အခန်း (၁)

1 2 3 1 ဖရားရှင်ဟဲ့အစေခံ ‘ပေါလု’ ထံဟ ‘တိတု’ ထံဝို့စာရေးလိုက်ပါအယ်။ ကျွန်ုပ်ဟကိုယ်တော် ‘ယေရှု’ ဟဲ့တပဲ့တော် တယောက်လည်းဖြစ်နင်း။ ဖရားရှင်ရွေးကောက်တော်မူဟဲ့လူဟေဟ ဖရားရှင်ဝိုပိုဝိုယုံကြည်သက်ဝင်လာစေဝို့အ တွက်ဆုံးမသွန်သင်ဝို့ကျွန်ုပ်ဝိုအဖဖရားရှင်ဟစေလွှတ်တော်မူခဲ့လေအယ်။ 2 ဟေကပ်ကမ္ဘာမတိုင်မှီဟပင်ဖရားရှင် ဟ ကျွန်ုပ်လို့ဟာနိစ္စထာဝရအသက်ဝိုအဟုတ်တတ်ရရှိကြပါလိမ့်စာဝို့ဗျာဒိတ်တော်ပေးခဲ့လေအယ်။ ဖရားရှင်ဟ လိမ်ညာမုသားပြောဆိုခြင်းဟကင်းစင်တော်မူလေနင်း။ 3 အကြောင့်ဝို့အချိန်တန်ဟင်ဟေမင်္ဂလာတရားတော်လေ ဝိုဟောကြားပင်းကျွန်ုပ်ဝိုယုံကြည်စွာမှာကြားခဲ့လေအယ်။ ကျွန်ုပ်လို့ဝိုကယ်တင်တော်မူဟောဖရားရှင်ဟဲ့ပညတ် တော်လေဝိုထုတ်ဖော်ဟောကြားဝို့ဟဲမိန့်တော်မူခဲ့လေနင်း။ 4 5 4 ‘တိတု’ နင်ဟကျွန်ုပ်ဟဲ့ယုံကြည်ချက်အတိုင်းယုံကြည်သူဖြစ်ပင်းကျွန်ုပ်ဟဲ့သားအရင်းဟဲ့ဝို့ပါချစ်ခင်ရဟဲ့ဝို့ဟေစာဝိုနင့်ထံဝို့ရေးသားလိုက်ရခြင်းဖြစ်အယ်။ ကျွန်ုပ်လို့ ဟဲ့အဖဖရားရှင်နဲ့ကျွန်ုပ်လို့ဟဲ့ကယ်တင်ရှင် ‘ယေရှု’ ခရစ်တော်ဝိုဟဲ့နင်လို့အပေါ်ဟငြိမ်းချမ်းခြင်းကောင်းချီးမင်္ဂလာ သက်ရောက်စေသတည်။ 5 ကျွန်ုပ်ဟ ‘ကရေတေ’ ကျွန်းတွင်နင့်ဝိုချန်ထားခဲ့ရခြင်းရည်ရွယ်ချက်ဟ မြို့တိုင်းတွင်ရှိဟဲ့အသင်းတော်လေအတွက်သင်းအုပ်ဆရာလေခန့်ထားနိုင်ဝို့နဲ့ကျွန်ုပ်မဆောင်ရွက်နိုင်ခဲ့ဟာလေဝိုပါဆက်လက်ဆောင်ရွက်နိုင်ဝို့အတွက်ပင်ဖြစ်အယ်။ 6 7 6 အသင်းခေါင်းဆောင်ခန့်အပ်ရာဟကောင်းဟောဂုဏ်သတင်းနဲ့ပြည့်စုံသူဖြစ်ပင်း အိမ်ထောင်ရေးဟာသစ္စာရှိပင်း တလင်တမယားစနစ်ကျင့်သုံးသူလေဖြစ်ရနင်း။ ဟေသူလို့ဟဲ့သားသမီးလို့ ဟဖရားရှင်ဝိုယုံကြည်သက်ဝင်ပင်းမိဘဟဲ့ဆိုဆုံးမမှုဝိုမနာခံဘဲရိုင်းစိုင်းသူလေမဖြစ်နဲ့။ 7 အသင်းတော်ဝိုခေါင်း ဆောင်သူဟဖရားအမှုတော်ဝိုစီမံခန့်စွဲဆောင်ရွက်ရဟဲ့ကီးကြပ်သူဖြစ်ပင်းနံမယ်ကောင်းရှိသူဖြစ်ရအယ်။ သူလို့ဟ စိတ်ဆိုးလွယ်သူ၊ မောက်မာသူ၊ သေရေသောက်ကျူးသူ၊ ခိုက်ရန်ဖြစ်ပွားသူ၊ လောဘကြီးသူမဖြစ်စေနဲ့။ 8 9 8 ဟေဟဲ့ဝို့ ဟောလူမျိုးဖြစ်ရဟဲ့အစားသူလို့ဟ ဧည့်သည်လေဝို့နွေးထွေးပျူငှာစွာဖြင့်ကြိုဆိုပင်းဧည့်ဝတ်ကျေပွန်သူဖြစ်ရအယ်။ မိတ်ဆွေကောင်းပီးသရအယ်။ ဟေသင်းအုပ်ဆရာလို့ဟပညာသတိနဲ့ပြည့်စုံပင်းရိုးသားဖြောင့်မတ်သူ၊ ဖရား ဝတ်ဟမွေ့လျော်သူ၊ မိမိကိုယ်ကိုထိန်းချုပ်နိုင်သူဖြစ်ရအယ်။ 9 အသင်းတော်ခေါင်းဆောင်လေဟသမ္မတရားတော်လေဝိုလက်စွဲကိုင်ပင်းဟောပြောသွန်သင်သူလေဖြစ်ရအယ်။ အကြောင့်ဝို့အသင်းတော်ခေါင်းဆောင်လေဟလမ်းလွဲနေသူတိုင်းဝိုကူညီဖေးမပင်းလမ်းမှန်ဝိုတည့်မတ်ပေးရအယ်။ 10 11 10 ဟေတရားလေဝိုဆန့်ကျင်ဟာအကျိုးမဲ့ဟောစကားလေဟဲ့လိမ်ညာလှည့်ဖျားတတ်သူလေ၊ အများအပြားရှိကြအယ်။ အထူးသဖြင့်ဟေကဲ့ဝို့ဟောသူလေဟ ‘မေရှိယ’ ဟဲ့နောက်လိုက်တပဲ့တော်လေအားလုံးဝိုအရေများဖြတ်ရန်ဟာတတ်ကြနင်း။ 11 အကြောင့်ဝို့ သူလို့ဝိုဟေကိစ္စရပ်လေဝိုမပြောဝို့တားမြစ်ရအယ်။ သူလို့ဟအရှက်တကွဲအကျိုးနည်းမျိုးဖြစ်စေဟဲ့မသွန်သင်သင့်ဟောကိစ္စရပ်လေဝိုသင်ကြားဟဲ့အတွက်မိသားစုတခုလုံးယုံကြည်မှုလေပျက်ယွင်းကြရအယ်။ 12 13 12 ပညာရှိပရောဖက်တဉီးဟ “ကရေတ ကျွန်းသားလို့ဟာအမြဲတမ်းလိမ်လည်တတ်ကြနင်း။ တောရိုင်းတိရိစ္ဆာန်လေဟဲ့ဝို့အစားကြူးပင်းပျင်းရိသူ လေဖြစ်ကြနင်း” ဝို့တခါတုန်းဟမိန့်ဆိုခဲ့ဖူးလေအယ်။ 13 ဟေအဆိုအမိန့်ဟအမှန်ပင်ဖြစ်လေအယ်။ 14 14 ဟေဝို့ပျင်းရိသူလို့အားဖရားဝိုယုံကြည်မြတ်နိုးပင်းယုံကြည်ချက်ခိုင်မာစေဝို့ နိုးဆော်ပေးရအယ်။ ဟေပညာမဲ့သူ ‘ယုဒ’ လူမျိုးလို့ ဟဲ့ဒဏ္ဍာရီပုံပြင်လေနဲ့လူလို့ပြုပြင်ပြောင်းလဲထားဟောပညတ်တရားတော်လေဝိုအာရုံမစိုက်ကြပါနဲ့။ ဟေအရာလေဟသမ္မာတရားလေဝိုလိုက်နာခြင်းမရှိဟောသူလေဟဲ့ပြုပြင်ပြောင်းလဲထားဟောပညတ်တော်လေသာဖြစ်အယ်။ 15 16 15 သူတော်စင်လို့ဟဲ့စိတ်နှလုံးဟသန့်ရှင်းစင်ကြယ်ဟဲ့ဝို့ ဟေသူလို့အတွက်အရာရာဟသန့်ရှင်းစင်ကြယ်နင်း။ အကြောင့်ဝို့ကိုယ်ကျင့်တရားပျက်ပြားပင်းဖရားရှင်ဝိုမယုံကြည်ဟောသူလို့အတွက်မစာအရာမျှသန့်စင်ခြင်းမရှိဝူး။ ဟေသူလို့ဟဲ့စိတ်နှလုံးသားနဲ့ ဟီရိဩတ္တပတရားနမျိုးစလုံးပျက်စီးရနင်း။ 16 သူလို့ဟနှုတ်အားဟဲ့ဖရားဝိုကြည်ညိုပင်းလက်တွေ့မှာကား ဖရားဝိုဆန့်ကျင်သူလေဖြစ်ကြအယ်။ ဟေဟဲ့ဝို့ဟောသူလို့ဟစက်ဆုပ်ရွံ့ရှာဖွယ်ကောင်းဟောသူလေဖြစ်ကြဟယ်။ ဟေသူလို့ဟဖရားရှင်ဟဲ့ဩဝါဒလေဝိုမလိုက်နာဝို့ကောင်းမှုတစုံတခုဝိုပင်ပြုလုပ်ဝို့ပင် မသင့်တော်ဟောသူလေဖြစ်ကြဟယ်။