Genesis 22

Genesis 22:1

ထိုနောက်မှ

အခန်း၂၁ မှ အဖြစ်အပျက်ကို ညွှန်းသည်။

ဘုရားသခင်သည်၊ အာဗြဟံကို စုံစမ်းခြင်းငှါ

ဘုရားသခင်က အာဗြဟံ၏ ယုံကြည်ခြင်းကို စမ်းစစ်ကြောင်း ဖော်ပြသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် အာဗြဟံ၏ ယုံကြည်ခြင်းကို စမ်းစစ်ဖို့ငှါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အကျွန်ုပ်ရှိပါ၏

"ဟုတ်ကဲ့၊ မိန့်တော်မူပါ" သို့မဟုတ် "မိန့်တော်မူပါ ဘုရား"

တယောက်တည်းသော သား

အာဗြဟံ၌ ဣရှမေလဟူသော နောက်သား တစ်ယောက်လည်း ရှိကြောင်း ဘုရားသခင် သိတော်မူ၏။ သို့ရာတွင်၊ ဂတိတော် ထားခဲ့သော သားကို ညွှန်းဆိုခြင်းဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ ကတိပေးခဲ့သော တဦးတည်းသော သား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သင်သည် အလွန်ချစ်သော

သားဣဇာက်အပေါ် အာဗြဟံ၏ ချစ်ခြင်းမေတ္တာကို ညွှန်းသည်။

မောရိပြည်

"မောရိခေါ်သော အရပ်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

မြည်းကို ကုန်းနှီးတင်ပြီးလျှင်

"မြည်းပေါ် ကုန်တင်ပြီးလျှင်" သို့မဟုတ် "ခရီးအတွက် လိုအပ်သမျှကို မြည်းပေါ် တင်ပြီးလျှင်"

ငယ်သား

"အစေခံ" (UDB)

ထသွားလေ၏

"ခရီးစလေ၏" သို့မဟုတ် "ခရီးထွက်စ ပြုလေ၏" (UDB)

Genesis 22:4

သုံးရက်မြောက်သောနေ့၌

"သုံးရက်မြောက်" ကို သာမန်ကိန်းအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သုံးရက်ကြာပြီးနောက်၌" (ရှု၊ /WA-Catalog/my_tm?section=translate#translate-ordinal)

ထိုအရပ်ကို အဝေးကမြင်လျှင်

"ဘုရားသခင် မိန့်တော်မူသောအရပ်ကို အဝေးကမြင်လျှင်"

ငယ်သား

"အစေခံ" (UDB)

ငါသည် သားနှင့်အတူ ထိုအရပ်သို့သွား၍၊ ကိုးကွယ်ခြင်းကိုပြုအံ့

အာဗြဟံနှင့် ဣဇာက်တို့ နှစ်ဦးသာ သွားမည်ဟု ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-exclusive)

သင်တို့ဆီသို့ ပြန်လာဦးမည်

"သင်တို့ထံ ပြန်လာမည်"

သားဣဇာက် အပေါ်မှာ တင်ပြီးလျှင်

"သားဣဇာက်ကို သယ်စေပြီးလျှင်"

မိမိလက်၌ ကိုင်လျက်

"မိမိလက်၌" ဟူရာတွင် အာဗြဟံ ကိုယ်တိုင် သယ်ကြောင်း ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိကိုယ်တိုင် ကိုင်လျက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

မီး

မီးသွေး သို့မဟုတ် မီးတုတ် သို့မဟုတ် မီးအိမ်ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မီးပြုလုပ်သောအရာ" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

နှစ်ယောက်အတူ သွားကြ၏

"အတူ ထွက်သွားကြ၏" သို့မဟုတ် "နှစ်ယောက်အတူ ထွက်သွား၏"

Genesis 22:7

အဘ

ဖခင်ကို ချစ်ခင်လေးမြတ်စွာ ခေါ်ခြင်းဖြစ်သည်။

ငါရှိ၏

"ပြောပါ" သို့မဟုတ် "အဘယ်နည်း။" ၂၂:၁ မှ ပြန်ဆိုချက်ကို ရှု။

ငါ့သား

သားကို ချစ်ခင်မြတ်နိုးစွာ ခေါ်ခြင်းဖြစ်သည်။

မီး

မီးသွေး သို့မဟုတ် မီးတုတ် သို့မဟုတ် မီးအိမ်ကို ဆိုလိုသည်။ ၂၂:၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ယဇ်ရှို့စရာဘို့ သိုးသူငယ်

"ယဇ်ရှို့မည့် သိုးသူငယ်"

