Genesis 24

Genesis 24:1

ငါနေသော

"ငါနေထိုင်သော ဤပြည်၌။" "ငါ" ဟု ဆိုရာတွင် အာဗြဟံ၏ အိမ်ထောင်မိသားစု တခုလုံး ပါဝင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့နေထိုင်သော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ခါနာန်အမျိုးသမီးတို့တွင်

"ခါနာနိအမျိုးသမီးတို့မှ" သို့မဟုတ် "ခါနာနိလူမျိုးတို့မှ။" ခါနာန်လူ အမျိုးသမီးများကို ညွှန်းသည်။

ငါ့အမျိုးသားချင်းတို့

"ငါ့မိသားစု"

ငါ့ပြည် . . . ထံသို့သွား၍

စေခိုင်းချက်အဖြစ် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ထံ သွားမည်အကြောင်း ကျိန်ဆိုလော့" သို့မဟုတ် "သို့ရာတွင် သင်သည် ငါ့ပြည် ... ထံသို့သွား၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-imperative)

သင်၏လက်ကို ငါ့ပေါင်အောက်၌ ထားပြီးမှ

တစုံတရာ ကျိန်ဆိုစေရန် ရည်ရွယ်ထားသည်။ အာဗြဟံ၏ ပေါင်အောက်၌ လက်ကို ထားခြင်းသည် ထိုကျိန်ဆိုသောအရာကို ပြုမည်ဟု အဓိပ္ပါယ် သက်ရောက်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ငါကျိန်ဆိုစေပါမည်

စေခိုင်းချက်အဖြစ် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ထံ ကျိန်ဆိုလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-imperative)

ကောင်းကင်မြေကြီးအရှင် ဘုရားသခင်

"ကောင်းကင်နှင့်မြေကြီးအရှင် ဘုရားသခင်။" "ကောင်းကင်" နှင့် "မြေကြီး" ဆိုရာတွင် ဘုရားသခင် ဖန်ဆင်သမျှသောအရာ အလုံးစုံ ပါဝင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကောင်းကင်မြေကြီး အလုံးစုံတို့၏အရှင် ဘုရားသခင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-merism)

ကောင်းကင်

ဘုရားသခင် ကိန်းဝပ်သောနေရာကို ညွှန်းသည်။

ထာဝရဘုရားကို တိုင်တည်၍

ကျိန်ဆိုရာ၌ မိမိထက် တန်ခိုးကြီးမြတ်သောသူကို တိုင်တည်ရသည်။ "ထာဝရဘုရားကို တိုင်တည်၍"

Genesis 24:5

ကိုယ်တော် ထွက်လာသောပြည်သို့ ကိုယ်တော်၏သားကို တဖန် ကျွန်တော် ခေါ်သွားရပါမည်လော

"ကိုယ်တော့် ဇာတိပြည်တွင် နေထိုင်စေရန် ကိုယ်တော်၏ သားကို ကျွန်တော် ခေါ်သွားရပါမည်လော"

ထိုပြည်သို့ ငါ့သားကိုခေါ်၍ မသွားနှင့်။ သတိပြုလော့

"သတိပြုလော့" ဟု ဆိုရာတွင် အထက်က စကားကို အလေးပေးရန် သုံးထားခြင်း ဖြစ်သည်။ "ထိုပြည်သို့ ငါ့သားကို ခေါ်မသွားစေခြင်းငှါ သတိပြုလော့" သို့မဟုတ် "ထိုပြည်သို့ ငါ့သားကို ခေါ်၍ မသွားရ"

ငါ့အဘ၏အိမ်မှ၎င်း၊ ငါ့အမျိုးသားနေရာ ပြည်မှ၎င်း ငါ့ကိုခေါ်၍

"အိမ်" မှာ မိသားစုကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အဘ၏ မိသားစုနှင့် ငါ့အမျိုးတို့၏တိုင်းပြည်မှ ငါ့ကိုခေါ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ငါ့အား ဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူသော

"ငါ့ထံ ဂတိသစ္စာ ပြုတော်မူသော"

သင်၏အမျိုးအနွယ်အား ဤပြည်ကို ငါပေးမည်ဟု

ပြောခဲ့ပြီးသောအရာကို ကိုးကားသောစကားဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အမျိုးအနွယ်အား ဤပြည်ကို ပေးမည်ဟု" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

မိမိကောင်းကင်တမန်ကို . . . စေလွှတ်တော်မူသဖြင့်

"မိမိ" မှာ ထာဝရဘုရားကို ညွှန်းသည်။

Genesis 24:8

ယေဘုယျ အချက်အလက်

အငယ် ၈ တွင် အာဗြဟံက မိမိအစေခံကို ဆက်လက် လမ်းညွှန်ချက်ပေးသည်။

မိန်းမသည်သင်နှင့်အတူ မလိုက်လိုလျှင်

"သို့သော်၊ မိန်းမက သင်နှင့်အတူ မလိုက်လိုလျှင်။" ၂၄:၅ မှ အစေခံ၏ မေးခွန်းကို ဖြေဆိုပေးခြင်း ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-hypo)

သင်သည်၊ ယခု ငါပေးသော ကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ

"သင် ပြုလုပ်သော ကျိန်ဆိုခြင်းမှ ကင်းလွတ်စေ။" ချည်နှောင်မှ လွတ်မြောက်သကဲ့သို့ ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင် ကျိန်ဆိုထားသောအရာမှ ကင်းလွတ်စေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

