Genesis 20

Genesis 20:1

ရှုရမြို့

အဲဂုတ္တုပြည် အရှေ့နယ်စပ်တွင် ရှိသော ကန္တာရဒေသဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

မိမိလူကို စေလွှတ်၍၊ စာရာကို ယူစေ၏

"မိမိလူတို့ကို စေလွှတ်ရာ၊ သူတို့သည် စာရာကို ခေါ်ဆောင်လေ၏"

ဘုရားသခင်သည် အဘိမလက်ဆီသို့ ကြွလာ၍

"ဘုရားသခင်သည် အဘိမလက်ရှေ့တွင် ပေါ်လာ၍"

သင်သည် လူသေဖြစ်၏

မင်းကြီး သေမည်အကြောင်း ပြင်းထန်စွာ ပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် မကြာခင် သေမည်" သို့မဟုတ် "သင့်အသက်ကို ငါနုတ်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

သူ့မယား

"အိမ်ထောင်သည် အမျိုးသမီး"

Genesis 20:4

အဘိမလက်သည်၊ ထိုမိန်းမနှင့် မပေါင်းဘော်သေးသည်ဖြစ်၍

သံဝါသ မပြုသေးကြောင်း ယဉ်ကျေးစွာ ဖော်ပြထားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘိမလက်သည်၊ စာရာနှင့် မပေါင်းဘော်သေးသည်ဖြစ်၍" သို့မဟုတ် "အဘိမလက်သည်၊ စာရာကို မထိရသေးသည်ဖြစ်၍"(ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

ဖြောင့်မတ်သောလူမျိုးကို

"လူမျိုး" ဟူသည်မှာ ထိုလူမျိုးစုတွင် ပါဝင်သမျှသောသူများကို ပုံဆောင်သည်။ အဘိမလက်က မိမိအပေါ် ဘုရားသခင် အပြစ်ဒဏ် စီရင်လျှင်၊ မိမိပြည်သူများကလည်း ခံစားရမည်ကို စိုးရိမ်ခြင်း ရှိ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "အပြစ်ကင်းသောသူတို့ကိုပင်လျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သူသည် ငါ့နှမဖြစ်၏ဟု အကျွန်ုပ်အား ယောက်ျားဆိုသည် မဟုတ်ပါလော။ အကျွန်ုပ်အား သူသည် ငါ့မောင့်ဖြစ်၏ဟု မိန်းမလည်းဆိုသည် မဟုတ်ပါလော

ပြောခဲ့ပြီးသောစကားကို ပြန်လည် ကိုးကားထားသည်။ ၎င်းကို အပြောခံစကားမျိုးအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိနှမဖြစ်ကြောင်း ယောက်ျားဆိုသည် မဟုတ်ပါလော။ မိန်းမကလည်း မိမိမောင်အဖြစ် ဆိုသည် မဟုတ်ပါလော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

သူသည် ငါ့နှမဖြစ်၏ဟု အကျွန်ုပ်အား ယောက်ျားဆိုသည် မဟုတ်ပါလော

ဘုရားသခင် သိပြီးသောအရာကို အောက်မေ့ရန် လျှောက်ဆိုသော မေးခွန်းဖြစ်သည်။ ဖြစ်ကြောင်းပြစာစီအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံက 'သူသည် ငါ့နှမဖြစ်၏' ဟု အကျွန်ုပ်ထံ ဆိုခဲ့သည် မဟုတ်ပါလော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သူသည် . . . မိန်းမလည်း . . .

"သူသည်" နှင့် "မိန်းမလည်း" ဟူသည်မှာ ပြစ်မှားသောသူမှာ အာဗြဟံနှင့် စာရာတို့သာ ဖြစ်ကြောင်း ထင်ရှားစေရန် အသုံးပြုထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-rpronouns)

ဖြောင့်မတ်သော သဘောရှိ၍ သန့်ရှင်းသောလက်နှင့် ဤအမှုကို အကျွန်ုပ်ပြုပါပြီ

"သဘော" ဟူသည်မှာ အတွေးနှင့် အကြံကို ပုံဆောင်သည်။ ထို့အပြင် "လက်" ဟူသည်မှာ လုပ်ဆောင်ချက်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အပြစ်ရှိသော အတွေးနှင့် အပြုအမူဖြစ်စေရန် လုပ်ဆောင်ခဲ့သည် မဟုတ်ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 20:6