ဘုရားသခင်သည် မိမိအဘို့

"မိမိ" ဟူရာတွင် ဘုရားသခင် ကိုယ်တိုင် ပြင်ဆင်ပေးမည်ဟု ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-rpronouns)

ပြင်ဆင်တော်မူလိမ့်မည်

"ပေးတော်မူလိမ့်မည်"

Genesis 22:9

ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ

"အာဗြဟံနှင့် ဣဇာက်တို့ အရပ်၌ ရောက်ကြသောအခါ"

ချည်နှောင်၍

"ချည်၍"

ယဇ်ပလ္လင်၌ ထင်းပေါ်မှာ

"ယဇ်ပလ္လင်ထိပ်ရှိ ထင်းပေါ်မှာ"

မိမိလက်ကို ဆန့်၍ . . . ထားကို ကိုင်ယူလေ၏

"ဓါးကို ကောက်ယူလေ၏"

Genesis 22:11

ထာဝဘုရား၏ ကောင်းကင်တမန်

ဖြစ်နိုင်ချေများမှာ၊ ၁) ထာဝရဘုရား ကိုယ်တိုင် ထင်ရှားပြခြင်းဖြစ်သည် သို့မဟုတ် ၂) ထာဝရဘုရား၏ ကောင်းကင် တမန်များပင် ဖြစ်သည် သို့မဟုတ် ၃) ဘုရားသခင်၏ အထူးတမန်တော်ဖြစ်သည် (ဓမ္မပညာရှင်အချို့က သခင်ယေရှု ဖြစ်မည်ဆို၏)။ ဤစကားလုံး၏ အဓိပ္ပါယ်ကို တိကျစွာ မသိရသဖြင့် "ကောင်းကင်တမန်" အနက်ရှိသော ဝေါဟာရဖြင့် "ထာဝရဘုရား၏ ကောင်းကင်တမန်" ဟူ၍သာ ပြန်ဆိုသင့်သည်။ ၁၆:၇ မှ မှတ်စုကို ရှု။

ကောင်းကင်ပေါ်က

ဘုရားသခင် ကိန်းဝပ်ရာအရပ်ကို ညွှန်းသည်။

အကျွန်ုပ်ရှိပါ၏

"ဟုတ်ကဲ့၊ မိန့်တော်မူပါ" သို့မဟုတ် "မိန့်တော်မူပါဘုရား။" ၂၂း၁ မှ ပြန်ဆိုချက်ကို ရှု။

ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်

"မထိမခိုက်နှင့်" မှာ "အန္တရာယ်မပြုနှင့်" ဟု ဆိုလိုသည်။ ဣဇာက်ကို ထိခိုက်ခြင်း မပြုရန် နှစ်ကြိမ်ဆက်တိုက် မိန့်တော်မူခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူငယ်ကို မည်သို့မျှဖြင့် ထိခိုက်ခြင်း မပြုနှင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom နှင့် /WA-Catalog/my_tm?section=translate#figs-parallelism)

. . . ယခု ငါသိ၏ . . . ငါ့ကိုမငြင်း

"ငါ" နှင့် "ငါ့" ဟူသည်မှာ ထာဝရဘုရားကို ဆိုလိုသည်။ ပြန်ဆိုသည့်အခါလည်း ထိုအတိုင်း ဖော်ပြရန်ဖြစ်သည်။

သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်

ဘုရားသခင်ကို နက်ရှိုင်းစွာ လေးမြတ်ပြီး နာခံကြောင်း ညွှန်းဆိုသည်။

အကြောင်းမူကား

"အဘယ်ကြောင့်ဆိုသော်"

သင်၏သား . . . ငါ့ကိုမငြင်း

"သင်၏သားကို ... ငါ့အားမငြင်။" အဟုတ်ဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏သား ... ငါ့အား ပေး၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublenegatives)

သင်၏သား သင်၌ တယောက်တည်းသောသား

အာဗြဟံ၌ ဣရှမေလဟူသော နောက်သား တစ်ယောက်လည်း ရှိကြောင်း ဘုရားသခင် သိတော်မူ၏။ သို့ရာတွင်၊ ဂတိတော် ထားခဲ့သော သားကို ညွှန်းဆိုခြင်းဖြစ်သည်။ ၂၂:၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 22:13

ချုံဖုတ်၌ ချိုညိလျက်ရှိသော သိုးကို မြင်လေ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ချုံပုတ်၌ သိုးတကောင်သည် ချိုညှိလျက်ရှိလေ၏" သို့မဟုတ် "သိုးတကောင်သည် ချုံပုတ်၌ ညှိလျက်ရှိလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ထိုသိုးကို သွား၍ယူပြီးလျှင်

