Genesis 21

Genesis 21:1

ထာဝရဘုရားသည် . . . စာရာကို အကြည့်အရှုကြွတော်မူ၍

"အကြည့်အရှု ကြွတော်မူ" သည်ဟု ဆိုရာတွင် စာရာ ကလေးမွေးရန် ယာဝေးဘုရား ကူညီပေးသည်ကို ညွှန်း၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရားသည် ... စာရာကို ကူညီတော်မူ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဘုရားသခင် အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌

"ဘုရားသခင် မိန့်တော်မူခဲ့သော အချိန်၌"

အသက်ကြီးသောအခါ

"အိုသောအခါ"

သူ့အား သားကိုဘွားလေ၏

"သူ့အတွက် သားကို ဘွားလေ၏"

အာဗြဟံသည်လည်း၊ မိမိရသောသား တည်းဟူသော၊ စာရာဘွားသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏

"အာဗြဟံသည်လည်း၊ စာရာဘွားသော မိမိသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏" သို့မဟုတ် "အာဗြဟံကလည်း မွေးလာသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏"

အာဗြဟံသည် ရှစ်ရက်မြောက်သောနေ့၌၊ သားဣဇာက်ကို အရေဖျားလှီးမင်္ဂလာ ပေးလေ၏

"သားဣဇာက်မွေးပြီး ရှစ်ရက်မြောက်သောနေ့၌၊ အရေဖျားလှီးမင်္ဂလာ ပေးလေ၏"

မှာထားတော်မူသည်

"မိန့်တော်မူသည်"

ရှစ်ရက်

"၈ ရက်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

Genesis 21:5

အသက်တရာ

"အသက် ၁၀၀" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

ငါ ရယ်ရသောအခွင့်ကို ဘုရားသခင် ပေးတော်မူပြီ

စာရာမှာ အံ့ဩ၍ ဝမ်းသာသောကြောင့် ရယ်မောလေသည်။ ထိုအကြောင်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က ငါ့ကို ဝမ်းမြောက်စွာ ရယ်မောစေပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဤသီတင်းကို ကြားသောသူ အပေါင်းတို့သည်လည်း

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင် ပြုသောအရာကို ကြားနာသူအပေါင်းတို့သည်လည်း" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

စာရာသည် သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံအား အဘယ်သူပြောနှင့်ရသနည်း

ဖြစ်ကြောင်းပြပုဒ်အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စာရာက သားကို နို့တိုက်လိမ့်မည်ဟု အာဗြဟံအား အဘယ်မျှ ပြောခဲ့မည်မဟုတ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သားကိုနို့တိုက်

သားကို ပြုစုကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားကို ပြုစုသည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

Genesis 21:8

ထိုသူငယ် ဣဇာတ်သည် ကြီးပွား၍ နို့နှင့်ကွာလေ၏

မိခင်၏ နို့ရည်နှင့် ကင်းကွာပြီဖြစ်ကြောင်း "နို့နှင့်ကွာ" ဟူ၍ ယဉ်ကျေးစွာ ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူငယ် ဣဇာက်သည် ကြီးလာ၍ မိခင်နို့နှင့် ကင်းကွာလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

အဲဂုတ္တုအမျိုးသား ဟာဂရတွင် အာဗြဟံရသော သား

ဟာဂရ၏ သားအမည်ကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုအမျိုးသား ဟာဂရနှင့် အာဗြဟံရသော သားဣရှမေလ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဆဲရေးသည်

ကဲရဲ့ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကဲ့ရဲ့သည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 21:10

ဤကျွန်မ၏သား

ဟာဂရနှင့် ဣရှမေလကို ညွှန်းသည်။ ထိုသူတို့အပေါ် ဒေါသထွက်သဖြင့် အမည်ဖြင့် မခေါ်ခြင်း ဖြစ်မည်။

အကျွန်ုပ်၏သား ဣဇာက်

"အကျွန်ုပ်သား၊ ဣဇာက်"

အာဗြဟံအား ဆိုလေ၏

"အာဗြဟံအား စာရာဆိုလေ၏"

မိမိသားဖြစ်သောကြောင့်

"မိမိသားဖြစ်သည်အလျောက်။" နောက်သားတစ်ဦးဖြစ်သူ ဣရှမေလကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အာဗြဟံလည်း . . . ထိုအမှု အလွန်ခက်သည်ဟု ထင်လေ၏