သခင်အာဗြဟံ၏ ပေါင်အောက်၌ လက်ကိုထား၍

ကျိန်ဆိုသည်အတိုင်း ဆောင်ရွက်မည်အကြောင်း တိုင်တည်သော အပြုအမူဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ထိုအမှု၌

"တောင်းဆိုသည်အတိုင်း" သို့မဟုတ် "စေခိုင်းသည်အတိုင်း ဆောင်ရွက်မည်ဟု"

ကျိန်ဆိုလေ၏

"သစ္စာကတိ ဆိုလေ၏"

Genesis 24:10

မိမိသခင်၏ ဥစ္စာရှိသမျှကို စီရင်သောသူဖြစ်၍

သတို့သမီးအတွက် လက်ဖွဲ့အဖြစ် အာဗြဟံ ယူသွားစေသော အရာများ ပါရှိကြောင်း ထင်ရှားသည်။

. . . ကိုယူ၍ ထသွားသဖြင့်

ခရီးထွက်သောအခါ ယူသွားသောအရာများကို စာရင်းပြုခြင်းဖြစ်သည်။

နာခေါ်မြို့

ဖြစ်နိုင်ချေများမှာ၊ ၁) နာခေါ်နေသောမြို့ သို့မဟုတ် ၂) "နာခေါ်အမည်ရှိ မြို့။" ရှင်းပြစရာမလိုသော အသုံးအနှုန်းဖြင့်လည်း ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ထသွားသဖြင့် . . . ရောက်လေ၏

"ထွက်သွားသဖြင့် ... ရောက်လေ၏" သို့မဟုတ် "ထွက်သွားပြီး ... ရောက်လေ၏"

ရေခပ်သော

"ရေခပ်ကြသော" (UDB)

ရေတွင်း

"ရေရှိသောတွင်း" သို့မဟုတ် "တွင်း" (UDB)

ကုလားအုပ်တို့ကို ဝပ်စေပြီးလျှင်

ခြေထောက်ရှည်သော တိရစ္ဆာန်မျိုး ဖြစ်သည်။ မြေပေါ် ထိုင်ချစေခြင်း ဖြစ်သည်။ "ကုလားအုပ်တို့ကို ထိုင်စေပြီးလျှင်"

Genesis 24:12

ယနေ့ အကျွန်ုပ်အကြံကို ထမြောက်စေ၍၊ အကျွန်ုပ်၏သခင် အာဗြဟံ၌ ကျေးဇူးပြုတော်မူပါ

ဘုရားသခင်၏ အမှုပြုခြင်းကို တောင်းလျှောက်သောစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သခင် အာဗြဟံ၌ ပဋိညာဉ်တရားကို ပြည့်စုံစေခြင်းငှါ အကျွန်ုပ်အကြံကို ယနေ့ ထမြောက်စေတော်မူပါ" (ရှု၊ /WA-Catalog/my_tm?section=translate#writing-connectingwords)

အကျွန်ုပ်အကြံကို ထမြောက်စေ၍

"အကျွန်ုပ်ကို အောင်မြင်ခြင်းပေး၍။" အစေခံက အာဗြဟံ၏သားအတွက် မိန်းမကောင်းကို ရှာပေးလိုသည်။ "ထမြောက်" ကို စိတ္တဇနာမ်ဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အောင်မြင်ခြင်းအခွင့်ပေး၍" သို့မဟုတ် "ကျွန်ုပ် ရောက်လာရသည့်အကြောင်းရင်းကို ပြည့်စုံစေ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

အကျွန်ုပ်၏သခင် အာဗြဟံ၌ ကျေးဇူးပြုတော်မူပါ

ဘုရားသခင်က အာဗြဟံနှင့် ပြုခဲ့သော ပဋိညာဉ်တရားကို ညွှန်းသည်။ စိတ္တဇနာမ် "ကျေးဇူး" ကို "တည်စေ" ဟု ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သခင် အာဗြဟံ၌ ပဋိညာဉ်တရားကို တည်စေတော်မူပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

ရေတွင်း

"ရေစမ်း" သို့မဟုတ် "တွင်း"

ထိုမြို့သူ သတို့သမီးတို့

"ထိုမြို့သူ အပျိုတို့"

အကြင်သတို့သမီးကို၊ ကျွန်ုပ်သောက်ခြင်းငှါ သင်ရေဘူးကိုချပါဟု ဆိုသော်

ပြောခဲ့ပြီးသောစကားကို ပြန်လည် ကိုးကားခြင်း ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အပျိုတစ်ယောက်ထံ၊ ကျွန်ုပ်သောက်ရန် ရေအိုးကိုချပေးပါ ဆိုသောအခါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

သင်ရေဘူးကိုချပါ

အမျိုးသမီးတို့က ရေအိုးကို ပုခုံးပေါ် တင်ထားရသည်။ ထို့ကြောင့် အောက်ငုံ့မှ ရေကို သောက်နိုင်မည်ဖြစ်သည်"

ရေဘူး

အရည်များကို သယ်ယူ ထည့်သုံးရန် ရွှံ့စေးမှ ထုလုပ်ထားသော သာမန်အရွယ် အိုး။

ဖြစ်ပါစေသော

"ဖြစ်စေပါ" သို့မဟုတ် "ဖြစ်ပါမည်"

အကျွန်ုပ်၏သခင်၌ ကျေးဇူးပြုတော်မူကြောင်း

"ကျေးဇူးပြု" ကို "သစ္စာတည်" ဟု ပြောင်းဆိုနိုင်သည်။ အခြာသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သခင်၌ ကတိသစ္စာ တည်တော်မူကြောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

