Genesis 25

Genesis 25:1

ယေဘုယျ အချက်အလက်

/WA-Catalog/my_tm?section=translate#translate-names ကို ရှု။

ထိုသူအပေါင်းတို့ကား

အငယ် ၂ မှ ၄ တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များအားလုံးကို ညွှန်းသည်။

Genesis 25:5

အာဗြဟံသည်၊ မိမိဥစ္စာရှိသမျှကို ဣဇာက်အား ပေးလေ၏

"ဣဇာက်သည်၊ အာဗြဟံ ပိုင်သမျှကို ဆက်ခံလေ၏။" သေပြီးနောက် သူတပါး ခွဲပေးခြင်းမပြုမီ ဖခင်များအနေဖြင့် အိုမင်းသောအခါ မိမိဥစ္စာကို ခွဲဝေပေးရိုး ဖြစ်သည်။

Genesis 25:7

ထိုနောက် အာဗြဟံသည် . . . အသက်ပေါင်း တရာခုနစ်ဆယ်ငါးနှစ်ရှိသော်

"အာဗြဟံသည် ၁၇၅ နှစ်တိုင် ... ရှင်သန်ခဲ့၏" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်

"ဘဝနိဂုံးချုပ်၍ ကွယ်လွန်သဖြင့်။" "အသက်ချုပ်" နှင့် "အနိစ္စ" မှာ တူညီသော အဓိပ္ပါယ် သက်ရောက်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့နောက် အနိစ္စရောက်သဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet)

အသက်ချုပ်၍

လူတစ်ဦး သေဆုံးကြောင်း ယဉ်ကျေးစွာ သုံးနှုန်းထားခြင်း ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

အသက်ကြီးရင့်၍၊ အိုမင်းခြင်း၊ နေ့ရက်ကာလ ပြည့်စုံခြင်းနှင့်တကွ

အထက်ပါ စာပိုဒ်ကို အာဗြဟံမှာ ကြာရှည်စွာ အသက်ရှင်သည်ဟု ရိုးရှင်းစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်ကြီးရင့်၍ အိုမင်းသောအခါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet)

အိုမင်းခြင်း၊ နေ့ရက်ကာလ ပြည့်စုံခြင်းနှင့်တကွ

အသက်ကို အပြည့် ဖြည့်နိုင်သော အရာကဲ့သို့ တင်စားထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

မိမိလူမျိုး စည်းဝေးရာသို့ရောက်လေ၏

သေပြီးနောက် ဘိုးဘေးများ သွားသည့်အရပ်သို့ ရောက်သွားကြောင်း ဆိုလိုသည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိဘိုးဘေးတို့ထံ ခေါ်ဆောင်ခြင်း ခံရလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 25:9

မံရေမြို့ ရှေ့မှာ

မက်ဖေလမှာ မံရေမြို့နားတွင် ရှိ၏။

မံရေမြို့

ဟေဗြုန်မြို့၏ တခြားအမည် ဖြစ်သည်။ အာဗြဟံ၏ မိတ်ဆွေ မံရေကို အဆွဲပြုခြင်း ဖြစ်နိုင်သည်။ ၂၃:၁၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဇောရ . . . ဧဖရုန်

ယောက်ျားအမည်များ ဖြစ်သည်။ ၂၃:၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဧဖရုန်၏လယ်ပြင်တွင်၊ မပ္ပေလမြေတွင်း၌

မက်ဖေလလယ်ပြင်နှင့် ထိုလယ်ပြင်ရှိ လှိုဏ်ဂူတို့ကို ဧဖရုန် ပိုင်ခဲ့၏။ သူ့ထံမှ အာဗြဟံက ဝယ်ယူခဲ့သည်။

မပ္ပေလ

နေရာ သို့မဟုတ် ဒေသအမည် ဖြစ်သည်။ ၂၃:၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

. . . အား အဘိုးပေး၍ အာဗြဟံဝယ်သော လယ်ပြင်

"... ထံမှ အာဗြဟံ ဝယ်ယူသော လယ်ပြင်"

ဟေသအမျိုးသားတို့

"ဟေသ၏ အမျိုးတို့" သို့မဟုတ် "ဟိတ္တိလူတို့။" ၂၃:၅ မှ ပြန်ဆိုချက်ကို ရှု။

အာဗြဟံနှင့် မယားစာရာတို့ကို သင်္ဂြိုဟ်ကြသတည်း

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံနှင့် မယားစာရာတို့ကို မြေမြှုပ်ကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သား

"အာဗြဟံ၏သား"