"အာဗြဟံလည်း ... စာရာပြောသော စကားကြောင့် စိတ်သောကဖြစ်လေ၏"

Genesis 21:12

ထိုသူငယ်နှင့် သင်၏ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်

"ထိုသူငယ်နှင့် သင်၏ ကျွန်မကြောင့်၊ စိတ်သောက မဖြစ်နှင့်"

စာရာ ပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့

ပြောသောအရာကို "စကား" ဟု သွယ်ဝိုက်ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအရာ၌ စာရာ ပြောသမျှကို နားထောင်လော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ဣဇာက်၌သာ သင်၏အမျိုး တည်လိမ့်မည်

"တည်လိမ့်မည်" ဟူသည်မှာ ဣဇာက်၏ အမျိုးကိုသာ ‌‌ရွေးကောက်ထားသော လူစုတော်အဖြစ် ဘုရားသခင် ရွေးချယ်ထားကြောင်း ဆိုလိုသည်။ အပြုဝါကျ ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣဇာက်သာလျှင် ငါရွေးကောက်ထားသော လူစု၏ အဘဖြစ်လိမ့်မည်" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ကျွန်မ၏သားသည် . . . သူ့ကိုလည်း လူမျိုးဖြစ်စေမည်

"လူမျိုး" မှာ လူမျိုးကြီးကို ညွှန်းသော ဝင်္ကဝုတ္တိပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်မ၏သားသည် ... သူ့ကိုလည်း လူမျိုးကြီး၏ အဘဖြစ်စေမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 21:14

မုန့်နှင့်

ဖြစ်နိုင်ချေများမှာ၊ (၁) အစာကို ခြုံ၍ ညွှန်းသည် သို့မဟုတ် (၂) မုန့်ကိုသာ ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

ရေဘူးကို ယူသဖြင့်

"ရေအိတ်ကို ယူသဖြင့်။" ရေကို တိရစ္ဆာန် သားရေဖြင့် ပြုလုပ်ထားသည်။

ဘူး၌ရေကုန်သောအခါ

"ရေအိတ်၌ ရေကုန်သောအခါ" သို့မဟုတ် "ရေ ကုန်သောအခါ"

ငါသည် သူငယ်သေသည်ကို မမြင်လို

ကြိယာပုဒ် "သေသည်" ကို စိတ္တဇနာမ် "သေခြင်း" ဟူ၍လည်း ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူငယ်၏ သေခြင်းကို ငါ မမြင်လို" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

ခပ်ဝေးဝေး လေးတပစ်ခန့်လောက်

လူတစ်ဦး မြားပစ်လျှင် ရောက်မည့် အကွာအဝေးကို ညွှန်းသည်။ မီတာ ၁၀၀ ခန့် ဖြစ်နိုင်သည်။

သူသည် အသံကိုလွှင့်၍ ငိုကြွေးလေ၏

"အသံကိုလွှင့်" မှာ အော်ဟစ်ခြင်းကို ညွှန်းသည်။ "ငိုကြွေး" မှာ ကြွေးကြော်ခြင်းကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူမသည် အော်ဟစ်လျက် ကြွေးကြော်လေ၏" သို့မဟုတ် "သူမသည် အော်ဟစ်၍ ငိုကြွေးလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-idiom)

Genesis 21:17

လုလင်၏အသံ

"သူငယ်၏ အသံ။" "အသံ" ဟူရာတွင် လုလင်၏ ငိုသံကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣရှမေလ၏ ငိုသံ" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ဘုရားသခင်၏ ကောင်းကင်တမန်

"ဘုရားသခင်ထံမှ စေတမန်" သို့မဟုတ် "ဘုရားသခင်၏ စေတမန်"

ကောင်းကင်ထဲက

"ကောင်းကင်" ဟူသည်မှာ ဘုရားသခင် ကိန်းဝပ်ရာအရပ်ကို ဆိုလိုသည်။

သင်၌ အဘယ်အမှုရှိသနည်း

"အဘယ်သို့ ဖြစ်နေသနည်း" သို့မဟုတ် "အဘယ်ကြောင့် ငိုကြွေးသနည်း"

လုလင်နေသော အရပ်ထဲက သူ၏အသံ

"အသံ" ဟူရာတွင် လုလင်၏ ငိုသံကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူငယ်နေသော အရပ်မှ ငိုသံ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

လုလင်ကို ကြွ၍လက်နှင့်မလော့

"သူငယ်ကို ထူမလော့"