လျှောက်ဆို၏

"အစေခံ ဆို၏"

Genesis 24:15

ထိုသို့လျှောက်ဆို၍

အကြောင်းအရာ တစ်ခု၏ အစကို ဖော်ပြထားသည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းတိုင်း ဖော်ပြနိုင်သည်။

အာဗြဟံအစ်ကို နာခေါ်မယား မိလခါသား၊ ဗေသွေလ၏သမီး ရေဗက္က

"ရေဗက္ကသည် ရေအိုးကို ထမ်းလျက် ထွက်လာ၏။ သူမသည် အာဗြဟံအစ်ကို နာခေါ်နှင့် မိလခါတို့၏ သားဗေသွေလ၏ သမီးဖြစ်သတည်း"

နားခေါ်

ယောက်ျားအမည် ဖြစ်သည်။ ၁၁:၂၂ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

မိလခါ

နာခေါ်၏ မယား၊ ဗေသွေလ၏မိခင် ဖြစ်သည်။ ၁၁:၂၉ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဗေသွေလ

ရေဗက္က၏ဖခင် ဖြစ်သည်။ ၂၂:၂၀ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ရေတွင်းသို့ဆင်း၍၊ ရေဘူးကို ရေနှင့်ဖြည့်ပြီးမှ တက်လာ၏

စမ်းရေမှာ အစေခံရှိသော အရပ်ထက် နိမ့်ပေမည်။

Genesis 24:17

ထိုမိန်းမနှင့် တွေ့ခြင်းငှါ

"ထိုအပျိုနှင့် တွေ့ခြင်းငှါ"

ရေဘူး

အရည်များကို သယ်ယူ ထည့်သုံးရန် ရွှံ့စေးမှ ထုလုပ်ထားသော သာမန်အရွယ် အိုး။ ၂၄:၁၂ မှ ပြန်ဆိုချက်ကို ရှု။

ရေအနည်းငယ်ကို သောက်ပါရစေ

"ရေအနည်းငယ်ကို ပေးသောက်ပါ"

အရှင်

"ဦးကြီး။" ဤနေရာတွင် အပျိုမက ထိုလူကြီးကို လေးစားသောသဘောဖြင့် ခေါ်ခြင်းဖြစ်သည်။

မိမိလက်ပေါ်မှာ၊ အလျင်အမြန် ရေဘူးကိုချ၍

"ရေအိုးကို အလျင်အမြန်ချ၍။" ရေအိုးကို ပခုံးပေါ်တွင် ထမ်းခဲ့ပေမည်။ ထို့ကြောင့် ရေကို ပေးရန် အောက်ချရသည်။

Genesis 24:19

ရေခပ်ပါမည်

"ရေခပ်ယူပါမည်"

အလျင်အမြန် ဘူး၌ရှိသောရေကို ရေတိုက်ခွက်ထဲ၌ လောင်းပြီးလျှင်

"ထို့ကြောင့် ရေအိုးမှရေကို ရေသောက်ခွက်ထဲသို့ အလျင်အမြန် လောင်းပြီးလျှင်"

ရေတိုက်ခွက်

"တိရစ္ဆာန် ရေသောက်ခွက်" (UDB)။ တိရစ္ဆာန်တို့ ရေသောက်နိုင်ရန် ပြုလုပ်ထားသော ရေခွက်ရှည် ဖြစ်သည်။

Genesis 24:21

ယောက်ျား

"အစေခံ" (UDB)

မိမိရောက်လာသော အမှုကို . . . ပြုစုတော်မူသည်

"ခရီးထွက်လသော အကြောင်းရင်းကို ... ပြည်စုံခြင်းပေးသည်" သို့မဟုတ် "မိမိခရီးကို ... အောင်မြင်ခြင်းပေးသည်။" တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣဇာက်အဖို့ မယားအဖြစ် ... ရွေးကောက်ခြင်း ပြုသည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

မမူသည်

အခြားသော ဘာသာပြန်ဆိုချက်၊ "မပေးသည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

သိလို၍

သိမြင်ရန်ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြင်လို၍" (UDB) သို့မဟုတ် "စစ်ဆေးလို၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

အချိန်ငါးမူးရှိသော ရွှေနှာဆွဲ

"ခြောက်ဂရမ်ရှိသော ရွှေနားဆွဲ" (UDB)။ နှာဆွဲ၏ တန်ဖိုးကို ဖော်ပြခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဖိုးတန် ရွှေနှာဆွဲ" (ရှု၊ /WA-Catalog/my_tm?section=translate#translate-bweight)

အကျပ်တဆယ် အချိန်ရှိသော ရွှေလက်ကောက်တရံ

"၁၁၀ ဂရမ်ရှိသော ရွှေလက်ကောက်တစ်ရံ။" လက်ကောက်၏ တန်ဖိုးကို ဖော်ပြခြင်းဖြစ်သည်။ "ထူထပ်သော ရွှေလက်ကောက် တစ်ရံ" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#translate-bweight)

သင်သည် အဘယ်သူ၏သမီးဖြစ်သနည်း

"သင့်အဘသည် အဘယ်သူနည်း"

သင်၏အဘအိမ်၌

"ဖခင်၏အိမ်၌"

ကျွန်ုပ်တို့

"ငါတို့အဖို့"