ဗေရလဟဲရော

"ကျွန်ုပ်ကို တွေ့မြင်ရာ အသက်ရှင်သောသခင်၏ တွင်း။" ၁၆:၁၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 25:12

တည်းဟူသော

ဣရှမေလ၏ အမျိုးအနွယ်ကို မိတ်ဆက်ချင်၍ အစပြုသည့် စကားလုံးဖြစ်သည်။

Genesis 25:13

ယေဘုယျ အချက်အလက်

/WA-Catalog/my_tm?section=translate#translate-names ကို ရှု။

. . . ဟူသော ဣရှမေလသားတည်း။ ထိုသို့အမည်ရှိသော သူတို့သည်၊ မိမိမြို့၊ မိမိရဲတိုက်အလိုက်၊ အမျိုးမျိုးသော မင်းဆယ်နှစ်ပါးဖြစ်သတည်း

စာကြောင်း နှစ်ခုအဖြစ် ခွဲနိုင်သည်။ "ဤသူတို့မှာ ဣရှမေလသား ဆယ့်နှဦး ဖြစ်သတည်း။ ထိုသူတို့သည်၊ မိမိမြို့၊ မိမိရဲတိုက်အလိုက် အမည်အသီးသီးဖြင့် ခေါ်တွင်သော လူမျိုးများ ဖြစ်သတည်း"

ဆယ်နှစ်ပါး

"၁၂ ပါး" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

မင်း

"မင်း" ဟူရာတွင် လူမျိုးစု၏ ဦးခေါင်း သို့မဟုတ် ခေါင်းဆောင်ဟု ဆိုလိုသည်။ ဘုရင်ဟု တိုက်ရိုက်ဆိုလိုခြင်း မဟုတ်ပါ။

Genesis 25:17

ဣရှမေလသည် အသက်တရာသုံးဆယ်ခုနစ်နှစ်ရှိသော်

"ဣရှမေလသည် နှစ်ပေါင်း ၁၃၇ နှစ် အသက်ရှင်ပြီးနောက်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

အသက်ချုပ်၍ သေသဖြင့်

"အသက်ချုပ်" နှင့် "သေ" ဟူသည်မှာ အဓိပ္ပါယ်ချင်း တူ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကွယ်လွန်သဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet)

မိမိလူမျိုး စည်းဝေးရာသို့ ရောက်လေ၏

သေပြီးနောက် ဘိုးဘေးများ သွားသည့်အရပ်သို့ ရောက်သွားကြောင်း ဆိုလိုသည်။ အဖြည့်ခံဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိ ဘိုးဘေးတို့ထံ ခေါ်ဆောင်ခြင်း ခံရလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

သူတို့သည်လည်း . . . နေကြ၏

"သူ၏ အမျိုးအနွယ်တို့သည် ... နေကြ၏"

ဟာဝိလမြို့မှစ၍ . . . ရှုရမြို့တိုင်အောင် . . .

"ဟာဝိလမြို့နှင့် ... ရှုရမြို့ကြား ..."

ဟာဝိလမြို့

အာရေဗျ သဲကန္တာရ တနေရာတွင် တည်ရှိသည်။ ၂:၁၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

. . . သို့ သွားရာလမ်း

"... ဘက်"

မိမိညီအစ်ကိုအပေါင်း အနား၌ ကျသတည်း

ဖြစ်နိုင်ချေများမှာ၊ (၁) "မိမိတို့ ညီအစ်ကိုနှင့် ရန်ငြိုးဖွဲ့လျက် ရှိကြသတည်း" (UDB) သို့မဟုတ် (၂) "ဆွေမျိုးသားချင်းတို့မှ ဝေးရာတွင် နေကြသတည်း"

Genesis 25:19

အာဗြဟံသား ဣဇာက်၏အဆက်အနွှယ်ဟူ မူကား

ကမ္ဘာဦးကျမ်း ၂၅:၁၉ မှ ၃၅:၂၉ တွင် ဖော်ပြမည့် ဣဇာက်အကြောင်းကို မိတ်ဆက်သော စာကြောင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤသည်မှာ အာဗြဟံသား ဣဇာက်၏ အမျိုးအနွယ်များ အတ္ထုပ္ပတ္တိ ဖြစ်သတည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဗေသွေလ

ရေဗက္က၏ ဖခင်ဖြစ်သည်။ ၂၂:၂၀ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

အသက်လေးဆယ် ရှိသောအခါ

"အသက် ၄၀ ရှိသောအခါ" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

ရေဗက္ကနှင့် အိမ်ထောင်လေ၏

"ရေဗက္ကနှင့် ထိမ်းမြားလေ၏"