"သူသည်သွား၍ ထိုသိုးကို ယူပြီးလျှင်"

ယနေ့တိုင်အောင်

"ယခုတိုင်အောင်။" ကျမ်းပြုဆရာ၏ ခေတ်ကို ဆိုလိုသည်။

ထာဝရဘုရား ပြင်ဆင်တော်မူမည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပြင်ဆင်ခြင်း ခံရမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 22:15

တဖန်

အခြားသော ဘာသာပြန်ဆိုချက်၊ "နောက် ဒုတိယအကြိမ်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-ordinal)

ထာဝရဘုရား၏ ကောင်းကင်းတမန်

ဖြစ်နိုင်ချေများမှာ၊ ၁) ထာဝရဘုရား ကိုယ်တိုင် ထင်ရှားပြခြင်းဖြစ်သည် သို့မဟုတ် ၂) ထာဝရဘုရား၏ ကောင်းကင်တမန်များပင် ဖြစ်သည် သို့မဟုတ် ၃) ဘုရားသခင်၏ အထူးတမန်တော်ဖြစ်သည် (ဓမ္မပညာရှင်အချို့က သခင်ယေရှု ဖြစ်မည်ဆို၏)။ ဤစကားလုံး၏ အဓိပ္ပါယ်ကို တိကျစွာ မသိရသဖြင့် "ကောင်းကင်တမန်" အနက်ရှိသော ဝေါဟာရဖြင့် "ထာဝရဘုရား၏ ကောင်းကင်တမန်" ဟူ၍သာ ပြန်ဆိုသင့်သည်။ ၁၆:၇ မှ မှတ်စုကို ရှု။

ကောင်းကင်ပေါ်က

ဘုရားသခင် ကိန်းဝပ်သောနေရာကို ညွှန်းသည်။

သင်သည် ဤအမှုကိုပြု၍

"သင်သည် ငါ့စကားကို နားထောင်၍"

သင်၏သား . . . ကို၊ ငါ့အား မငြင်းသောကြောင့်

"သင်၏သား ... ကို၊ ငါ့ထံမှ ချန်လှပ်မထားသောကြောင့်။" အဟုတ်ဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏သား ... ကို၊ လိုလားစွာ ပေးသောကြောင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublenegatives)

သင်၏သား သင်၌ တယောက်တည်းသောသား

အာဗြဟံ၌ ဣရှမေလဟူသော နောက်သား တစ်ယောက်လည်း ရှိကြောင်း ဘုရားသခင် သိတော်မူ၏။ သို့ရာတွင်၊ ဂတိတော် ထားခဲ့သော သားကို ညွှန်းဆိုခြင်းဖြစ်သည်။ ၂၂:၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အစဉ်အမြဲ ကောင်းကြီး ပေး

"အမှန် ကောင်းကြီး ပေး"

သင်၏အမျိုးအနွှယ်ကိုလည်း . . . အစဉ်အမြဲ ပွားများစေမည်

"သင်၏အမျိုးအနွယ်ကိုလည်း ... အဖန်ဖန် ပွားများစေမည်" သို့မဟုတ် "သင်၏အမျိုးအနွယ်ကိုလည်း ... အလွန်ပွားများစေမည်"

ကောင်းကင်ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့၎င်း

အာဗြဟံ၏ အမျိုးအနွယ်ကို ကြယ်နှင့် သဲလုံးကဲ့သို့ ခိုင်းနှိုင်းထားသည်။ ကြယ်နှင့် သဲလုံးကဲ့သို့ သူ၏ အမျိုးအနွယ်ကို ရေတွက်မရသည်အထိ များပြားစေမည်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေတွက်နိုင်သည်ထက် ကျော်လွန်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-simile)

ကောင်းကင်ကြယ်ကဲ့သို့၎င်း

"ကောင်းကင်" မှာ မြေကြီးအထက်၌ နေ၊ လ၊ ကြယ် အစရှိသော အရာများကို ညွှန်းသည်။

ရန်သူတို့၏ မြို့တံခါးများကို အစိုးရလိမ့်မည်

"မြို့တံခါး" က တမြို့လုံးကို ပုံဆောင်သည်။ "ရန်သူတို့၏ မြို့တံခါးများ" အပိုင်သိမ်းခြင်းသည် ရန်သူကို အနိုင်ယူခြင်းမည်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရန်သူတို့အပေါ် အစိုးရလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche နှင့် /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 22:18