တည်းခိုစရာအရပ် ရှိသလော

"ညအိပ်စရာအရပ် ရှိသလော" သို့မဟုတ် "တည်းစရာနေရာ ရှိသလော"

Genesis 24:24

မိန်းမက . . . ဆိုလေ၏

"ရေဗက္ကသည်လည်း ... ဆိုလေ၏" သို့မဟုတ် "အပျိုမက ... ဆိုလေ၏"

ကျွန်ုပ်သည် နာခေါ်၏မယား မိလခါ ဘွားမြင်သော၊ ဗေသွေလ၏သမီး ဖြစ်သည်

"ကျွန်မအဖေမှာ နာခေါ်နှင့် မိလခါတို့ ဘွားမြင်သော ဗေသွေလဖြစ်သည်"

ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဘွယ်သောက်ဘွယ်များ

မြက်ခြောက်မှာ ကုလားအုပ်တို့ စားရန်ဖြစ်သည်။ နားလည်လွယ်အောင် ထည့်သွင်းဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်မတို့၌ ကုလားအုပ်တို့ စားစရာဘို့ မြက်ခြောက်များအပြင်၊ စားဘွယ်သောက်ဘွယ်များ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

တည်းခိုစရာအရပ်လည်း ရှိသည်

"ညအိပ်စရာနေရာလည်း ရှိသည်" သို့မဟုတ် "တည်းစရာနေရာလည်း ရှိသည်"

Genesis 24:26

ယောက်ျား

"အစေခံ" (UDB)

ဦးညွှတ်ချ၍

ဘုရားသခင်ကို ရိုသမှု ပြသခြင်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ကရုဏာ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော

"အကျွန်ုပ်သခင်အပေါ် ကအဏာ၊ သစ္စာတော်ကို အစဉ်မပြဲ ပြသတော်မူသော။" စိတ္တဇနာမ် "ကရုဏာ" နှင့် "သစ္စာတော်" ကို "သစ္စာတည်၍ သနားကြင်နာသော" ဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သခင်အပေါ် အမြဲမပြတ် သစ္စာတည်၍ သနားကြင်နာတော်မူသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

ရုပ်သိမ်းတော်မမူသော

အဟုတ်ဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစဉ်အမြဲ ပြသတော်မူသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-litotes)

ညီအစ်ကိုတို့

"မိသားစုတို့" သို့မဟုတ် "ဆွေမျိုးသားချင်းတို့"

Genesis 24:28

ပြေး၍ အမိ၏အိမ်၌ . . . ကြားပြောလေ၏

"အိမ်" ဟု ဆိုရာတွင် တအိမ်သားလုံးကို ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိမ်သို့ပြေး၍ မိခင်နှင့် အိမ်သားတို့ထံ ... ကြားပြောလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ဤအရာများ

"ဖြစ်ခဲ့သောအရာများ"

သူသည်နှာဆွဲကို၎င်း . . . မြင်၍ . . . နှမရေဗက္ကဆိုသော စကားကို ကြားသောအခါ

ဧည့်သည် သူစိမ်းထံ ပြေးမသွားမီ အဖြစ်အပျက်ကို ဖော်ပြထားသည်။ လာဗန် ထွက်လာသော အကြောင်းရင်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-events)

ထိုယောက်ျားသည် ကျွန်ုပ်ကို ဤသို့ပြောသည်ဟု၊ နှမရေဗက္ကဆိုသော စကားကို ကြားသောအခါ

သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူစိမ်း ပြောသမျှကို နှမရေဗက္က ပြန်ပြောသည်ကို ကြားသောအခါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotations)

Genesis 24:31

ဝင်ပါလော့

"ဝင်လှည့်ပါ" သို့မဟုတ် "ဝင်ပါ"

ထာဝရဘုရား ကောင်းကြီးပေးတော်မူသောသူ

"ထာဝရဘုရား ကောင်းကြီးပေးသောသူ"

ပြင်၌ အဘယ်ကြောင့် ရပ်နေသနည်း

မိမိအိမ်သို့ ဝင်လာစေလိုသဖြင့် မေးလိုက်ခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြ ဝါကျအဖြစ် ပြောင်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အပြင်၌ မနေပါနှင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ယောက်ျားကို အိမ်သို့သွင်း၍

"... ကို အိမ်သို့သွင်း၍" သို့မဟုတ် "... အိမ်သို့ဝင်ဝင်လာ၏" ဟုလည်း ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-go)

ကုလားအုပ်တို့ တန်ဆာကို ချွတ်ပြီးမှ

မည်သူ လုပ်ဆောင်ကြောင်း မသိရပါ။ အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လာဗန်၏ အစေခ့တို့က ကုလားအုပ်ပေါ်မှ တန်ဆာကို ချွတ်ပေး၏" (UDB) သို့မဟုတ် "ကုလားအုပ်တို့ပေါ်မှ တန်ဆာကို အစေခံတို့ ချွတ်ပေးပြီး" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သူတို့အား မြက်ခြောက်နှင့် စားစရာကို ပေး၏

မည်သူ လုပ်ဆောင်ကြောင်း မသိရပါ။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။အခြားသော ဘာသာပြန်ဆိုချက်၊ "မြက်ခြောက်နှင့် စားစာရာကိုလည်း ပေး၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ယောက်ျားခြေ . . . ခြေဆေးဘို့ ရေကိုလည်း ပေးလေ၏

"အာဗြဟံ၏ အစေခံနှင့် ... ခြေဆေးရန် ရေကိုလည်း ပေး၏"

