်။

Genesis 8:8

ပထမအကြိမ် သင်္ဘောထဲမှ နောဧစေလွှတ်လိုက်သော ချိုးငှက်သည် မည်သို့ဖြစ်သနည်း။

ပထမအကြိမ်ချိုးငှက်သည် မိမိခြေဖြင့်နားရန်နေရာ ရှာမတွေ့သောကြောင့် နောဧရှိရာ သင်္ဘောသို့ ပြန်လာခဲ့သည်။

Genesis 8:10

ဒုတိယအကြိမ် သင်္ဘောထဲမှ နောဧစေလွှတ်လိုက်သောချိုးငှက်သည် မည်သို့ဖြစ်သနည်း။

ဒုတိယအကြိမ်၌ ချိုးငှက်သည် လတ်ဆတ်သောသံလွင်ရွက်နှင့်အတူ ပြန်လာခဲ့သည်။

တတိယအကြိမ် သင်္ဘောထဲမှ နောဧစေလွှတ်လိုက်သောချိုးငှက်သည် မည်သို့ဖြစ်သနည်း။

တတိယအကြိမ်၌ ချိုးငှက်သည် နောဧထံသို့ ပြန်မလာတော့ဘဲ နေခဲ့သည်။

Genesis 8:13

နောဧသည် သင်္ဘောအကာကိုဖယ်၍ အပြင်သို့ကြည့်သောအခါ မည်သည့်အရာကိုမြင်သနည်း။

နောဧသည် မြေမျက်နှာပြင် ခြောက်သွေ့သည်ကို မြင်ခဲ့သည်။

Genesis 8:15

ဘုရားသခင်က သက်ရှိသတ္တဝါအပေါင်းတို့သည် သင်္ဘောထဲမှ ထွက်သွားပြီး မည်သို့လုပ်စေရန် အလိုရှိသနည်း။

ဘုရားသခင်က သက်ရှိသတ္တဝါအပေါင်းတို့သည် မြေကြီးပေါ်မှာ တိုးပွါးများပြားစေရန် အလိုရှိပါသည်။

Genesis 8:20

နောဧသည် သင်္ဘောထဲမှ ထွက်ခွါသောအခါ မည်သို့လုပ်သနည်း။

နောဧသည် ထာဝရဘုရားအတွက် ယဇ်ပလ္လင်ကိုတည်ဆောက်၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သောယဇ်ကိုပူဇော်ပါသည်။

ထိုအချိန်က ဘုရားသခင်သည် မည်သည့်ကတိတော်နှစ်ခုကို လူသားတို့အား လုပ်ပေးသနည်း။

ဘုရားသခင်က နောက်တစ်ကြိမ်မြေကြီးကို ကျိန်ဆိုခြင်းမပြုရန်နှင့် နောက်တစ်ကြိမ် သက်ရှိအရာအားလုံးကို မဖျက်ဆီးရန် ကတိတော်လုပ်ပေးသည်။

ဘုရားသခင်က လူတို့သည် ငယ်ရွယ်သည်မှစ၍ မည်သို့ရှိသည်ဟု ပြောသနည်း။

ဘုရားသခင်က လူတို့သည် ငယ်ရွယ်သည်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုးကြသည်ဟု ပြောပါသည်။