အခန်း (၂)

1 2 1 ‘တိတု’၊ နင်န့်ဟာမှန်ကန်သင့်တော်တဲ့ညွှန်ကြားချက်နေကော်ဟောပြောဆင်န်ကြားရမာလဲယ်။ 2 အဆက်ကီးဆူနေကော်သမ္မာသတိရှိဖော့၊ ကိုယ့်ဟာကိုယ်ဆိတ်ခါစောင့်ထိမ်းနိုင်ဖော့၊ ပြင်ညာနဆင်ချင်န်တတ်စေဖော့တိုက်တွန်းလဲယ်။ ဖရားချဲင်န်အပေါမြဲမြဲယုံကြည်ဖော့၊ တခြားဆူနေအပေါ်မေတ္တာတရားထားဖော့၊ စိတ်ရှည်ဆီးခံဖော့ညွှန်ကြားလဲယ်။ 3 4 5 3 အဆက်အရွယ်ကီးရင်န့်ဆူမိန်းမနေကော် ဖရားတရားကော်ကြည်ညိုဖော့သွန်သင်လဲယ်။ ဆူတော့ကော်တစ်ပါးသောဆူနေယဲ့အတင်န်းအဖျင်န်းပပြောပါစေနလဲယ်။ အရက်ယဲ့ကျေးကျွန်နေပဖြစ်ပါစေနလဲယ်။ 4 ဟဲယ်မှဟဲင်န်းမိန်းမတော့ဟာအဆက်အရွယ်ငယ်ရွယ်ဆူမိန်းမနေကော်အိမ်ထောင်ရှင်န်မကောင်းပီဆအောင်လက်ဆင်န့်ကမ်းဆင်န်ယူနိုင်ဆူဖြစ်လာကြမာလဲယ်။ 5 ငယ်ရွယ်ဆူအိမ်ထောင်ရှင်န်မိန်းမတယောက်စီတိုင်းဟာ ကိုယ့်ယဲ့မိဆားစုကော်ရှစ်ခင်န်ကြင်နာတဲ့အိမ်ထောင်ရှင်န်မကောင်းနေဖြစ်လာကြမာလဲယ်။ ဆူတော့ယဲ့ယောက် ကျားကော်ရိုဆေလေးစားလာကြမာလဲယ်။ ဟဲယ်မှ ဖရားချဲင်န်ယဲ့နှုတ်ကပတ်တော်နေကော်ကဲ့ရဲ့စော်ကားပြောဆိုဆူရှိလာမာပဟုတ်ဝူးလဲယ်။ 6 7 8 6 ဟဲင်န်းနီးတူငယ်ရွယ်ဆူယောက်ကျားတော့ကော် အရာရာတိုင်းမာကိုယ့်ဟာကိုယ်စောင့်ထိန်းရန်သွန်သင်လဲယ်။ 7 တခြားဆူတော့ယဲ့စံနမူနာပြဖြစ်စေဖော့ကောင်းတဲ့အကျင်န့်ကော်အမြဲတမ်းစောင့်ထိန်းစေလဲယ်။ နင်န်ဆူတော့ကော်သွန်သင်ဆုံးမတဲ့အခါဆိတ်ခါသမာဓိရှိရှိဆုံးမသွန်သင်လဲယ်။ 8 လူနေကော်သွန် သင်ဆုံးမတဲ့အခါပဆူ့မှဝေဖန်မှုမပြုနိုင်အောင်မှန်ကန်တဲ့တရားတော်နေကော်အဆုံးပြုလဲယ်။ ဟဲယ်သလဲနပဆူ့မှ နင်န့်ကော်အရှက်တကွဲအကျိုးနေးဖြစ်အောင်ပြုလော့ရမာပဟုတ်ဝူးလဲယ်။ ဖယ်သလဲကြောင်းဟားဆိုခါ ဆူတော့မာငါတော့ကော်အပစ် တင်န်စရာစကားပရှိကြသောကြောင့်ဖြစ်ဟာဝါး။ 9 10 9 အစေခံတော့ဟာဆူတော့ယဲ့သခင်န်အ လိုရှိတဲ့အတိုင်းအမြဲတမ်းလိုက်နာရမာလဲယ်။ ဆူတော့ယဲ့သခင်န်ကော်စကား ပြင်န်ပပြောရဝူးလဲယ်။ 10 သခင်န်ပစ် စီးကော်ပခိုးရ၊ ဆူတော့ဟာအရိုးဆားဆုံးနယုံကြည်ထိုက်ဆူနေဖြစ်ရမာလော့သွန်သင်လဲယ်။ ဟဲယ်မှငါတော့ယဲ့ ကယ်တင်န်ရှင်န်ဖရားအကြောင်းကော်ဟောကြားတဲ့အခါမာလူတော့လေးမြတ်ကြည်ညိုဖော့ ဟဲယ်နီးလမ်းအတိုင်းပြုလုပ်သင့်ဟာဝါး။ 11 12 13 11 ဖရားချဲင်န်ဟာလူဆားအကုန်လုံးကော်ကယ်တင်န်ဖော့ကြွလာတော်မူပီး ငါတော့အပေါ်မာဖလောက်ကရုဏာတော်ထားကြေင်းကော်ပြဆတော်မူခဲ့ဟာဝါး။ 12 ငါတော့ဟာဖရားချဲင်န်ကော်ပရိုပဆေပပြုဖော့န လောကီကာမဂုဏ်နေကော်စွန်လွှတ်ဖော့၊ ဟဲယ်လောကကီးမာရိုးဆားဖြောင့်မတ်စွာနသင့်တင့်လျှောက်ပတ်စွာနေထိုင်ဖော့ တရားတော်နေကော်ဟောကြားသွန်သင်တော်မူခဲ့ဟာဝါး။ 13 ဘုန်းအဆရေတော်န ပြည့်စုံတော်မူသောဖရားချဲင်န်နငါတော့ယဲ့ကယ်တင်ရှင်န်ခရစ်တော် ‘ယေရှု’ ဖရားပြင်န်မော်ကြွရောက်လာမာကော်ငါတော့မျှော်လင့်ချက်အပြည့်နစောင့်မျှော်လျက်ရှိကြဟာလဲယ်။ 14 14 ပညတ်တော်နေကော်ငါတော့ချိုးဖောက်ခဲ့သမျှတော့ ကော်ကယ်တင်န်နိုင်ဖော့နအပစ်နေသန့်စင်န်ဆွားစေဖော့အတွက်ကိုယ်တော် ‘ယေရှု’ ဟာကိုယ့်ယဲ့အဆက်ကော်စွန့်လွှတ်တော်မူခဲ့ဟာဝါး။ ကိုယ်တော်ဟာငါတော့ကော် ဆူ့ယဲ့မိဆားစုဝင်န်နေဖြစ်စေဖော့စိတ်အားထက်သန်ပီးကောင်းမှုနေကော်ပြုလုပ်စေလိုဟာလဲယ်။ 15 15 ဟဲယ်တရားတော်နေကော် ဆုံးမသွန်သင်တဲ့အခါနင်န့်မာရှိသမျှသော စွမ်းရည်နအခွင်န့်အာဏာတော့ကော်အဆုံးပြုလဲယ်။ ပဆူမှနင်န့်ကော်လေးစားကြည်ညိုမှုပပျက်ပြားပါစေနလဲယ်။