Genesis 24:33

သူ့ရှေ့မှာ စားစရာကို ထည့်သောအခါ

"သူ့အား စားစရာကို ပေးသောအခါ"

ထည့်သောအခါ

လာဗန်၏ မိသားစု သို့မဟုတ် အစေခံတစ်ဦးဦးက ထည့်ပေးခြင်းဖြစ်သည်။

ကျွန်ုပ်သည် ကိုယ်အမှုကို မပြောမှီ

"ကျွန်ုပ် ဦးစွာ စကားမပြောမှီ" သို့မဟုတ် "ကျွန်ုပ်လာရသည့် အကြောင်းကို မပြောမှီ"

သူသည် ကြီးမြတ်ခြင်းသို့ ရောက်လေပြီ

"သူ" မှာ အာဗြဟံကို ညွှန်းသည်။

ကြီးမြတ်ခြင်းသို့ ရောက်လေပြီ

"အလွန်ကြီးပွားလေပြီ"

ထာဝရဘုရားသည် . . . တို့ကို ပေးတော်မူပြီ

ထာဝရဘုရားကို ညွှန်းသည်။

Genesis 24:36

ယေဘုယျ အချက်အလက်

အာဗြဟံ၏ အစေခံက ရေဗက္က၏ အိမ်သားတို့ထံ ဆက်လက် ပြောဆိုသည်။

သူ့အား သားကို ဘွားမြင်သဖြင့်

"သူ့အတွက် သားကို ဘွားမြင်လေရာ"

ထိုသားအား . . . အပ်ပေးပြီ

"ထိုသားထံ ... အပ်ပေး၏"

ကျွန်ုပ်၏သခင်ကလည်း . . . အကျွန်ုပ်ကို ကျိန်ဆိုစေ၏

"ကျွန်ုပ်သခင်က ... အကျွန်ုပ်ကို ကျိန်ဆိုပြီး ပြုစေခဲ့၏"

ငါနေသော

"ငါနေထိုင်သော။" "ငါ" မှာ အာဗြဟံနှင့် မိမိအိမ်သား အားလုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့ နေထိုင်သော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ခါနာန်အမျိုးသမီးတို့တွင်

ခါနာနိလူ အမျိုးသမီးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခါနာနိအမျိုးသမီးတို့တွင်" သို့မဟုတ် "ခါနာနိအမျိုးမှ"

ငါ့အမျိုးသားချင်းတို့ထံသို့

"ငါ့ဆွေမျိုးသားချင်းတို့ထံ" (UDB)

Genesis 24:39

ယေဘုယျ အချက်အလက်

အာဗြဟံ၏ အစေခံက ရေဗက္က၏ အိမ်သားတို့ထံ ဆက်လက် ပြောဆိုသည်။

မိန်းမသည်မလိုက်လိုလျှင် အဘယ်သို့နည်း

ဖြစ်နိုင်ချေ တင်ပြခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိန်းမက လိုက်လိုခြင်း ရှိမည် မဟုတ်ပါ" သို့မဟုတ် "မိန်းမက မလိုက်လိုလျှင် အဘယ်သို့ ပြုရမည်နည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-hypo)

ရှေ့တော်၌ ငါသွားလာ၏

ယာဝေးဘုရားကို ကိုးကွယ်ခြင်းသဘော မည်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ကို ငါကိုးကွယ်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

သင်သွားသောအမှုကို ပြုစုတော်မူသဖြင့်

"သင့်ခရီးကို အောင်မြင်စေတော်မူသဖြင့်"

အဘ၏အိမ်

"မိသားစု"

ငါ့အမျိုးသားချင်းတို့ထံသို့ ရောက်သောအခါ

"ရောက်သွား" သို့မဟုတ် "ရောက်လာ" ဟူ၍ သုံးနှုန်းသော ဘာသာစကားများ ရှိသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ဆွေမျိုးတို့အိမ်၌ ရောက်သောအခါ" သို့မဟုတ် "ငါ့ဆွေမျိုးတို့ထံ ရောက်သောအခါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-go)

ငါ့အမျိုးသားချင်းတို့ထံသို့ ရောက်သောအခါ၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ထိုသူတို့သည် မိန်းမကို မပေးသော်လည်း၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေမည်

မဖြစ်ဟု အာဗြဟံ ခံယူထားသည်။ ဖြစ်နိုင်ချေများမှာ၊ ၁) "ငါ့အမျိုးသားချင်းတို့ထံ ရောက်သောအခါ၊ ထိုသူတို့က မိန်းမကို မပေးလိုလျှင်၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့် ကင်းလွတ်လိမ့်မည်" သို့မဟုတ် ၂) အငယ် ၄၀ ကို ဖတ်ခြင်းအားဖြင့်၊ "ငါ့အမျိုးသားချင်းတို့ထံ ရောက်သောအခါ၊ ငါပြောသည်အတိုင်း ပြုရမည်။ သို့ရာတွင်၊ ထိုသူတို့က မိန်းမကို မပေးလျှင်၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့် ကင်းလွတ်လိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-hypo)

သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေ

"သင်သည် ငါပေးသော ကျိန်ဆိုခြင်းမှ လွတ်မြောက်လိမ့်မည်။" ကျိန်ဆိုခြင်းမှ လွတ်မြောက်ကြောင်းကို ချည်နှောင်ခြင်းမှ လွတ်မြောက်သကဲ့သို့ ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင် ကျိန်ဆိုထားသော စကားမှ လွတ်မြောက်စေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 24:42