ငါသည် သူ့ကို လူမျိုးကြီးဖြစ်စေမည်

ဣရှမေလ၏ အမျိုးကို လူမျိုးကြီးဖြစ်စေမည်ဟု ဘုရားသခင် ဆိုလိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ၏ အမျိုးကို လူမျိုးကြီး ဖြစ်စေမည်" သို့မဟုတ် "ငါသည် သူ့ကို လူမျိုးကြီး၏ အဘဖြစ်စေမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 21:19

ဘုရားသခင်သည် ဟာဂရ၏ မျက်စိကို ဖွင့်တော်မူသဖြင့် . . . မြင်လေသော်

ရေတွင်းကို မြင်စေကြောင်း ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ... ဟာဂရအား မြင်စေသဖြင့်" သို့မဟုတ် "ဘုရားသခင်သည် ဟာဂရထံ ... ပြတော်မူသဖြင့်" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ဘူး

"သားရေဘူး" သို့မဟုတ် "အိတ်"

လုလင်

"သူငယ်" သို့မဟုတ် "ဣရှမေလ"

ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင် ရှိတော် မူ၏

"ရှိတော်မူ၏" ဟူရာတွင် ဘုရားသခင်က ထိုလုလင်ကို ကောင်းကြီးပေးကြောင်း ညွှန်းသော ဒေသိယစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ထိုသူငယ်ကို စောင်မတော်မူ၏" သို့မဟုတ် "ဘုရားသခင်သည် ထိုသူငယ်ကို ကောင်းကြီးပေးတော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

လေးသမား ဖြစ်လေ၏

"လေးနှင့်မြားကို ကျွမ်းကျင်စွာ တတ်မြောက်လေ၏"

အဲဂုတ္တုပြည်မှ မိန်းမတယောက်ကိုခေါ်၍ သူနှင့်စုံဘက်စေ၏

"မယားအဖြစ် အဲဂုတ္တု အမျိုးသမီးကို စုံဘက်စေ၏"

Genesis 21:22

ထိုရောအခါ

အကြောင်းအရာသစ်ကို အစပျိုးသော အသုံးအနှုန်းဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းအတိုင်း ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

ဗိုလ်ချုပ်မင်း

"မိမိ စစ်တပ်ကို အုပ်ချုပ်သော" (UDB)

ဖိကောလ

ယောက်ျားအမည်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

သင်သည် ပြုလေရာရာ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ၏

"ရှိတော်မူ၏" ဟူသည်မှာ အာဗြဟံကို ဘုရားသခင် ကောင်းကြီးပေးကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်ပြုလေရာရာ၌ သင့်ကို ဘုရားသခင် ကောင်းချီးပေးတော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

သို့ဖြစ်၍

အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သင်သည် ငါ့ကို၎င်း . . . မလှည့်စား

"သင်သည် ငါ့ကို ... မလိမ်ဘဲ"

သင်သည် . . . ငါ့မြေးကို၎င်း၊ မလှည့်စား

အဟုတ်ဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ... ငါ့မြေးအပေါ်၌လည်းကောင်း ဖြောင့်မတ်စွာပြု၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublenegatives)

ငါသည် သင်၌ ကျေးဇူးပြုသကဲ့သို့ ငါ၌၎င်း . . . ငါ့အား ကျိန်ဆိုပါလော့

လူနှစ်ဦးတို့ ကတိသစ္စာ ဆိုထားသည်။ ကြိယာပုဒ် "ကျေးဇူးပြု" ကို စိတ္တဇနာမ် "ကျေးဇူးရှိ" သို့မဟုတ် "သစ္စာရှိ" ဟု ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သင့်အပေါ်၌ သစ္စာရှိသကဲ့သို့ ... ငါ့အား ကျိန်ဆိုပါလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

ဘုရားသခင်ကို တိုင်တည်၍ ငါ့အား ကျိန်ဆိုပါလော့

ပို၍ ကြီးမြတ်သော ပုဂ္ဂိုလ်၏ သက်သေပြုပေးမှုကို တောင်းဆိုသောစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်အားဖြင့် ငါ့ကို ကျိန်ဆိုပါလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ငါ့ပြည်၌၎င်း

"ပြည်" ဆိုရာတွင် ပြည်သူများကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ပြည်သားတို့၌လည်းကောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ထိုအတိုင်း ငါကျိန်ဆိုပါမည်