ယေဘုယျ အချက်အလက်

ထာဝရဘုရား၏ ကောင်းကင်တမန် ဆက်လက်မိန့်ကြားနေသည်။

လူမျိုးပေါင်းတို့

နိုင်ငံတိုင်းရှိ လူမျိုးများကို ပုံဆောင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

လူမျိုးပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို ကောင်းကြီးပေးမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ငါသည် ကိုယ်ကိုကိုယ် တိုင်တည်၍ ကျိန်ဆို၏

"ငါ့ကိုယ်ကို ကျိန်ဆို၍ သက်သေပြုမည်။" "ကျိန်ဆို" ခြင်း ပြုရာ၌ တစုံတခုကို တိုင်တည်ရမည်။ သို့ရာတွင် ထာဝရဘုရား အတွက် မိမိကိုယ်တိုင်မှတပါး တိုင်တည်ရန် မရှိပါ။

ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏

"ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏" သို့မဟုတ် "ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြွေးကြော်လေ၏။" ထာဝရဘုရားမှ တိုက်ရိုက်လာကြောင်း ဖော်ပြခြင်းဖြစ်သည်။

ငါ၏စကားကို သင်နားထောင်သောကြောင့်

"စကား" က ဘုရားသခင်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါပြောသည်အတိုင်း နားထောင်သောကြောင့်" သို့မဟုတ် "သင်သည် ငါ့ကို နာခံသောကြောင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အာဗြဟံသည် . . . ပြန်၏

ဤကျမ်းပိုဒ်တွင် အာဗြဟံကိုသာ ဖော်ပြထားသော်လည်း၊ သားနှင့်အတူ လိုက်ပါသွားကြောင်း သိရသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံနှင့်သားတို့သည် ... ပြန်ကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ငယ်သားတို့

"အစေခံတို့" (UDB)

သူတို့သည် ထပြီးလျှင်

"သူတို့ ထွက်သွား၍"

ထိုအရပ်၌ အာဗြဟံနေလေ၏

အာဗြဟံ တစ်ဦးတည်းသာ ဖော်ပြခံရသော်လည်း အိမ်ထောင်ဦးစီအနေဖြင့် တအိမ်သားလုံးကို ကိုယ်စားပြုသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံနှင့် အိမ်သားတို့သည် ဗေရရှေဗတွင် နေထိုင်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 22:20

ထိုနောက်မှ

"ထိုအဖြစ်အပျက်ပြီးမှ။" "ထို" က ကမ္ဘာဦးကျမ်း ၂၂:၁-၁၉ မှ ဖြစ်ရပ်ကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

အာဗြဟံကြားသော သိတင်းစကားဟူမူကား . . . ဘွားမြင်လေပြီ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တစုံတယောက်က အာဗြဟံအား ... ဟူ၍ ကြားပြောလေ၏" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

မိလခါသည် သားကိုဘွားမြင်လေပြီ

"မိလခါကလည်း ကလေးကို ဘွားမြင်လေပြီ"

မိလခါ

မိန်းမအမည် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

သားအကြီးဟုဇ၊ သူ့ညီဗုဇ

"သားဦးကား ဥဇ၊ သူ့ညီကား ဗုဇ၊ ထို့နောက်"

ဟုဇ . . . ဗုဇ၊ အာရံ . . . ကေမွေလ၊ ခေသက်၊ ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်၊ ဗေသွေလ

ယောက်ျားအမည်များ ဖြစ်သည်။ အာရံမှ လွဲ၍ ကျန်ရှိသူများမှာ နာခေါ်နှင့် မိလခါတို့ သားများဖြစ်ကြောင်း သိသာစေရမည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 22:23

ရှစ်ယောက်

"၈ ယောက်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

သားရှစ်ယောက်တို့ကို၊ အာဗြဟံအစ်ကို နာခေါ်၏မယား မိလခါ ဘွားမြင်လေ၏

"အာဗြဟံအစ်ကိုနာခေါ်နှင့် မိလခါတို့ ဘွားမြင်သော သားရှစ်ယောက်ဖြစ်သတည်း။" ၂၂:၂၀ မှ မွေးစာရင်းကို ညွှန်းသည်။

ဗေသွေလကား၊ ရေဗက္ကအဘတည်း

"နောင်တွင် ဗေသွေလမှာ ရေဗက္ကအဘ ဖြစ်သတည်း"

နာခေါ်၏ မယားငယ်

"သူ၏ မယားငယ်"

ရုမာ

မိန်းမအမည် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

. . . တို့ကို ဘွားမြင်လေ၏

"... တို့ကိုလည်း ဘွားမြင်လေ၏"

တေဘ၊ ဂါဟံ၊ သဟာရှ၊ မာခါ

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)