ယေဘုယျ အချက်အလက်

အာဗြဟံ၏ အစေခံက ရေဗက္က၏ အိမ်သားတို့ထံ ဆက်လက် ပြောဆိုသည်။

ရေတွင်း

"စမ်း"

အကျွန်ုပ်သည် ရေတွင်းနားမှာရပ်နေ၍

မိမိ ရပ်နေသည့်အရပ်ကို ဖော်ပြခြင်းဖြင့် မိမိဘက်သို့ အာရုံစိုက်ရန် ဘုရားသခင်ထံ လျှောက်ဆိုခြင်းဖြစ်သည်။

. . . လာသော အကြင်သမီးကညာကို . . . ဟု ပြန်ဆိုသော သမီးကညာသည်

မိမိ ဆုတောင်းချက်ကို အချက် သုံးချက်ဖြင့် တင်ပြထားသည်။

ရေခပ်ခြင်းငှါ

"ရေခပ်ရန်"

ရေဘူး

အရည်များကို သယ်ယူ ထည့်သုံးရန် ရွှံ့စေးမှ ထုလုပ်ထားသော သာမန်အရွယ် အိုး။ ၂၄:၁၂ မှ ပြန်ဆိုချက်ကို ရှု။

ခန့်ထားတော်မူသော မိန်းမဖြစ်ပါစေသော

ဆု‌‌တောင်းချက်ကို နိဂုံးချုပ်လိုက်သည်။

Genesis 24:45

ယေဘုယျ အချက်အလက်

အာဗြဟံ၏ အစေခံက ရေဗက္က၏ အိမ်သားတို့ထံ ဆက်လက် ပြောဆိုသည်။

စိတ်နှလုံး၌ လျှောက်ဆို၍

တိုးတိတ်စွာ ဆုတောင်းကြောင်း ညွှန်းသည်။ "စိတ်နှလုံး" က အတွေးနှင့် အမြင်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဆုတောင်း၍" (UDB) သို့မဟုတ် "တိုးတိတ်စွာ တောင်းဆို၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor နှင့် /WA-Catalog/my_tm?section=translate#figs-metonymy)

ရေဘူး

အရည်များကို သယ်ယူ ထည့်သုံးရန် ရွှံ့စေးမှ ထုလုပ်ထားသော သာမန်အရွယ် အိုး။ ၂၄:၁၂ မှ ပြန်ဆိုချက်ကို ရှု။

ရေတွင်းသို့ ဆင်း၍

"ဆင်း" ဟုဆိုရာတွင် အစေခံ ရှိသည့်နေရာမှာ ရေတွင်းရှိရာထွက် မြင်၍ ဖြစ်သည်။

ရေတွင်း

"စမ်း"

ကုလားအုပ်တို့ကိုလည်း ရေတိုက်လေ၏

"ကုလားအုပ်တို့ကိုလည်း ရေပေးလေ၏။

Genesis 24:47

ယေဘုယျ အချက်အလက်

အာဗြဟံ၏ အစေခံက ရေဗက္က၏ အိမ်သားတို့ထံ ဆက်လက် ပြောဆိုသည်။

ကျွန်ုပ်သည် မိလခါ ဘွားမြင်သော နာခေါ်သား ဗေသွေလ၏သမီး

"ကျွန်မအဖေမှာ နာခေါ်နှင့် မိလခါတို့ ဘွားမြင်သော ဗေသွေလဖြစ်သည်"

နှာဆွဲ . . . လက်ကောက်

ရွှေနှင့် ပြုလုပ်ထားသော အရာများ ဖြစ်သည်။ ၂၄:၃၁ မှ ပြန်ဆိုချက်ကို ရှု။

ဦးညွှတ်ချ၍

ဘုရားသခင် ရှေ့မှောက်၌ နှိမ့်ချသော သဘောဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ကျွန်ုပ်သခင် အစ်ကို

အာဗြဟံ၏အစ်ကို နာခေါ်ကို ညွှန်းသည်။

မှန်သောလမ်းဖြင့် ပို့ဆောင်တော်မူသော

"ဤနေရာသို့ ပို့ဆောင်တော်မူသော"

ပို့ဆောင်တော်မူသော

"သောကြောင့်" ကို အစားထိုး ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပို့ဆောင်တော်မူသောကြောင့်" (ရှု၊ /WA-Catalog/my_tm?section=translate#writing-connectingwords)

Genesis 24:49

ယေဘုယျ အချက်အလက်

အာဗြဟံ၏ အစေခံက ရေဗက္က၏ အိမ်သားတို့ထံ ဆက်လက် ပြောဆိုသည်။

ယခုတွင်

"ထို့ကြောင့် ယခုတွင်။" "ယခု" ဟု ဆိုရာတွင် "ထိုအချိန်တွင်" ကို ဆိုလိုခြင်း မဟုတ်ဘဲ၊ ၎င်းနောက် အဖြစ်အပျက်ကို ညွှန်းသည်။

သင်တို့

လာဗန်နှင့် ဗေသွေလတို့ကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

သင်တို့သည်၊ ကျွန်ုပ်သခင်၌ သစ္စာနှင့် ကျေးဇူး ပြုမည်၊ မပြုမည်ကိုပြောပါ

အဘယ်သို့ သစ္စာနှင့်ကျေးဇူး ပြုရမည်ကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည်၊ ကျွန်ုပ်သခင်၏ သားအတွက် ရေဗက္ကကို ပေးခြင်အားဖြင့် သူ့အပေါ်၌ သစ္စာနှင့်ကျေးဇူး ပြုမည်၊ မပြုမည်ကို ပြောပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သစ္စာနှင့်ကျေးဇူး