အထက်ပါ အချက်အလက်များကို ထည့်သွင်းနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်အပေါ် ကျေးဇူးပြုသကဲ့သို့ သင်နှင့် သင့်ပြည်သူတို့အပေါ် ကျေးဇူးပြုမည်အကြောင်း ငါကျိန်ဆို၏"

Genesis 21:25

အဘိမလက်မင်း၏ ကျွန်တို့သည် အနိုင်အထက် လုယူသော ရေတွင်းအကြောင်းကြောင့်

"အဘိမလက်မင်း၏ ကျွန်တို့က အာဗြဟံထံမှ ရေတွင်းတို့ကို အတင်းအဓမ္မ လုယူသဖြင့်"

အနိုင်အထက် လုယူသော

"အတင်းအဓမ္မ လုယူသော" သို့မဟုတ် "အတင်းအဓမ္မ ချုပ်ကိုင်သော" (UDB)

အဘိမလက်မင်းကို အပြစ်တင်လေ၏

ဖြစ်နိုင်ချေများမှာ၊ ၁) ငြီးတွားနေသည် သို့မဟုတ် ၂) "အဘိမလက်မင်းကို စစ်ဆေးလေ၏"

ငါလည်း ယနေ့တိုင်အောင် မကြားရ

"ယခုမှ ပထမဆုံးအကြိမ် ကြားရ၏"

အာဗြဟံသည်လည်း သိုး၊ နွားတို့ကို ယူပြီးလျှင်၊ အဘိမလက်အား ပေး၍

အဘိမလက်နှင့် ကတိသစ္စာပြုရာတွင် မိတ်ဖြစ်ဆွေဖြစ် အသိမှတ်ပြုသော အမှတ်အသား ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

Genesis 21:28

အာဗြဟံသည်လည်း သိုးသငယ်မ ခုနစ်ကောင်တို့ကို သိုးစုနှင့် ခွဲထားလေ၏

"အာဗြဟံကလည်း သိုးငယ်အမ ခုနစ်ကောင်ကို သိုးစုမှ ခွဲထား၏"

ခုနစ်

"၇"(ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

ခွဲထားသော ဤသိုးသငယ်မ ခုနစ်ကောင်တို့သည်၊ အဘယ်သို့နည်း

"အဘယ်ကြောင့် ဤသိုးငယ်အမ ခုနစ်ကောင်ကို ခွဲထားသနည်း"

သင်သည် . . . ခံယူရမည်

"သင်သည် ... ယူသွားရမည်"

သက်သေဖြစ်မည် အကြောင်း

သိုး ခုနစ်ကောင်ကို ညွှန်းသည်။

ငါ့လက်မှ

"လက်" မှာ အာဗြဟံကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ထံမှ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

ငါ့ဘက်၌ သက်သေဖြစ်မည် အကြောင်း

စိတ္တဇနာမ် "သက်သေဖြစ်မည်" ကို "သက်သေပြုမည်" ဟု ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ဘက်၌ သက်သေပြုမည် အကြောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

Genesis 21:31

ထိုအရပ်ကို . . . ဟု တွင်ကြ၏

"ထိုအရပ်ကို အာဗြဟံက ... ဟု ခေါ်လေ၏"

ထိုနှစ်ပါးတို့သည်

"အာဗြဟံနှင့် အဘိမလက်တို့သည်"

ဗေရရှေဘ

ဘာသာပြန်ဆိုသူများအနေဖြင့် "ဗေရရှေဘသည် 'သစ္စာရေတွင်း' သို့မဟုတ် 'ခုနှစ်ရေတွင်း' ဟု အဓိပ္ပါယ်ရသည်" ဟူ၍ မှတ်ချက် ထည့်နိုင်သည်။

ဖိကောလ

ယောက်ျားအမည် ဖြစ်သည်။ ၂၁:၂၂ မှ ပြန်ဆိုချက်ကို ရှု။

ဖိလိတ္တိပြည်သို့ ပြန်ကြ၏

"ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 21:33

မန်ကျည်းပင်

သဲကန္တာရတွင် ပေါက်ဖွားသော အမြဲစိမ်းပင် ဖြစ်သည်။ ယေဘုယျသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အပင်တစ်ပင်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-unknown)

အစဉ်အမြဲ တည်တော်မူသော ဘုရားသခင်

"ထာဝရ တည်မြဲသော ဘုရားသခင်"

ကာလရှည်ကြာစွာ

အလွန်ကြာညောင်းကြောင်း ညွှန်းဆိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)