ဘုရားသခင်ကလည်း . . . မိန့်တော်မူ၏

"ဘုရားသခင်ကလည်း အဘိမလက်အား ... မိန့်တော်မူ၏"

သင်သည် ဖြောင့်မတ်သောသဘောနှင့် ပြုသည်

"သဘော" ဟူသည်မှာ အတွေးနှင့် အကြံကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ကောင်းသော အကြံအစည်ဖြင့် ပြုသည်" သို့မဟုတ် "သင်သည် အပြစ်ကင်းစွာဖြင့် ပြုသည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ထိုမိန်းမနှင့် ပေါင်းဘော်ရသောအခွင့်

သံဝါသပြုခြင်းကို ယာဉ်ကျေးစွာ ဖော်ပြသောစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူမနှင့် အိပ်ရသောအခွင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

သူ၏မယား

"အာဗြဟံ၏ မယား"

သင်သည် အသက်ချမ်းသာရလိမ့်မည်

"ငါသည် သင့်ကို အသက်ချမ်းသာစေမည်"

သင်နှင့်ဆိုင်သောသူအပေါင်းတို့

"သင်တို့အားလုံး"

Genesis 20:8

အမူအရာအလုံးစုံကို ပြောသဖြင့်

"ဘုရားသခင် မိန့်တော်မူသမျှ အလုံးစုံကို ပြောသဖြင့်"

သင်သည် ငါတို့၌ အဘယ်သို့ ပြုသနည်း

အာဗြဟံကို စွပ်စွဲလိုသောကြောင့် မေးလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ငါတို့အပေါ် ဆိုးသောအမှုကို ပြုလေပြီ" သို့မဟုတ် "ငါတို့အပေါ် သင် ပြသောအမှုကို ကြည့်လော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ငါတို့၌

"ငါတို့" ဟူသည်မှာ အာဗြဟံနှင့် စာရာတို့ မပါသော မိမိအချင်းချင်းကို ညွှန်းသော နာမ်စားဖြစ်သည်။ "ငါတို့" သို့မဟုတ် "ကျွန်တော်တို့" စသဖြင့် ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းကို ပြောင်းထည့်နိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သင့်ကိုငါတို့သည် အဘယ်သို့ပြစ်မှားသောကြောင့်၊ သင်သည် . . . အပြစ်ကို ရောက်စေသနည်း

အဘိမလက်က မိမိသည် အာဗြဟံအပေါ် အပြစ်မပြုခဲ့ကြောင်း ထင်ရှားစေရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... အပြစ်ကို ရောက်စေရသည့် ပြစ်မှားမှု တစုံတခုကိုမျှ သင့်အပေါ် ငါတို့ မပြုခဲ့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သင်သည် ငါ၌၎င်း ငါ့နိုင်ငံ၌၎င်း၊ ကြီးစွာသောအပြစ်ကို ရောက်စေသနည်း

လူတစ်ဦး၏ ခေါင်းပေါ်တွင် တင်၍ရသကဲ့သို့ "အပြစ်" ကို တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါနှင့် ငါ့နိုင်ငံ၌၊ ကြီးစွာသော အပြစ်ကို ရောက်စေရသည့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငါ့နိုင်ငံ၌၎င်း

"နိုင်ငံ" က နိုင်ငံသားကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့နိုင်ငံရှိ ပြည်သူတို့၌လည်းကောင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သင်သည် မပြုအပ်သောအမှုကို ငါ၌ပြုပါသည်တကား

"ငါ့အပေါ်၌ ဤအမှုကို ပြုရန်မသင့်"

Genesis 20:10

သင်သည် အဘယ်အမှုကို မြင်၍ ဤသို့ပြုသနည်း

"အဘယ်က ဤသို့ ပြုစေသနည်း" သို့မဟုတ် "အဘယ့်ကြောင့် ဤသို့ ပြုသနည်း။" တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘယ့်ကြောင့် စာရာကို သင့်နှမဟု ပြောရသနည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဤအရပ်သားတို့သည် ဘုရားသခင်ကို မကြောက်၊ အကျွန်ုပ်၏မယားအတွက် အကျွန်ုပ်ကို သတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်