အထက်ပါ စိတ္တဇနာမ်တို့ကို "သစ္စာရှိစွာနှင့် စိတ်ချစွာ" ဟု ပြောင်းဆိုနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

သစ္စာ

မိသားစုအပေါ် သစ္စာရှိခြင်းကို ဆိုလိုသည်။

မပြုမည်

တိကျပေါ်လွင်စွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့မဟုတ် ထိုသို့ မပြုမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

ကျွန်ုပ်သည်လည်း၊ လက်ျာလမ်းဖြစ်စေ၊ လက်ဝဲလမ်းဖြစ်စေ၊ တလမ်းလမ်းသို့ လိုက်သွားပါမည်

ဖြစ်နိုင်ချေများမှာ၊ ၁) ဆုံးဖြတ်ချက်ချမည်ကို လက်ဝဲ လက်ယာ ဦးလှည့်သကဲ့သို့ ခိုင်းနှိုင်းထားခြင်းဖြစ်သည်။ အခြာသော ဘာသာပြန်ဆိုချက်၊ "သို့မှသာ မည်သို့ ပြုရမည်ကို ကျွန်ုပ်သိပါမည်" သို့မဟုတ် ၂) တခြားအရပ်သို့ ခရီးဆက်ရန် ညွှန်းဆိုခြင်းဖြစ်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့မှသာ၊ ကျွန်ုပ်သည် ခရီးဆက်နိုင်ပါမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor နှင့် /WA-Catalog/my_tm?section=translate#figs-idiom)

Genesis 24:50

ဗေသွေလ

လာဗန်နှင့် ရေဗက္ကာတို့၏ ဖခင်ဖြစ်သည်။

ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှု ဖြစ်၏

"ဤအမှုကို ထာဝရဘုရား စီရင်တော်မူ၏"

အကျွန်ုပ်တို့သည်၊ သင့်အား ကောင်းမကောင်းကို မပြောနိုင်ပါ

ဘုရားသခင် ပြုသောအမှုကို ကောင်းသည် မကောင်းသည် ခွဲခြားနိုင်သောအခွင့် မရှိကြောင်း ဆိုလို၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့်၊ ကောင်းမကောင်းကို ဆုံးဖြတ်ခြင်း မပြုဝံ့ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ရေဗက္ကာသည် သင့်ရှေ့၌ရှိပါ၏

"ဤနေရာ၌ ရေဗက္ကာ ရှိပါ၏"

Genesis 24:52

ထိုစကား

"လာဗန်နှင့် ဗေသွေလတို့ ပြောစကား။" "စကား" မှာ ထိုသူတို့ ပြောသောအရာကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လာဗန်နှင့် ဗေသွေလတို့၏ အဖြေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အာဗြဟံကျွန်သည် ဦးညွှတ်ချ၍

ကိုးကွယ်ခြင်းသဘောကို ပုံဆောင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ငွေဖလား၊ ရွှေဖလား

"ငွေတန်ဆာ၊ ရွှေတန်ဆာ" သို့မဟုတ် "ငွေနှင့် ရွှေမှ ပြုလုပ်သော တန်ဆာများ"

အဘိုးထိုက်သော လက်ဆောင်

"အဖိုးတန် လက်ဆောင်များ" သို့မဟုတ် "အရေးပါသော လက်ဆောင်များ"

Genesis 24:54

သူနှင့် သူ၏အဘော်အပေါင်းတို့

"အာဗြဟံ၏ကျွန်နှင့် အပေါင်းအဖော်တို့"

ညဉ့်ကို လွန်စေပြီးမှ

"ညအိပ်ပြီးမှ"

နံနက်ယံ၌ထလျက်

"နောက်နေ့ မနက်တွင် ထလျက်"

ကျွန်ုပ်သည်၊ သခင်ထံသို့ ပြန်ပါရစေ

"ကျွန်ုပ်အား သခင့်ထံသို့ ပြန်ခွင့်ပြုပါ"

ဆယ်ရက်ခန့်လောက်

"နောက်ဆယ်ရက်ကျော်လောက်"

ဆယ်ရက်

"၁၀" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

နောက်မှ

"ထိုမှသာ"

Genesis 24:56

ထိုသူကလည်း . . . ဟုဆိုလျှင်

"အာဗြဟံ၏ ကျွန် ကလည်း"

ကျွန်ုပ်ကို မဆီးတားပါနှင့်

"ကျွန်ုပ်ကို နှောင့်နှေးခြင်း မပြုပါနှင့်" (UDB) "ကျွန်ုပ်ကို မစောင့်ခိုင်းပါနှင့်"

ထာဝရဘုရားသည်၊ ကျွန်ုပ် ရောက်လာသောအမှုကို ပြုစုတော်မူပြီ

"ရောက်လာသောအမှု" မှာ ခရီးလမ်းကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားက၊ ကျွန်ုပ် ခရီးလမ်းကို ဖြောင့်ဖြူးစေတော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ကျွန်ုပ်သည် . . . သို့ သွားရသောအခွင့်ကို ပေးပါလော့

"ကျွန်ုပ်အား ... သို့ ပြန်ရသောအခွင့်ကို ပေးပါလော့"

