အခန်း (၃)

1 2 1 နင်ဟဲ့အသင်းဝင်လေဟ တိုင်းပြည်အုပ်ချုပ်သူလေနဲ့ အခွင့်အာဏာရှိသူလို့ဝိုပုန်ကန်ခြားနားခြင်းမပြုမိစေဝို့သတိပေးနင်း။ သူလို့ဟာအကူအညီလိုအပ်ဟောသူလို့ဝိုကူညီပေးဝို့အစဉ်အမြဲအဆင်သင့်ဖြစ်စေပင်း 2 ရန်လိုရိုင်းပြဟောအမူအရာ၊ အပြောအဆိုလေဝိုမပြုမိစေဝို့သတိပေးနင်း။ အသင်းသားလို့ဝိုလူတိုင်းဝိုသနားကြင်နာပင်း သိမ်မွေ့စွာဆက်ဆံပေါင်းသင်းတတ်စေဝို့သင်ကြားပေးနင်း။ 3 3 တချိန်ဟကျွန်ုပ်လို့ကိုယ်တိုင်ပင်မိုက်မဲခြင်း၊ မနာခံခြင်း၊ ရူးမိုက် ခြင်းလို့ဝိုပြုလုပ်တတ်ကြပင်း အပျော်အပါးလေနဲ့အလိုဆန္ဒအမျိုးမျိုးလို့ဝိုမစဉ်းစားမတွေးခေါ်ဟဲပြုလုပ်တတ်ကြ အယ်။ ကျွန်ုပ်လို့ဟမကောင်းမှုလေနဲ့မနာလိုမှုလေဟဲရှိကြနင်း။ သူတဖက်သားဟကျွန်ုပ်လို့ဝိုမုန်းသဟဲ့ဝို့ ကျွန်ုပ်လို့ ဟဟဲ လူတဖက်သားဝိုမုန်းတတ်ကြနင်း။ 4 5 4 ကျွန်ုပ်လို့ဝိုကယ်တင်တော်မူဟော ဖရားရှင်ဟကျွန်ုပ်လို့ အပေါ်ထားရှိဟဲ့ ဂရုဏာတော်၊ မေတ္တာတော်လေကီးမြတ်ကြောင်းဝိုပေါ်လွင်ထင်ရှားစေတော်မူလေနင်း။ 5 ကျွန်ုပ်လို့ဟဲ့မပျက်ယွင်း ဟောသစ္စာရှိမှု၊ ကျွန်ုပ်လို့ဟဲ့သူတော်ကောင်းဖြစ်ခြင်းဝို့မဟုတ်ဘဲဖရားရှင်ဟဲ့မဟာဂရုဏာတော်ဖြင့်သာကယ်တင် ခြင်းဖြစ်စာအယ်။ ဖရားဝိညာဉ်တော်လေဖြင့်ကျွန်ုပ်လို့ဟဲ့အပြစ်လေဝိုဆေးကြောသန့်စင်ပေးတော်မူပင်းကျွန်ုပ်လို့ဝို အစပြန်လည်မွေးဖွားစေတော်မူစာနင်း။ 6 7 6 ဖရားဟကျွန်ုပ်လို့ဟဲ့ကယ်တင်ရှင်ကိုယ်တော် ‘ယေရှု’ ဝိုစေလွှတ်တော်မူ ပင်းသူဟဲ့မြင့်မြတ်ဟောဝိညာဉ်တော်ဝိုကျွန်ုပ်လို့အတွက်ရက်ရက်ရောရောပေးအပ်တော်မူခဲ့လေအယ်။ 7 ကိုယ်တော် ‘ယေရှု’ ဟဲ့ကျေးဇူးတော်ဖြင့်ဖရားရှင်ဟဲ့ဉာဏ်အလင်းတော်ဟကျွန်ုပ်လို့အပေါ်သက် ရောက်စေပင်း “နိစ္စထာဝရအသက်” ဟဲဟူဟောမျှော်လင့်ချက်လေရှိလာခဲ့အယ်။ 8 8 ဟေမင်္ဂလာသတင်းဝိုယုံကြည်စိတ်ချကြနောင်း။ ဟေဆုံးမ သွန်သင်ချက်လေဟလူတိုင်းဝိုအကူအညီဖြစ်စေပင်းအဖိုးတန်အသုံးဝင်လှလေနင်း။ ကျွန်ုပ်ဟနင်လို့ဝိုဖရားရှင်ဟဲ့ တပည့်တော်လေဖြစ်စေဝို့အတွက်အပြင်းအထန်လိုလားစာနင်း။ ဖရားရှင်ဝိုယုံကြည်ဟောသူအပေါင်းလို့ဟကောင်းဟောအမူအကျင့်လေ၊ ကောင်းမှုကုသိုလ်လေဝိုသာပြုကြစာမှာအမှန်ပင်ဖြစ်စာနင်း။ 9 10 11 9 အကြောင့်ဝို့ဘိုးဘေးစဉ်ဆက် အကြောင်းတရားလေနဲ့ ဘာသာရေးပညတ်တော်လေအတွက်မိုက်မဲစွာငြင်းခုံခြင်း လေဝိုရှောင်ကြည်နောင်း။ 10 ပြဿနာရှာသူလေဝိုတကြိမ် (သို့မဟုတ်) နှကြိမ်သတိပေးနင်း။ ဟေဝို့သတိပေးပင်းနောက်ဟေသူလို့နဲ့ နောက်ထပ် မဆက်ဆံပါနဲ့။ 11 သူလို့ဟသမ္မာတရားဟရှောင်ခွာပင်းအပြစ်တရားလေဝိုကိုယ်တိုင်ကိုယ်ကျပြုမူစီရင်ကြလေအယ်။ 12 13 12 ‘အာတေမ’ (သို့မဟုတ်) ‘တုခိတ်’ ဝိုနင်လို့ထံဝို့စေလွှတ်ပင်း ကျွန်ုပ်စီစဉ်နေ နင်း။ သူရောက်လာဟဲ့အခါ ‘နိကောပလိ’ မြို့ဟကျွန်ုပ်ဝိုတွေ့ဆုံဝို့ကျေးဇူးပြုပင်းကြိုးစားကြအယ်။ ဟေနေရာဟဆောင်းကာလဝိုကုန်လွန်ဟယ်အထိနေထိုင်ပင်းဆုံးဖြတ်ထားလေနင်း။ 13 ရှေ့နေဖြစ်သူ ‘ဇန’ နဲ့ ‘အာပေါလု’ လို့ခရီးထွက်ခွာဟဲ့အခါလိုလေသေးမရှိအောင်အစွမ်းကုန်ကူညီအယ်။ 14 14 မိမိလို့လူလေဝို တန်ဖိုးရှိဟောအချိန်လေဟ အကျိုးရှိအောင်အသုံးပြုပင်းဆုံးမသွန်သင်နင်း။ အရေးပေါ်အကူအညီလိုအပ်နေသူလေဝိုချက်ချင်းကူညီအယ်။ ကောင်းဟောအမှုဟမွေ့လျော်စေဝို့ဆုံးမသွန်သင်အယ်။ 15 15 ဟေနေရာဟရှိဟဲ့လူအားလုံးအပေါင်းဝို နှုတ်ခွန်းဆက်သလေနင်း။ နင်လို့အားလုံးအပေါ်ဖရားရှင်ဟဲ့ဂရုဏာတော်၊ မေတ္တာတော်လေဆက်လက်သက်ရောက်စေဝို့ ဆုမွန်ကောင်းတောင်းလိုက်လေဟယ်။