ပါဒနာရံ

ပဒ္ဒန်အာရမ် ဟူရာတွင် မက်ဆိုပိုတေးမီးယားဒေသကို ညွှန်းပြီး၊ မျက်မှောက် အီရတ်နိုင်ငံ ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 25:21

ရေဗက္က မြုံသောကြောင့်

"ရေဗက္က သားအိမ်မြုံသောကြောင့်"

သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏

အမွှာနှစ်ယောက်ဖြင့် ကိုယ်ဝန်ဆောင်ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ "သူ၏မယားသည် အမွှာနှစ်ယောက်အား ပဋိသန္ဓေ စွဲလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဝမ်းအတွင်း၌တည်သော သူငယ်တို့သည်၊ အချင်းချင်း တိုက်ခိုက်ကြ၏

"သူမအတွင်း၌ အမွှာတို့သည် အချင်းချင်း ပုတ်ခတ်ကြ၏" သို့မဟုတ် "ဝမ်းတွင်းရှိ သူငယ်တို့ အချင်းချင်း တွန်းဖယ်ကြ၏"

ဝမ်းအတွင်း၌တည်သော သူငယ်တို့

ရေဗက္ကသည် အမွှာနှစ်ယောက်ကို ပဋိသန္ဓေစွဲရ၏။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ထာဝရဘုရားကို မေးလျှောက်ခြင်းငှါ သွားလေ၏

"ယာဝေးဘုရားကို မေးလျှောက်ခြင်းငှါ သွားလေ၏။" အဘယ်အရပ်သို့ သွားသည်ကို ဖော်ပြခြင်း မပြုပါ။ ဆုတောင်းရန် တိတ်ဆိတ်သောအရပ် ဖြစ်နိုင်သကဲ့သို့၊ ယဇ်ပူဇော်ရန် သွားခြင်းလည်း ဖြစ်နိုင်သည်။

Genesis 25:23

သင်၏ဝမ်းအတွင်း၌ လူမျိုးနှစ်မျိုးရှိ၏

"လူမျိုးနှစ်မျိုး" မှာ ကလေးနှစ်ယောက်ကို ပုံဆောင်သည်။ အသီးသီးက လူမျိုးတခုစီ၏ ဖခင်ဖြစ်လာမည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏ ဝမ်းတွင်း၌ ရှိသော သူငယ်နှစ်ဦးအားဖြင့် လူမျိုးနှစ်ခု ဖြစ်လာမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သင်၏ဝမ်းထဲက ခြားနားသော လူစုနှစ်စုကို ဘွားရလိမ့်မည်

"လူစုနှစ်စု" မှာ သူငယ်နှစ်ဦးကို ပုံဆောင်သည်။ တဦးစီက လူတစ်စု၏ ဖခင်ဖြစ်လာမမည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မွေးလာသော သူငယ်တို့သည် အချင်းချင်း ရန်ဘက်ပြုလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

သင်၏ဝမ်းအတွင်း၌ . . . အကြီးသည် အငယ်၌ ကျွန်ခံရလိမ့်မည်

ကဗျာအသုံးအနှုန်း ဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-poetry)

အကြီးသည် အငယ်၌ ကျွန်ခံရလိမ့်မည်

ဖြစ်နိုင်ချေများမှာ၊ (၁) "အကြီးသည် အငယ်ကို ခဝါချရလိမ့်မည်" သို့မဟုတ် (၂) "အကြီး၏အမျိုးသည် အငယ်၏ အမျိုး၌ ကျွန်ခံလိမ့်မည်။" ဖြစ်နိုင်လျှင်၊ နားလည်လွယ်သော စကားလုံးကို အသုံးပြုပါ။

. . . ဟု မိန့်တော်မူ၏

"... ဟု ရေဗက္ကအား မိန့်တော်မူ၏"

Genesis 25:24

အမွေးပါသော အဝတ်ကဲ့သို့ဖြစ်၍၊ တကိုယ်လုံး အဆင်းနီ၏

ဖြစ်နိုင်ချေများမှာ၊ (၁) အသားအရေနီ၍ တကိုယ်လုံး အမွေးများသည် သို့မဟုတ် (၂) တကိုယ်လုံး နီရဲသော အမွေးများ ရှိသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားမွေးဖြင့် လုပ်ထားသော ဝတ်ရုံကဲ့သို့၊ တကိုယ်လုံး နီ၍ အမွေးထူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-simile)

ဧသော

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဧသောမှာ 'အမွေးထူ' ဟူသော ဝေါဟာရနှင့် နီးစပ်သည်" ဟု မှတ်ချက်ထည့်နိုင်သည်။