Genesis 24:59

သို့ဖြစ်၍၊ မိမိနှမ ရေဗက္က . . . ကို၎င်း လွှတ်လိုက်ကြ၏

"သို့ဖြစ်၍၊ အိမ်သားတို့က ရေဗက္က ... ကို၎င်း လွှတ်လိုက်ကြ၏"

မိမိနှမ ရေဗက္က

လာဗန်၏ ညီမဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိတို့အမျိုး ရေဗက္က" သို့မဟုတ် "လာဗန်ညီမ ရေဗက္က"

သူ၏အထိန်း

ရေဗက္က ငယ်စဉ်မှ ကျွေးမွေးပြုစုလျက်ရှိသော အထိန်းတော်မကို ဆိုလိုသည်။

ကျွန်ုပ်တို့၏နှမ

တအိမ်သားလုံ၏ နှမဟု ညွှန်းဆိုခြင်းမဟုတ်။ ချစ်ခင်မြတ်နိုးကြောင်း ပြသော အသုံးအနှုန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ ချစ်မြတ်နိုးသောသူ"

အသောင်းအသိန်းတို့၏အမိ ဖြစ်ပါစေသော

"အမိ" က တမျိုးလုံး၏ မိခင်ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသောင်းအသိန်းတို့၏မိခင် ဖြစ်ပါစေသော" သို့မဟုတ် "အမျိုးအနွယ် များပြားပါစေသော"

အသောင်းအသိန်း

အလွန်များပြား သို့မဟုတ် ရေတွက်မရနိုင်ဟု ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကို အစိုးရပါစေသော

ရန်သူ့မြို့တံခါးကို ဖောက်ဖျက်၍ အောင်မြင်ခြင်းကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အမျိုးအနွယ်သည် မိမိတို့အား မုန်းတီးသောသူတို့ကို အစိုးရပါစေသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 24:61

ရေဗက္ကနှင့် သူ၏မိန်းမငယ်တို့သည် ထ၍၊ ကုလားအုပ်ကို စီးလျက်

"ရေဗက္ကနှင့် အထိန်းတော်တို့သည် ထ၍၊ ကုလားအုပ်ကို စီးလျက်"

ထိုသို့ အာဗြဟံကျွန်သည် ရေဗက္ကကို ဆောင်ယူသွားလေ၏

"သို့ဖြင့် အာဗြဟံကျွန်သည် မိမိလာရာအရပ်သို့ ရေဗက္ကကို ခေါ်သွားလေ၏"

ထိုအခါ

အပြောင်းအလဲတစ်ခုကို ဖော်ပြခြင်း ဖြစ်သည်။ သခင်လေးအတွက် မိန်းမ ရှာပုံတော်ခရီးမှ၊ ယခုတွင် ဣဇာက်အကြောင်းသို့ ပြောင်းလိုက်သည်။

ဗေရလဟဲရော

နေဂဲဘ်အရပ်ရှိ ရေတွင်းတခု၏ အမည်ဖြစ်သည်။ ၁၆:၁၃ မှ ပြန်ဆိုချက်ကို ရှု။

Genesis 24:63

ညဦးအချိန်၌ ဆင်ခြင်လိုသောငှါ၊ တောအရပ်သို့ ထွက်သွား၍

"ညနေခင်းအချိန်၌ ဆင်ခြင်လိုသောငှါ၊ ဣဇာက်သည် လယ်ပြင်သို့ သွားရာ။" အစေခံနှင့် ရေဗက္ကတို့ ထွက်လာသည်မှာ အတော်အတန်မျှ ကြာခဲ့ပေမည်။

မြော်ကြည့်လျှင်၊ ကုလားအုပ်များ လာသည်ကို မြင်လေ၏

"ကုလားအုပ်များ လာသည်ကို မြင်လျှင် အံ့ဩလေ၏"

ရေဗက္ကသည်လည်း၊ မြော်ကြည့်၍

"ရေဗက္ကသည်လည်း၊ ကြည့်ရှု၍"

ကုလားအုပ် အပေါ်မှ ဆင်းပြီးလျှင်

"ကုလားအုပ်ပေါ်မှ အမြန်ဆင်းပြီး"

ရေဗက္ကသည် မျက်နှာဖုံးကိုယူ၍ ဖုံးလေ၏

"သူမသည် မိမိမျက်နှာကို ဖုံးအုပ်လေ၏။" လက်ထက်မည့် အမျိုးသားအပေါ် လေးစား ကြည်ညိုမှုကို ပြသခြင်းဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction နှင့် /WA-Catalog/my_tm?section=translate#figs-explicit)

မျက်နှာဖုံး

တဦးတယောက်၏ ဦးခေါင်း၊ ပခုံးနှင့် မျက်နှာကို ဖုံးအုပ်ရာ၌ သုံးသော အထည်စဖြစ်သည်။

Genesis 24:66

ရေဗက္ကကို ဆောင်ယူ၍ စုံဘက်လေ၏

ဣဇာက်က ရေဗက္ကကို လက်ထပ် ထိန်းမြားကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေဗက္ကကို ခေါ်ယူ၍ ထိန်းမြားလေ၏" သို့မဟုတ် "ရေဗက္ကကို ခေါ်၍ မယားအဖြစ် ယူလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet)

သက်သာခြင်းသို့ ရောက်လေ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန် ဆိုချက်၊ "ရေဗက္ကသည် ဣဇာက်အား နှစ်သိမ့်လေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)