ပြောခဲ့ပြီးသောစကားကို ပြန်လည် ကိုးကားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤအရပ်၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိသောကြောင့်၊ အကျွန်ုပ်၏ မယားအတွက် ကျွန်ုပ်ကို သတ်ကြလိမ့်မည်ဟု ထင်သောကြောင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ဤအရပ်သားတို့သည် ဘုရားသခင်ကို မကြောက်

အခြားသော ဘာသာပြန်ဆိုချက်၊ "ဂေရာမြို့တွင် ဘုရားသခင်ကို မည်သူမျှ မကြောက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ဘုရားသခင်ကို မကြောက်

ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်းနှင့် နာခံခြင်း မရှိကြောင်း ဆိုလိုသည်။

သို့သော်လည်း သူသည် အကျွန်ုပ်နှမ မှန်ပါ၏

"သို့ရာတွင်၊ စာရာမှာ အကျွန်ုပ်နှမ မှန်ပါ၏" သို့မဟုတ် "ထို့ပြင်၊ စာရာသည် အကျွန်ုပ်နှမ မှန်ပါ၏"

အကျွန်ုပ်အဘ၏သမီးဖြစ်၏။ အမိ၏သမီးမဟုတ်

"အဘ တူသော်လည်း၊ အမိ ကွဲပါ၏"

Genesis 20:13

ယေဘုယျ အချက်အလက်

အငယ် ၁၃ တွင် အဘိမလက်ကို အာဗြဟံ လျှောက်ထားသည်။

အဘ၏အိမ်

"အိမ်" ဟူသည်မှာ အာဗြဟံ၏ မိသားစုကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘနှင့် ဆွေမျိုးသားချင်း ရှိရာ" သို့မဟုတ် "အဘ၏ အိမ်ထောင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အကျွန်ုပ်က၊ သင်သည် ငါ၌ပြုရသောကျေးဇူးဟူမူကား၊ ငါသည် သင်၏မောင် ဖြစ်ကြောင်းကို ရောက်လေရာရာ၌ ပြောရမည်ဟု၊ မယားကိုမှာထားပါသည်

ပြောခဲ့ပြီးသောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်စကားအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်က ရောက်လေရာရာ၌ ငါသည် သင်၏မောင်ဖြစ်ကြောင်း ပြောခြင်းဖြင့် ငါ၌ သစ္စာရှိပါဟု မယားကိုမှာထားပါသည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

အဘိမလက်သည် . . . တို့ကိုယူ၍

"အဘိမလက်သည် ... အချို့ကို ယူ၍" (UDB)

Genesis 20:15

အဘိမလက်ကလည်း . . . အမိန့်ရှိ၏

"အဘိမလက်ကလည်း အာဗြဟံအား ... အမိန့်ရှိ၏"

ငါ့မြေသည် သင့်ရှေ့မှာ ရှိ၏

"ငါ့မြေသည် သင့်အတွက် ဖြစ်၏" ဟူသော သဘောသက်ရောက်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

အလိုရှိသည်အတိုင်းနေပါ

"နေချင်ရာ၌ နေပါ"

သင်နှင့် သင့်အပေါင်းအဘော်တို့အဘို့ မျက်နှာဖုံးများကို ဝယ်စရာဖို့

စာရာ အပြစ်ကင်းကြောင်း သက်သေကို မျက်နှာဖုံးကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင် အပြစ်ကင်းသည်ကို သင့်အပေါင်းအဘော်တို့ သိရန်အလို့ငှါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငွေတထောင်

"ငွေ ၁၀၀၀" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

Genesis 20:17

အာဗြံဟံ၏မယား စာရာကြောင့်

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘိမလက်သည် အာဗြဟံ၏မယား စာရာကို ယူသဖြင့်" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

တယောက်မျှ ပဋိသန္ဓေမယူစေခြင်းငှါ

"အားလုံး မြုံစေခြင်းငှါ"