အစ်ကိုဧသော၏ ဖနှောင့်ကို ကိုင်လျက်

"ဧသော၏ ခြေဖနှောင့်ကို ကိုင်လျက်"

ယာကုပ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "ယာကုပ်မှာ 'ခြေဖနှောင့်' ဟူသော ဝေါဟာရနှင့် နီးစပ်သည်" ဟု မှတ်ချက်ထည့်နိုင်သည်။

အသက်ခြောက်ဆယ်

"အသက် ၆၀" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

Genesis 25:27

လိမ္မာသော တောသားမုဆိုးဖြစ်လေ၏

"ကျွမ်းကျင်သော မုဆိုးဖြစ်လေ၏"

စိတ်ကောင်းသောသူ

"အေးချမ်းသောသူ" သို့မဟုတ် "ဆိတ်ငြိမ်သောသူ"

တဲ၌နေတတ်၍

အခြားသော ဘာသာပြန်ဆိုချက်၊ "တဲ၌ အချိန်အများစုနေတတ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ဣဇာက်သည် . . . ကို ချစ်၏

"ချစ်" ဟူရာတွင် "မျက်နှာသာပေး" သို့မဟုတ် "နှစ်သက်" ကို ဆိုလိုသည်။

ဧသောပေးသော အမဲသားကို စားလေ့ရှိသောကြောင့်

"ဧသော ဖမ်းသော အသားကို စားလေ့ရှိသဖြင့်" သို့မဟုတ် "ဧသော ဖမ်းသော အသားကို ကြိုက်သောကြောင့်"

Genesis 25:29

တနေ့သ၌၊ ယာကုပ်သည် . . . ချက်ပြုတ်စဉ်

ဖြစ်ရပ်တခု၏အစ ဖြစ်သောကြောင့် UDB မူပြန်ကျမ်းကဲ့သို့ "တနေ့သ၌" သို့မဟုတ် "တနေ့သော်" စသဖြင့် နိဒါန်းဖွင့်ပေးမည့် စကားလုံးကို ထည့်သွင်း ဖော်ပြနိုင်သည်။

စားစရာကို ချက်ပြုတ်စဉ်

"အစာကို ချက်ပြုစဉ်" သို့မဟုတ် "ဟင်းကို ချက်ပြုတ်စဉ်။" ပဲနီလေးကို ပြုတ်ထားသော ဟင်းရည်ဖြစ်သည်။ (ရှု၊ ၂၅:၃၁)

မောသောကြောင့်

"အစာငတ်သဖြင့် မောသောကြောင့်" သို့မဟုတ် "စာလောင်သောကြောင့်"

ငါမောပါသည်

"အစာငတ်၍ မောပါပြီ" သို့မဟုတ် "ငါစာလှပြီ"

ဧဒုံ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဧဒုံ ဟူသော အမည်မှာ 'အနီ' ဟု အဓိပ္ပါယ်ရသည်" ဟူ၍ မှတ်ချက်ထည့်နိုင်သည်။

Genesis 25:31

သားဦးအရာ

"ဖခင်၏ ဥစ္စာ အများစုကို ဆက်ခံစေသော သားဦးအရာ" (UDB)

ငါသေလုပြီ

မည်မျှ စာလှောင်နေကြောင်း ဖော်ပြခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သေလောက်အောင် စာလှပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-hyperbole)

သားဦးအရာအားဖြင့် အဘယ်အကျိုး ရှိပါလိမ့်မည်နည်း

အစာသည် သားဦးအရာထက် အရေးပါသည်ဟု ဧသော ဆိုလိုခြင်းဖြစ်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစာငတ်လျှင် သားဦးအရာက အဘယ်သို့ အကျိုးပြုမည်နည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ယနေ့ပင် ငါ့အား ကျိန်ဆိုခြင်းကိုပြုပါ

အဘယ်အရာကို ကျိန်ဆိုရမည်အကြောင်း တိကျစွာ ဖော်ပြနိုင်သည။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားဦးအရာကို ရောင်းမည်အကြောင်း ယခုပင် ကျိန်ဆိုပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ပဲဟင်း

ပဲနီလေးမှာ ပဲအမျိုးအစားဖြစ်ပြီး သေးငယ်၊ လုံးဝန်း၍ ပြား၏။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-unknown)

ဧသောသည်၊ မိမိနှင့်ဆိုင်သော သားဦးအရာကို မထီမဲ့မြင် ပြုသတည်း

"ဧသောသည် မိမိ၏ သားဦးအရာကို မထီမဲ့မြင် ပြုသတည်း"